တစ်နှစ်အတွင်း တစ်ဒေါ်လာ ၁၀ဝ ကျပ်တက် - Property News in Myanmar from iMyanmarHouse.com
3382 Views

တစ်နှစ်အတွင်း တစ်ဒေါ်လာ ၁၀ဝ ကျပ်တက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာလဲနှုန်းသည် ၂၀၁၆
ခုနှစ် အောက်တိုဘာလ ပထမပတ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ
ပထမပတ်အထိ တစ်နှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၀ဝ ကျပ်
မြင့်တက်ကြောင်း ဗဟိုဘဏ်၏ ငွေလဲနှုန်း သတ်မှတ်ချက်များအရ
သိရသည်။

ပြင်ပ ဒေါ်လာဈေးနှုန်းမှာမူ ယခင်နှစ်ကထက် တစ်ဒေါ်လာလျှင် ၇၅ ကျပ် မြင့်တက်ပြီး ယမန်နှစ် အောက်တိုဘာ ကာလအတွင်းက အမေရိကန်ဒေါ်လာ ဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ ပူးပေါင်း၍ အဖြေရှာမှုများပင် ပြုလုပ်ခဲ့ရသော်လည်း ယခုအခါ ယခင်နှစ် စံချိန်တင် ဈေးထက် များစွာ မြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာဈေးများ မြင့်တက်ခြင်းနှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဘဏ်များက ဝိုင်းဝန်း အဖြေရှာရန်နှင့် ငွေရေးကြေးရေး လုပ်ငန်းရှင်များ ဒေါ်လာဈေး ဝင်မကစားရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ယင်းကာလအတွင်း အမေရိကန် ဒေါ်လာဈေးကွက်မှာ အလှုပ်ခတ်ဆုံးဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် မြန်မာ့ကျပ်ငွေ ဈေးနှုန်းမှာ ကျဆင်း၍ ဒေါ်လာဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

လက်ရှိ ငွေကြေး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာလျှင် ၁ ကျပ်မှ ၅ ကျပ်ဝန်းကျင်ခန့် အတက်အကျသာ ဖြစ်ပေါ်၍ အရောင်းအဝယ် ပုံမှန် ဖြစ်ပေါ်လျက်ရှိပြီး ခရီးသွား ရာသီဖြစ်သည့်အတွက် အရောင်းအဝယ် ကောင်းမွန်ကာ ဈေးနှုန်း လှုပ်ခတ်လာနိုင်ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။

ဒေါ်လာဈေးကွက်အတွင်း ထူးခြားမှု တစ်ခုအနေနှင့် ယခင်နှစ်များက ဗဟိုဘဏ် သတ်မှတ်ဈေးသည် ပြင်ပဒေါ်လာ ဈေးအောက် လျော့ကျသတ်မှတ်လေ့ ရှိသော်လည်း လက်ရှိ ဗဟိုဘဏ် ဒေါ်လာဈေးက ပြင်ပ ဒေါ်လာဈေးထက် တစ်ဒေါ်လာလျှင် ၁၀ ကျပ် ပိုမို များပြားလျက်ရှိသည်။

အမေရိကန် ဒေါ်လာဈေးနှုန်းများသည် ယခင်နှစ်က ဗဟိုဘဏ်ဈေးနှုန်းသည် တစ်ဒေါ်လာလျှင် ၁၂၆၀ ကျပ်မှ ယခုအခါ ၁၃၆၀ သို့လည်းကောင်း၊ ပြင်ပ ဒေါ်လာဈေးနှုန်းသည် ယခင်နှစ်က တစ်ဒေါ်လာလျှင် ၁၂၇၅ ကျပ်မှ ယခုအခါ ၁၃၅၀ သို့လည်းကောင်း မြင့်တက်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service