သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2767 Views

သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သမိုင်းပညာရှင်တို့က သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီးသည် နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး အမေရိကန်တော်လှန်ရေးအပါအဝင် စစ်ပွဲကြီးပေါင်း ၈ ခု ကြုံတွေ့ခဲ့ရပြီး အမေရိကန်သမ္မတပေါင်း ၄၅ ဆက်ကို ဖြတ်သန်းခဲ့သည့် နေအိမ်ကြီးဖြစ်သည်။
မှတ်တမ်းများအရ ၁၆၈၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်ဟု ဆိုသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ မစ်ဒယ်လ်ဆက်စ်ခရိုင်၊ ဘော့စ်တွန်မြို့၏ အနောက်မြောက်ဘက် ၃ ဒသမ ၂ မိုင်အကွာရှိ မက်ဖို့ဒ် မြို့ကလေးတွင် တည်ရှိသည်။
၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၆၁၇၃ ဦးရှိသည်။
နေအိမ်မှာ တောင်ကုန်းငယ်တစ်ခုထိပ်တွင် တည်ရှိပြီး ကြမ်းခင်းဧရိယာ ၂၆၄၀ စတုရန်းပေ ရှိသည်။

မကြာသေးမီကမူ အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယာဉ်ဝင်လမ်းသစ်တစ်ခု ပြန်လည်ဖောက်လုပ်လျက်ရှိနေခဲ့သည်။
သို့ရာတွင် အိမ်ရှင်တို့မှာ ဝယ်လက်ရှာတွေ့လိုနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် လူဝီစီ အိုက်ဗားစ်က ပြောကြားသည်။
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၁ ခန်း ပါဝင်ပြီး အခန်းအများစုတွင် မီးလင်းဖိုများ ပါဝင်ကြသည်။

ပြတင်းပေါက်များမှာ Nine-over-nine ပြတင်းဟု ခေါ်သည့် မှန်ကွက် ၁၈ ခုပါ ပြတင်းများ ဖြစ်ကြသဖြင့် လေနှင့်အလင်း ဝင်ရောက်မှု ကောင်းမွန်စွာရရှိနိုင်သည်။

ရာသီဥတုမပွင့်လင်းသည့်အချိန်များတွင် နေအိမ်တွင်းရှိ မီးလင်းဖို ၇ ခုမှ အလင်းရောင်ဖြင့် နေအိမ်တစ်ခုလုံးကို ကောင်းစွာ အလင်းပေးနိုင်သည်။
မက်ဖို့ဒ်မြို့တွင်ပင် မိသားစုပိုင် အုတ်ဖိုတစ်ခုတည်ရှိရာ အဆိုပါအုတ်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ဆင်မြူရယ် လောရင့်စ်က ပိုင်ဆိုင်ခဲ့ပြီး နေအိမ်အတွင်းပိုင်းများကို ပြန်လည်မွမ်းမံခဲ့ကာ တူမဖြစ်သူအတွက် လက်ဖွဲ့အဖြစ် ပေးအပ်ခဲ့သည်။
နေအိမ်နံရံများထူထဲခြင်း၊ အနောက်ဘက်နှင့် ရှေ့မျက်နှာစာတို့တွင် သေနတ်ပစ်ပေါက်ကဲ့သို့ အပေါက်ငယ်များ ထည့်သွင်းထားသည်ကို တွေ့ရခြင်းကြောင့် “ခံတပ်” ဟုလည်း နာမည်ပေးထားကြသည်။

၁၉ ရာစုကုန်ပိုင်းမှ ပြီးခဲ့သည့် ၂၀ ရာစုသို့ အကူးတွင် နယူးအင်္ဂလန်ရှေးဟောင်းလက်ရာများထိန်းသိမ်းရေးအဖွဲ့ (SPNEA) က ဝယ်ယူလိုက်ပြီး နှစ်ပေါင်း ၅၀ ခန့် ထိန်းသိမ်းထားခဲ့သည်။
နောက်ဆုံးတွင်မူ မက်ဖို့ဒ် သမိုင်းနှင့် ပြတိုက်အဖွဲ့ (MHSM) က ၁၉၈၀ ပြည့်နှစ်တွင် ဝယ်ယူလိုက်သည်။

MHSM မှ ဥက္ကဌ ဂျွန်အန်ဒါဆန်၏ ပြောကြားချက်အရ ယင်းနေအိမ်ကို တစ်လချင်းပေးစနစ်ဖြင့် အငှားချထားခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
သမိုင်းပညာရှင်တို့၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service