ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
6433 Views

ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး

အင်္ဂလိပ်ရေလက်ကြားအနီး ပြင်သစ် နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းမှ Equihen Plage ရွာလေးသည် လူဦးရေ ၃၀၀၀ ရှိ သည့် ပင်လယ်ကမ်းခြေရွာငယ်လေးဖြစ် သည်။

၂၀ ရာစုအစောပိုင်းက တည်းကရှိခဲ့ သောရွာလေးသည် တံငါရွာလေးဖြစ်ပြီး ငါးဖမ်းလှေများကို သစ်လုံးဖောင်များပေါ် တင်ပြီးမှ ပင်လယ်ထဲသို့ လျှောချရလေ့ရှိ သည်။ ယနေ့ခေတ်တွင် Equihen Plage ရွာလေးသည် တံငါလှေကြီးများကိုမှောက် ၍ဆောက်လုပ်ထားသည့် နေအိမ်များ ကြောင့်လူသိများသည်။

ရှေးယခင်ကတည်းက ပင်လယ်ထဲသို့ ထွက်ရန်မသင့်တော် တော့ဘဲ သက်တမ်းရင့်နေသည့် ငါးဖမ်း လှေကြီးများကို ကုန်းပြင်မြင့်သို့ဆွဲယူလာကာ မှောက်၍နေအိမ်အဖြစ် ပြောင်းလဲခဲ့ကြသည်။

လှေ၏ကိုယ်ထည်သည် အိမ်ခေါင်မိုးဖြစ်လာပြီး မိုးရေလုံအောင် လှေ၏ကြမ်းကိုကတ္တရာစေးများ သုတ်ကြသည်။ဘေးထွက်တွင် အဝင်အထွက်အတွက် တံခါးပေါက်နှစ်ပေါက်နှင့် လေနှင့်အလင်း ရောင်အတွက် ပြတင်းပေါက်များဖောက် ကြသည်။

လှေကြီးများ၏အတွင်းပိုင်းတွင် အခန့်ကန့်ခြင်းမရှိဘဲ အခန်းအကျယ်အ ဖြစ်သာအသုံးပြုကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက လှေအိမ်များအားလုံးနီးပါး ဖျက်ဆီးခံခဲ့ရသော်လည်း ယနေ့အချိန်အထိ အမွေအနှစ်များက ကျန်ရှိနေဆဲဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် Equihen Plage ရွာလေးသည် ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်နိုင်ရန် လှေအိမ်အချို့ကို ပြန်လည်ပြုပြင်ခဲ့ကြပြီး ခေတ်မီအိမ်အသုံးအ ဆောင်ပစ္စည်းများ ထည့်သွင်းထားခဲ့ကြ သည်။ ယခုအခါ ၎င်းလှေအိမ်များကို ခရီး သွားများအား ငှားရမ်းနေထိုင်ခွင့်ပေးနေကြောင်းသိရသည်။

Credit: Pyi Myanmar
ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com
ပင်လယ်ထဲမထွက်နိုင်တော့သည့် လှေကြီးများကိုမှောက်၍ နေအိမ်များဆောက်လုပ်နေထိုင်သော ပြင်သစ်ရွာလေး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service