CB ဘဏ်က SME Center များ နိုင်ငံအနှံ့ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
3096 Views

CB ဘဏ်က SME Center များ နိုင်ငံအနှံ့ဖွင့်မည်

CB ဘဏ်၏ ပထမဦး ဆုံး SME Center ကို ရန်ကုန်မြို့ သီရိမွန်ပလာဇာဘဏ်ခွဲတွင် စက်တင်ဘာ ၁၅ ရက်က ဖွင့်လှစ်ပြီး မန္တလေးမြို့နှင့် နေပြည်တော်၌ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း CB Bank ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နော်အယ်ဖောက ပြောကြားသည်။

နေပြည်တော်နှင့် မန္တလေး မြို့တွင် SME Center ဖွင့်လှစ်ရန် ဝန်ထမ်းနှင့်နေရာ အဆင်သင့်ဖြစ် နေပြီး စီးပွားရေး ဈေးကွက်အနေ အထားပေါ်မူတည်၍ CB ဘဏ် ရုံးခွဲရှိသည့် မြို့များ၌ ထပ်မံဖွင့် လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘SME လုပ်ငန်းတွေ အောင် မြင်မှသာ နိုင်ငံရဲ့ စီးပွားရေး အောင်မြင်မယ်လို့ နိုင်ငံတော်အ တိုင်ပင်ခံ ပြောခဲ့ပြီးသားပါ။ ဘဏ်ကနေ ချေးငွေလုပ်ငန်းကို လုပ် ဆောင်ရာမှာ ငွေကြေးအထောက် အပံ့အများကြီးထုတ်ချေးခဲ့ပြီးပါ ပြီ’’ဟု ဒေါ်နော်အယ်ဖောက ပြောသည်။SME Center များကို နေရာ အနှံ့ဖွင့်လှစ်ခြင်းဖြင့် နေရာအနှံ့ရှိ အသေးစား၊ အလတ်စားလုပ် ငန်းရှင်များ ချေးငွေကို ပိုမိုလွယ် ကူစွာ ရယူနိုင်ပြီး ချေးငွေနှင့်ပတ် သက်သည့် သိမှတ်ဖွယ်ရာ ဆွေး နွေးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်နှင့် မုံရွာ စသည့်မြို့တို့တွင် ပြု လုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အရင်တုန်းကတော့ အ သေးစား၊ အလတ်စား လုပ်ငန်း ရှင်တွေကို ဘဏ်တွေက ငွေသိပ် ချေးမပေးကြပါဘူး။ နောက်ပိုင်း တော့ CB ဘဏ်က အများဆုံး ချေးငွေပေးတဲ့ ဘဏ်တစ်ခုဖြစ်လာပါတယ်။ နောက် ကမ္ဘောဇဘဏ်ကလည်း နည်းနည်းချေးပေးနေတာ ရှိပါတယ်’’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ညွှန်ကြားရေးမှူး ဒေါ်နီနီသန်းက ပြောသည်။ ဂျာမနီနိုင်ငံအခြေစိုက် KFW Development Bank က CB ဘဏ်ကို အသေးစား၊ အလတ်စားချေးငွေ လုပ်ငန်းများအတွက် ငွေကြေးနှင့် နည်းပညာအကူအညီများ ပေးနေသည်။

လက်ရှိတွင် အသေးစား၊ အလတ်စား လုပ်ငန်းရှင် ၁,၃၀၀ ကျော်ကို ကျပ်ဘီလီယံ ၃၀၀ ကျော်ချေးငွေပေးပြီးဖြစ်ကာ အမျိုးအစား ပေါ်မူတည်၍ အတိုးနှုန်းထား အမျိုးမျိုးရှိပြီး အများဆုံးကျပ်သိန်း ၁,၀၀၀ အထိ ချေးပေးနေကြောင်း ဒေါ်နော်အယ်ဖောက ဆိုသည်။

ဘဏ်တွင် အသေးစား၊ အ လတ်စားချေးငွေရယူရန် လျှောက်ထားလိုသူများအနေဖြင့် အနည်း ဆုံးလုပ်ငန်းသက်တမ်း ၂ နှစ်ရှိရ မည်ဖြစ်ပြီး စီမံကိန်းအတွက် ချေး ငွေအသုံးချရန် ရည်ရွယ်ထား သည့် လုပ်ငန်းစဉ် အသေးစိတ်စာရင်းလိုအပ်မည်ဖြစ်သည်။

ချေးငွေအမျိုးအစားအ လိုက် သက်တမ်း တစ်နှစ်မှ ငါးနှစ်အထိ ရရှိနိုင်ပြီး အာမခံပစ္စည်းအနေဖြင့် မြေနှင့် အဆောက်အအုံအမျိုးအစား (သို့မဟုတ်) မြန်မာ့အာမခံလုပ်ငန်း၏ ချေးငွေအာမခံလိုအပ်မည်ဖြစ်သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service