အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
3021 Views

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ နာမည်ကျော် Capitol Hill အဆောက်အအုံကြီး တည်ရှိရာ ပန်ဆယ်လ်ဗေးနီးယားရိပ်သာလမ်းမကြီးအတိုင်း အေနာကော့စတီယာမြစ်ကို တံတားပေါ်မှ ဖြတ်သွားလျှင် ဦးစွာတွေ့ရမည်မှာ ဖဲရ်လွန်းလမ်း ဖြစ်သည်။
ယင်းနောက် မင်နီဆိုးတားရိပ်သာလမ်း၊ ထိုမှဆက်သွားလျှင် ၂၇ လမ်း SE သို့ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ ၂၇ လမ်းပေါ်တွင် ၃ ထပ်တိုက် အဆောက်အအုံတစ်လုံးတည်ရှိပြီး ထိုတိုက်မှ အခန်းတစ်ခန်းကို ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ များစွာအံ့အားသင့်ဖွယ်ရာပင်ဖြစ်သည်။

(အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၅၁ ကျပ်-စက်တင်ဘာ ၁၃ ရက်ငွေလဲနှုန်းအရ)
ထိုဒေသတစ်ခွင်တွင် ငှားရမ်းခပင်မရှိသည့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ များစွာအံ့အားသင့်ဖွယ်ရာပင် ဖြစ်၏။
တိုက်ခန်းအကျယ်အဝန်းမှာမူ စတုရန်းပေ ၅၈၀ ခန့်သာရှိပြီး အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းသာ ပါဝင်သည်။
ယင်းတိုက်ခန်းကို ကြော်ငြာတင်စဉ်က ဖြစ်နိုင်ပါမည်လောဟူသည့် မေးခွန်းများ ထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ အကျိုးဆောင်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုများစွာရှိခဲ့သည်။

သက်ဆိုင်ရာအိမ်ခြံမြေအကျိုးဆောင်က ယင်းတိုက်ခန်းအမှန်တကယ်တည်ရှိကြောင်း၊ ဒေါ်လာ ၁၄၉၀ ဖြင့် တရားဝင်ရောင်းချခြင်းဖြစ်ကြောင်းများ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ရ၏။
မကြာမီတွင်ပင် အဆိုပါတိုက်ခန်း ရောင်းထွက်သွားခဲ့သည်။

“၂၀၁၀ ပြည့်နှစ်မှာ ဒီအဆောက်အအုံမှာ ငှားနေတဲ့သူတွေအားလုံးစုပေါင်းပြီး သမဝါယမအဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်ကြတယ်။ ပြီးတော့ ပိုင်ရှင်ဆီကနေ စုပေါင်းဝယ်လိုက်ကြပါတယ်။ လိုအပ်တဲ့ချေးငွေကို ကိုလံဘီယာ အိမ်ရာနှင့် လူ့အသိုက်အဝန်း ဖွံ့ဖြိုးရေးဌာန ကနေ အတိုးနှုန်းနည်းနည်းနဲ့ ယူခဲ့ကြတယ်” ဟု ဝါရှင်တန်ဒီစီရှိ ဥပဒေအဖွဲ့အစည်းတစ်ရပ်ဖြစ်သော Neighborhood Legal Services Program မှ ရှေ့နေတစ်ဦးဖြစ်သူ အီဗာ ဆိုင်ဒဲလ်မန်းက ပြောကြားသည်။

သမဝါယမအခန်းများအဖြစ်ပြောင်းလဲကာ ရေရှည်အတွက် တန်ဖိုးနည်းလူနေခန်းများဖြစ်စေရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

ယင်းအဆောက်အအုံတွင် နေထိုင်မည့်သူတို့သည် လစဉ် အဆောက်အအုံ ပြုပြင်စရိတ်ပေးရန်တာဝန်ရှိသည်။ကန်ဒေါ်လာ ၁၄၉၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် ယခုအခန်းဝယ်ယူသူသည် လစဉ်စုစုပေါင်း ပြုပြင်ထိန်းသိမ်းစရိတ် ကန်ဒေါ်လာ ၁၀၀၀ ခန့် ပေးဆောင်ရမည် ဖြစ်သည်။

ဝယ်ယူသူသည် ကန်ဒေါ်လာ ၁၄၉၀ ကို ငွေသားဖြင့်ပေးချေခဲ့ရပြီး ပွဲစားခနှင့် တိုက်ခန်းလွှဲပြောင်းမှုဆိုင်ရာ အခကြေးငွေများ ပေးဆောင်ခဲ့ရသည်။
သို့ရာတွင် အဆိုပါဒေသ၏ အိမ်ငှားခမှာ အနည်းဆုံး တစ်လလျှင် ကန်ဒေါ်လာ ၁၉၀၀ ခန့်ရှိပြီး ဝယ်ယူမည်ဆိုပါက ကန်ဒေါ်လာ ၅၇၀၀၀၀ ခန့်ရှိသောကြောင့် ယခုအရောင်းအဝယ်မှာ ကုန်ကျစရိတ်နည်းပါးစွာဖြင့် နေအိမ်ခန်းတစ်ခန်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် တိုက်ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၄၉၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service