ဒူဘိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ကမ္ဘာပေါ်တွင် ကွန်ကရိအများဆုံး အဆက်မပြတ်သွန်းလောင်းမှု ဂင်းနက်စ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
2735 Views

ဒူဘိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ကမ္ဘာပေါ်တွင် ကွန်ကရိအများဆုံး အဆက်မပြတ်သွန်းလောင်းမှု ဂင်းနက်စ်စံချိန်တင်

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်း၏ အနောက်တောင်ဘက် ဂျဘဲ အလီအရပ်ရှိ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသည် ကမ္ဘာပေါ်တွင် ကွန်ကရိအများဆုံး အဆက်မပြတ်သွန်းလောင်းသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အဖြစ် ဂင်းနက်စ်စံချိန်တင်လိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဂျဘဲလ် အလီသည် ဒူဘိုင်းမြို့လယ်၏ အနောက်တောင်ဘက် ၂၂ မိုင်အကွာတွင် တည်ရှိသည့် ပင်လယ်ဆိပ်ကမ်းမြို့ကလေးတစ်ခု ဖြစ်သည်။
အဆိုပါ အဆောက်အအုံဆောက်လုပ်ရာတွင် ကွန်ကရစ် ကုဗမီတာပေါင်း ၂၁၅၈၀ ကို အဆက်မပြတ်သွန်းလောင်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ WAM ကလည်း ထုတ်ပြန်ကြေညာသွားသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တောင်ပိုင်း အယ်လ် ဘာရှာအရပ်တွင် ကြာမြင့်ချိန် ၄၂ နာရီအတွင်း ကွန်ကရစ်ကုဗမီတာပေါင်း ၁၉၇၉၃ အဆက်မပြတ်သွန်းလောင်းမှုဖြင့် ဂင်းနက်စ်စံချိန်တင်ထားခဲ့ရာ ယခုအခါ မိမိတို့စံချိန်ကို ထပ်မံဖြတ်ကျော်လိုက်ခြင်းလည်း ဖြစ်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့မှ စောင့်ကြည့်လေ့လာသူများသည် ဂျဘဲလ်အလီအရပ်တွင် ကွန်ကရစ်သွန်းလောင်းမှုကို တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ယခုအကြိမ်သွန်းလောင်းမှုတွင် ကြာမြင့်ချိန် ၃၅ နာရီ ၁၉ မိနစ်အတွင်း ကွန်ကရစ်ကုဗမီတာ နှစ်သောင်းကျော်သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။
ကွန်ကရစ်သွန်းလောင်းမှုကို ယခုနှစ်မေလ ၁၈ ရက် ည ၇ နာရီ ၂၁ မိနစ်အချိန်တွင် စတင်သွန်းလောင်းခဲ့ပြီး မေလ ၂၀ ရက် နံနက် ၈ နာရီ ၄၆ အချိန်တွင် ပြီးဆုံးခဲ့သည်။

ဂင်းနက်စ်စံချိန်အဖွဲ့၏ ဆုပေးမှုကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
ပျှမ်းမျှသွန်းလောင်းမှုနှုန်းမှာ တစ်နာရီလျှင် ကုဗမီတာ ၆၁၁ ခန့်ဖြစ်ပြီး ယခင်စံချိန်ဟောင်းကို ကျော်ဖြတ်ခဲ့သည်။

ကွန်ကရစ်သွန်းလောင်းမှုတွင် ပန့်ပေါင်း ၁၈ ခု အသုံးပြုခဲ့ပြီး အသင့်ဖျော်ကွန်ကရစ်သယ်ကားများသည် အခေါက်ရေ ၂၆၁၈ ကြိမ် သယ်ယူခဲ့ရသည်။

အလုပ်ချိန်တစ်ခုလျှင် အလုပ်သမားပေါင်း ၅၀၀ ဖြင့် သွန်းလောင်းခဲ့ခြင်းဖြစ်ပြီး စတီးချောင်းတန်ချိန် ၂၇၀၀ အသုံးပြုခဲ့သည်ဟု ဆိုသည်။
စီမံကိန်းလုပ်ငန်းခွင်၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၂၀၆၁၂ ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ကမ္ဘာပေါ်တွင် ကွန်ကရိအများဆုံး အဆက်မပြတ်သွန်းလောင်းမှု ဂင်းနက်စ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service