လော့စ်အိန်ဂျလိမြို့ အရှေ့မြောက်ပိုင်းရှိ အမှတ် ၁၃၄ လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာကို သမ္မတဟောင်း အိုဘားမားအမည်ပေးရန် ကယ်လီဖိုးနီးယားလွှတ်တော်မှ အတည်ပြု - Property News in Myanmar from iMyanmarHouse.com
6088 Views

လော့စ်အိန်ဂျလိမြို့ အရှေ့မြောက်ပိုင်းရှိ အမှတ် ၁၃၄ လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာကို သမ္မတဟောင်း အိုဘားမားအမည်ပေးရန် ကယ်လီဖိုးနီးယားလွှတ်တော်မှ အတည်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အရှေ့မြောက်ပိုင်းရှိ အမှတ် ၁၃၄ လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာကို သမ္မတဟောင်း အိုဘားမားအမည်ပေးရန် ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်မှ အတည်ပြုလိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လမ်းပိုင်းအမည်ပြောင်းရန် ဥပဒေကြမ်းကို ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် အန်သိုနီ ပေါ်တန်တီနိုက တင်သွင်းခဲ့ခြင်းဖြစ်ပြီး “သမ္မတ ဘားရက်-အိတ်ခ်ျ-အိုဘားမား ဖရီးဝေး” ဟု အမည်ပေးမည် ဖြစ်သည်။

လော့စ်အိန်ဂျလိအရှေ့မြောက်ပိုင်းရှိ ပါဆာဒီနာမြို့နှင့် အလုပ်သမားလူတန်းစားအများစု အခြေစိုက်ရာ Eagle Rock မြို့များအကြား သွားလာကြမည့် ယာဉ်မောင်းတို့သည် အမေရိကန်ပြည်ထောင်စုတွင် သမ္မတဘားရက်အိုဘားမားအမည်ရှိ လမ်းပေါ်ဖြတ်သန်းခွင့် ရကြတော့မည် ဖြစ်သည်။

ပေါ်တန်တီနို၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်အရ အဆိုပါလမ်းပိုင်းကို အိုဘားမားအမည်ပြောင်းရန် စိတ်ကူးစတင်ခဲ့သည်မှာ ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဂျွန် ဂါလိုဂလီထံမှ စတင်ခြင်းဖြစ်ကြောင်း၊ Occidental ကောလိပ်တွင် အိုဘားမား ကျောင်းတက်ခဲ့စဉ်ကာလအတွင်း နေထိုင်ခဲ့ဖူးသည့် နေအိမ်ရှေ့တွင် အထိမ်းအမှတ်တံဆိပ်ပြားတစ်ခု တပ်ဆင်ခဲ့ပြီးနောက်ပိုင်း ယခုစိတ်ကူး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုအမည်ပြောင်းလိုက်သည့် လမ်းပေါ်မှတစ်ဆင့် နောင်တစ်ချိန်တွင် သမ္မတဖြစ်လာမည့် အိုဘားမားသည် နေ့စဉ်ကျောင်းသွား၊ ကျောင်းပြန်ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

လမ်းပေါ်မှ ဖြတ်သန်းမည့် ယာဉ်မောင်းများအနေဖြင့် အိုဘားမားအုပ်ချုပ်ခဲ့စဉ်ကာလများကို ထာဝရပြန်လည်အောက်မေ့ သတိရကြတော့မည်ဖြစ်ကြောင်းလည်း ပေါ်တန်တီနိုက ပြောကြားသည်။
ယခုအခါတွင် လမ်းညွှန်ဆိုင်းဘုတ်များ ပြောင်းလဲရန်သာ လုပ်ဆောင်ရန် ကျန်ရှိတော့သည်။

အိုဘားမား၏ အမည်ပြောင်းလဲရန်၊ အမည်ပေးရန် ကြိုးပမ်းမှုမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်သေးချေ။
ပြီးခဲ့သော ဇွန်လအတွင်းကလည်း လော့စ်အိန်ဂျလိမြို့ကောင်စီက လော့စ်အိန်ဂျလိ အနောက်တောင်ပိုင်းရှိ ရိုဒီယိုလမ်းကို အိုဘားမားအမည်ပေးရန် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ဖူးသည်။

ဂျက်ဖာဆင် ဘိုလီဗာ့ဒ်မှ အာလင်တန် အဲဗင်းညုအထိ ဆက်သွယ်ထားသည့် အဆိုပါလမ်းမသည်ယခုအခါတွင် အိုဘားမားဘိုလီဗာ့ဒ်ဟု အမည်တွင်နေပြီ ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service