လူကိုယုံပါ ငွေကြေးနှင့် ပတ်သက်လာလျှင် စောင့်ကြည့်ပါ - Property News in Myanmar from iMyanmarHouse.com
3349 Views

လူကိုယုံပါ ငွေကြေးနှင့် ပတ်သက်လာလျှင် စောင့်ကြည့်ပါ

ယနေ့ခေတ်သမယတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံး ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သည်။ ထို့ ကြောင့် စီးပွားရေးလုပ်ငန်းအများအပြားကိုလည်း လုပ်ငန်းရှင်များက လုပ်ပိုင် ခွင့်များရရှိလာနေပြီဖြစ်သည်။

လုပ်ငန်းများထူထောင်လျှင် ၀န်ထမ်းများလည်းလိုအပ်လာရရှိလာသည့် လုပ် ငန်းများအပေါ်၌ ရင်းနှီးမြှုပ်နှံကြရာတွင် မြန်မာနိုင်ငံသား အများအပြား ရှိသ ကဲ့သို့ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံများလည်း ၀င်လာသည်ကို တွေ့ရ သည်။ လုပ်ငန်းရှင်များသည် ယင်းသို့ရင်းနှီးမြှုပ်နှံရာ၌ လုပ်ငန်းခွင့်တွင် လို အပ်သည့် ၀န်ထမ်းများကို သင့်တော်သည့် ရာထူးအလိုက်ခန့်ထားကြရသည်။

ဝန်ထမ်းများခန့်ထားရာတွင်လည်း မန်နေဂျာ ရုံးအုပ်အကြီးတန်းစာရေး၊ အ ငယ်တန်းစာရေး သည်ဖြင့် အဆင်ဆင့်ခန့်ထားပြီး ဆောင်ရွက်ကြရသည်။ ထိုသို့ရာထူးအလိုက် တာဝန်ထမ်းဆောင်ရသော ပုဂ္ဂိုလ်များသည် လုပ်ငန်း တည်ထောင်သူ သူဌေး၏ ယုံကြည်စိတ်ချရသော သူများဖြစ်ရန်လည်း အထူး လိုအပ်ပါသည်။

သူဌေး၏ လူများ ငွေကြေး အ၀င်အထွက် သတိထား

ထိုသူများသည် "သူဌေး" ကိုယ်စားဆောင်ရွက်ရသူများဖြစ်ကြ၍ လုပ်ငန်းအ တွက် လိုအပ်သော ငွေကြေးများကိုလည်း ကုမ္ပဏီမှ ထုတ်ယူသုံးစွဲခွင့် ရှိကြ သည်။ လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်ပြီးပါက လုပ်ငန်းအသုံးစရိတ်နှင့် ၀င်ငွေထွက်ငွေစာရင်းများကို ရေးဆွဲ၍ ကုမ္ပဏီသို့တင်ပြကြရသည်။

ဤသို့ကမ္ပဏီလုပ်ငန်းအပေါ်တွင် ရိုးသားကြိုးစားလုပ်ကိုင်မှုအပေါ်မူတည်၍ ပိုင်ရှင်သူဌေးကလည်း ပိုမိုယုံကြည်မှုရှိလာပြီး လစာကောင်းကောင်းပေး၍ ဦးဆောင်ရသည့် လုပ်ငန်းများကို ပို၍ပို၍လွှဲအပ်လာကြလေ့ရှိသည့် အချို့ေ သာ လုပ်ငန်းရှင်များမှာ နောင်တွင် လုပ်ငန်းတစ်ခုလုံးလွှဲအပ်ပေးထားသည့် အထိ ယုံကြည်အပ်နှံတတ်ကြသည်။

ငွေဆိုတာ ဂုဏ်ကိုခေါ်တယ်၊ ဘ၀မေ့သွားမယ်

ဤသို့ဖြင့် အချို့ဝန်ထမ်းများသည် နယ်မြို့များသို့သွား၍ သူဌေး၏တာဝန်ယူ သူဌေးကိုယ်စားလုပ်ငန်းများကို ဦးစီးလုပ်ကိုင်ရတတ်သည်များရှိကြသည်။ အချို့ကုမ္ပဏီများဆိုလျှင်ကုမ္ပဏီပိုင်ရှင်ကို မမြင်ဘူးကြသဖြင့် ကုမ္ပဏီမန်ေ နဂျာကိုပင် သူဌေးထင်ကြသည်။

ဘ၀မေ့သွားတဲ့ အယောင်ဆောင်သူဌေးများ ငွေကို အလွဲသုံးစား

ဤသို့သူဌေး၏ တာဝန်ကို လွှဲယူလုပ်ကိုင်ရသော တာဝန်ခံဝန် ထမ်းများအေ နဖြင့် တစ်ခါတစ်ခါတွင် မိမိတို့မိမိ "စိန်နားကပ်ရောင်ကြောင့် ပါးပြောင်" နေ သည်ကို မေ့သွားကြပြီး သူဌေး၏ငွေများကို မိမိပိုင်ငွေကဲ့သို့ ထင်မှတ်ကာ အလွဲသုံးစားလုပ်မိတတ်ကြသည်။ ထိုငွေများကို သူဌေး စသိပြီး အကျေအ လည်ပြန်သွင်းမည်ဟုဆုံးဖြတ်ထားသော်လည်း မမျှော်လင့်သောအကြောင်း တစ်ခုကြောင့် ကုမ္ပဏီသို့ အပြေအကျေပြန်လည်မပေးသွင်းနိုင်ပြီး ပိုင်ရှင် သိသွားသည့်အခါ သူဌေး၏ ယုံကြည်မှုပျက်ပြားသွားတော့သည်။

ထိုအခါရောက်မှ ကုမ္ပဏီပိုင်ရှင် များအနေဖြင့်အကျင့်ပျက် ၀န်ထမ်းကို ထုတ် ပယ်ခြင်း ထားခြင်း စသော လုပ်ငန်းမျိုးကို အပူတပြင်း လုပ်ဆောင်ကြလေ့ ရှိသည်။ ယင်းသာဓကမျိုးများသည် ယနေ့ခေတ်တွင် မကြာခဏပေါ်ပေါက် တတ်သည်ကိုတွေ့ရသည်။

သာဓကတစ်ခုအနေဖြင့် "အများသိစေရန်ကြေငြာချက်တစ်ခုကို" (၆.၈.၂၀၁၇) နေ့ထုတ်ဝေသည့် မြန်မာအလင်းသတင်းစာတွင် ဖတ်ရှုရသည်။
တိုးတက်ရေး စပါး၊ ငါး၊ ပုဇွန်၊ မွေးမြူရေး အဖွဲ့တည်ထောင်သူ ဗိုလ်ချုပ်တစ်ဦး (ငြိမ်း)ဗိုလ်မှူးချုပ်တင်ဦး (ငြိမ်း) သည် မိမိတစ်ဦးတည်း "မတည်ရင်းနှီးငွေဖြင့် တိုးတက်ရေး" စပါး၊ ငါး၊ ပုဇွန် မွေးမြူရေး၊ အဖွဲ့ကို အဖွဲ့ဝင်(၈)ဦးဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ အောက် ကတဲ့ေ ကျးရွာ၊ ကြေးတိုင်မြင်ကွင်း အမှတ် (၀.၉၉)၊ မြေဧရိယာ (၁၂၀) ဧက ကို "ရေအောက်ရတနာမြေ" စပါးငါး ရှာဖွေဖော်ထုတ်ရေး အဖွဲ့မြန်မာစိုက်ပျိုးေ မွးမြူရေးလုပ်ငန်းထံမှ တရားဝင်လုပ်ကိုင်ခွင့်ရရှိခဲ့ပါသည်။

အဆိုမြေ ဧရိယာ (၁၂၀) ဧက အပေါ်တွင် ဗိုလ်မှူးချုပ်တင်ဦး (ငြိမ်း) တစ် ဦးတည်းပိုင်ငွေကြေးဖြင့် စိုက်ထုတ်လုပ်ကိုင်လာခဲ့သည်မှာ ယနေ့တိုင်ေ အာင်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ လုပ်ငန်းသို့ ယန္တရားများနှင့် အခြားလုပ်ငန်းသုံး ပစ္စးည်းများအားအလွဲသုံးစားပြုလုပ်ခြင်း လုပ်အားအခများအလွဲသုံးစားပြုလုပ်ခြင်းကြောင့် လုပ်ငန်းမှ ထုတ်ပယ်ခဲ့ရ သည်ဟုသိရသည်။ တိုးတက်ရေး အဖွဲ့ကိုလည်း အပြီင်္းတိုင်ဖျက်သိမ်းလိုက် ရသည်။

ပဲခူး၊ သနပ်ပင် မြို့နယ်၊ အောက်ကတဲကျေးရွာမှ မြေ (၁၂၀) ဏကခွင့်ပြုချက် မရှိက မ၀င်ရ

ထို့ကြောင့်မည်သူမဆို အထက်ပါ ပဲခူး၊ သနပ်ပင်မြို့နယ်၊ အောက်ကတဲကျေး ရွာကြေးတိုင်းကွင်းအမှတ် (0.55) မြေဧရိယာ (၁၂၀) ဧကနှင့် ပတ်သက်၍ အမည်ပေါက်ပိုင်ဆိုင်သူဗိုလ်မှူးချုပ်တင်ဦး (ငြိမ်း) သို့မဟုတ် တရားဝင်ဆက် ခံသူ "ဒေါ်ကုဋေနန်းမြင့်" ၏ခွင့်ပြုချက်မရှိဘဲ မြေကွက်အတွင်း ၀င်ရောက် လုပ်ကိုင်ခြင်းလွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်းခြင်း၊ အယံပစ္စည်း တင် သွင်းခြင်းနှင့် ယင်းမြေကွက်၏ အမည်ကို အသုံးပြု၍ အဖွဲ့အစည်း ထူေ ထာင်ခြင်း မပြုလုပ်ရန် ရှေ့နေဖြင့် သတိပေးထားသည်ကို ဖတ်ရှုရပါသည်။

လူဆိုသည်မှာ အမှားမကင်းပါ

ယင်းကြေငြာချက်ကိုလေ့လာကြည့်ခြင်းဖြင့် ကုမ္ပဏီလုပ်ငန်းထူထောင်၍ စီးပွားရေးကြီးပွားရေး ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များသည် မိမိ၏ လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသူများကို အမြဲတန်းလေ့လာ ဆန်းစစ်ေ နကြရန် လိုပါသည်။

"လူစိတ်ဆိုသည်မှာ" အပြောင်းအလဲမြန်တတ် အလုံးစုံလွှဲအပ်ထားခြင်းကို မပြုသင့်ကြပါ။

"သူကစ၍ ငါကအားလုံး" ဆိုသကဲ့သို့ ပုထုဇဉ် လူသဘာဝ လော ဘ၊ ဒေါ သ၊ မောဟ မကင်းနိုင်သေးသမျှကာလပတ်လုံးမှားတတ်ကြပါသည်။ အမှား နည်းသွားစေရန် လုံလောက်သောလစာပေးရန် ဒါဏ်ပေးစနစ်ကျင့် သုံး၍ ဆောင်ရွက်လုပ်ကိုင်သင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service