ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လက်ရှိတွင် အကောင်အထည်ဖော်ရန် တာစူနေဆဲ အဆင့်၌သာ ရှိကြောင်း ဒုတိယ၀န်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
1519 Views

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လက်ရှိတွင် အကောင်အထည်ဖော်ရန် တာစူနေဆဲ အဆင့်၌သာ ရှိကြောင်း ဒုတိယ၀န်ကြီး ပြောကြား

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ လက်ရှိအခြေအနေတွင် အကောင် အထည်ဖော်ရန် တာစူနေဆဲအဆင့်၌သာရှိသေးကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၏ ပြောကြား ချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦး၏ “ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံ ကိန်းလုပ်ငန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦး စီမံကိန်းတွင် မည်သည့်လုပ်ငန်းများပါဝင်ပြီး မည်ကဲ့သို့ အကောင်အထည်ေ ဖာ် ဆောင်ရွက်မည်ကိုသိလိုခြင်း” မေးခွန်းကို ဒုတိယ၀န်ကြီး ဦးအောင်ထူး က ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ထားဝယ် အထူးစီးပွားရေးဇုန်ဟာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ နဘုလယ်ဒေသတွင် တည်ရှိ ပြီး မြန်မာနိုင်ငံတွင် ပထမဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခဲ့သော အထူးစီးပွားရေးဇုန် ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ အခြေ အနေမှာ အကောင်အထည်ဖော်ရန် တာစူနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဒီဇုန်ကို မူလက ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုနယ်မြေနှင့် ထိုင်းနိုင်ငံသို့ အဝေးပြေးကားလမ်းနှင့် ရထားလမ်း တည်ဆောက်ရေး စီမံကိန်းအဖြစ်ေ ဆာင်ရွက်ရန်ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်မေ ၁၉ ရက်မှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင် ငံ အစိုးရများအကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်” ဟု ဦးအောင် ထူးက ပြောကြားသည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံထိုင်းကုမ္ပဏီတို့ ၂၀၀၈ ခုနှစ် ဇွန်တွင်လည်းေ ကာင်း၊ မူဘောင်သဘောတူစာချုပ်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် လည်းေ ကာင်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော်လည်း အီတာလျံ ထိုင်းကုမ္ပဏီ အနေဖြင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများထံမှ ချေးငွေမရရှိခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံသူများက ငွေကြေးထည့်ဝင်မှုမရှိခြင်းကြောင့် စီမံကိန်းကို သတ်မှတ်ထားသည့် အချိန်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိ ဘဲ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ဦးအောင်ထူးက ရှင်းပြသည်။

ထို့ကြောင့် ၎င်းစီမံကိန်းကို မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများက ဦးစီးေ ဆာင်ရွက်ပေးနိုင်ရန် ၂၀၁၃ ခုနှစ်တွင် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော် မတီနှင့် ပူးတွဲလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် မူဘောင် သဘောတူစာချုပ်အသစ်အရ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအား ပင်မစီမံကိန်းနှင့် ကနဦး စီမံကိန်းဟူ၍ အဆင့် (၂) ဆင့် ခွဲခြားအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ေ ကြာင်း၊ ၂၀၁၅ ခုနှစ် သြဂုတ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုေ က်ာမတီနှင့် အီတာလျံထိုင်းကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ေ ကြာင်း၊ သို့သော်နှစ်ဦးနှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမည့် အချက်များကို သတ် မှတ်ထားသောအချိန်အတွင်း ဖြည့်ဆည်းနိုင်ခြင်းမရှိ၍ နှစ်ဦးနှစ်ဖက် သဘော တူညီမှုဖြင့် သက်တမ်းထပ်မံတိုးမြှင့်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာကုန်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ နှစ်ဖက် ဖြည့်ဆည်းဆောင်ရွက်ရမည့် အချက် များတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု အစီရင်ခံစာများအ တည်ပြုခြင်းနှင့် မြေငှားရမ်းစာချုပ် ချုပ်ဆိုနိုင်ရေးအချက်များ အဓိကကျန်ရှိေ နပြီး အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ ၀န်ကြီး ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ကနဦးစီမံကိန်းလုပ်ငန်းများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ် ထီးခီးအထိဖောက်လုပ်မည့် နှစ်လမ်း သွားကတ္တရာလမ်းကို ထိုင်းနိုင်ငံမှ အတိုးနှုန်းသက်သာသည့် ချေးငွေ ထုတ်ေ ပးရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ဦးအောင်ထူး၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ၏ လက်ရှိအခြေ အနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်ကို သတ်မှတ်ထားသည့် အချိန်ဇယားနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပင်မစီမံကိန်းအပိုင်းကို မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ သုံးဦးဖ လှယ် ပူးပေါင်းအကောင်အထည်ဖော်သွားရန်လည်း JICA အဖွဲ့အစည်းအေ နဖြင့် စီမံကိန်းဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်လျက်ရှိကြောင်း၊ စီမံကိန်းကို လက်ရှိအစိုးရလက်ထက်တွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ေ ဆာင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service