ရန်ကုန်-ဒလတံတားဆောက်လုပ်ရန် သေချာနေသော်လည်း ဒလအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေ - Property News in Myanmar from iMyanmarHouse.com
1710 Views

ရန်ကုန်-ဒလတံတားဆောက်လုပ်ရန် သေချာနေသော်လည်း ဒလအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေ

ရန်ကုန်-ဒလတံတားတည်ဆောက်ရန် သေချာနေပြီဖြစ်သော်လည်း ဒလဘက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်မရှိသလောက် အေးလျက်ရှိကြောင်း ဒလမြို့နယ်ရှိ အိမ်ခြံမြေအထွေထွေအကျိုး ဆောင်ဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

တံတားတည်ဆောက်ရန်အတွက် မလွတ်ကင်းသည့် အိမ်နှင့်တိုက်ခန်းများ အား ၂၀၁၇ အောက်တိုဘာအကုန်တွင် ဖယ်ရှားပေးရန် နို့တစ်စာပေးထားပြီး ၂၀၁၈ ထဲတွင် တံတားစတင်အကောင်အ ထည်ဖော်ဆောင်သွားမည်ဖြစ်သည်။ သို့သော် ဒလဘက်တွင် အိမ်ခြံမြေများ အရောင်းအ၀ယ် အားကောင်းနေရမည့်အစား အရောင်းအ၀ယ်အေးလျက်ရှိကြောင်း အိမ်ခြံမြေပွဲစားဒေါ်စိန်က ပြောသည်။

''ရန်ကုန်နဲ့ ဒလက နီးတယ်။ ဒီတံတားကြီးထိုးပြီးသွားရင် ဆက်သွယ်ရေးတွေ ကောင်းလာမယ်။ စီးပွားရေးတွေ တိုးတက်လာမယ်။ အမှန်ဆိုရင် အိမ်ခြံမြေဈေးကွက်က ပွက်လောရိုက်နေရမှာ။ စီမံကိန်းကလည်း အတည်ဖြစ်သွားပြီ။ ဒါပေမဲ့ အရောင်းအ၀ယ်က လုံးဝမရှိသလောက်ဘဲ'' ဟု အိမ်ခြံမြေပွဲစားဒေါ်စိန်က ပြော သည်။

ရန်ကုန်-ဒလတံတားစီမံကိန်း စတင်ဆောင်ရွက်စဉ်က အိမ်ခြံမြေဈေးမှာ မြင့်တက်ကာ အရောင်းအ၀ယ်ကောင်းခဲ့ပြီး အဓိကလာရောက်ဝယ်ယူသူများမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းတရုတ်များ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒလအိမ်ခြံမြေကွက်တွင် အရောင်းအ၀ယ်အေးနေသော်လည်း ဈေးနှုန်းများ ကျဆင်းမှုမရှိဘဲ ၄၀ x ၆၀ မြေကွက်တကွက်လျှင် သိန်း ၁၁၀၀ ထိရှိကြောင်း သိရသည်။

''၀ယ်တဲ့သူက ရှိတယ်။ ရောင်းတဲ့ သူကလည်းရှိတယ်။ ရောင်းတဲ့သူက ဈေးမချပေးဘူး။ ၀ယ်တဲ့သူကလည်း အရောင်းအ၀ယ်အေးတော့ ဈေးလျှော့ပြီး ၀ယ်ချင်ကြတယ်။ ဒါကြောင့် အရောင်းအ၀ယ်အေးနေတာ''ဟု ဒေါ်စိန်က ဆက်လက် ပြောပြသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ရန်ကုန်-ဒလတံတားစီမံကိန်းအား ၂၀၁၈ တွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးကုမ္ပဏီကို ၂၀၁၇ စက်တင်ဘာလနှင့် ဒီဇင်ဘာ လအတွင်း တင်ဒါခေါ်ယူရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တံတားတည်ဆောက်ရေး စီမံကိန်းအတွက် မြေစမ်းသပ်မှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်။

တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတားဖြစ်ပြီး၊ တံတားခံနိုင်ဝန် ၇၅ တန် စုစုပေါင်းတံတားအရှည် ၆၁၄၃ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်တံတားအရှည် (ရန်ကုန်ဘက်ခြမ်း) ၂၀၁၆ ပေ၊ ချဉ်းကပ်လမ်းအရှည် (ဒလဘက်ခြမ်း) ၂၁၈၂ ပေ၊ ပင်မတံတားအကျယ် ၄ လမ်းသွား ၈၇ ပေ၊ ချဉ်းကပ်တံတားအကျယ် (ရန်ကုန်ဘက်ခြမ်း) ၄၇ ပေ နှင့် ဒလဘက်ခြမ်း ၆၈ ပေ၊ ဆင်ခြေလျှော တံတားအကျယ် (၁လမ်းသွား) ၂၃ ပေတို့ဖြစ်ကြောင်း သိရသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service