ကမ္ဘာ့ရွှေဈေး ၁၃၂၅ ဒေါ်လာအထိ ခုန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၄၅၈၀၀ အထိ ဆက်လက်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1999 Views

ကမ္ဘာ့ရွှေဈေး ၁၃၂၅ ဒေါ်လာအထိ ခုန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၄၅၈၀၀ အထိ ဆက်လက်မြင့်တက်

ကမ္ဘာ့ နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေ ဈေးသည် ၁၃၂၅ ဒေါ် လာအထိ ခုန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၄၅၈၀၀ အထိ စံချိန် တင် မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး သြဂုတ် ၉ ရက်တွင် ၉၁၀၀၀၀ ခန့်၊ သြဂုတ် ၁၀ ရက် တွင် ကျပ် ၉၁၂၈၀၀ အထိ ပြန်ရောက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေးမြင့် တက်မှုနှင့်အတူ သြဂုတ်လအတွင်း စံချိန်တင် ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ကျပ် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ကျပ် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ကျပ် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ကျပ် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ကျပ် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက် တွင် ကျပ် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ကျပ် ၉၂၄၄၀၀၊ သြ ဂုတ် ၂၈ ရက်တွင် ကျပ် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၉၄၅၈၀၀ အထိ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်သို့ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၈၉၀၀၀၀ အထက် ပြန်ရောက်ခဲ့သည်။ ပြီးခဲ့သည့် လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်း ရွှေဈေး အနိမ့် ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့် ဆုံးနှုန်းသည် ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်) ဖြစ်ခဲ့သည်။

ပြည်တွင်း ရွှေဈေးနှုန်းသည် မေ ၁၆ ရက်မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ပြီး ဇွန်လအတွင်း စံချိန်တင် ဈေးနှုန်းအဖြစ် ဇွန် ၇ ရက်က ကျပ် ၉၁၃၄၀၀ အထိမြင့်တက်ခဲ့ပြီး ယင်းစံချိန်ကို သြဂုတ် ၁၁ ရက်တွင် ကျော်လွန်ခဲ့ခြင်းဖြစ် သည်။ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အမြင့်ဆုံးနှုန်းမှာ ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်) ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ပထမဦးဆုံးအကြိမ် ဒေါ်လာ ၁၃၀၀ ကို ကျော်လွန် ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၉ တစ်ရက်အတွင်း ဒေါ်လာ ၁၀ ဂဏန်း ခုန်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ် လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့် မှ ဒေါ်လာ ၈၀ ခန့် အထိ ကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်း ကွာ ဟချက်သည် ဒေါ်လာ ၅၀ ကျော်ဖြစ်ပေါ်ခဲ့သည်။ ယခု သြဂုတ်လ ၂၉ ရက်အတွင်းတွင်လည်း အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ် ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာဖြစ်ခြင်း ကြောင့် ၆၇ ဒေါ်လာ အတက် အကျ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၇၁ ဒေါ်လာသို့ေ ရာက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ သည်။ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်သို့ ပြန်တက်ခဲ့ပြီး ယင်းေ နာက်ပိုင်း သြဂုတ် ၉ ရက်တွင် ၁၂၆၈ ဒေါ်လာ၊ သြဂုတ် ၁၀ ရက်တွင် ၁၂၇၉ ဒေါ်လာ၊ သြဂုတ် ၁၁ ရက်တွင် ၁၂၈၉ ဒေါ်လာအထိ ဆက်တိုက်မြင့် တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၁၄ ရက်တွင် ၁၂၈၁ ဒေါ်လာ၊ သြဂုတ် ၁၅ ရက်တွင် ၁၂၇၄ ဒေါ်လာ၊ သြဂုတ် ၁၆ ရက်တွင် ၁၂၆၉ ဒေါ်လာဝန်းကျင် သို့ ပြန်လည် ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် ၁၂၈၈ ဒေါ်လာ၊ သြဂုတ် ၁၈ ရက်တွင် ၁၂၉၈ ဒေါ်လာ အထိ ခုန်တက်ခဲ့သည်။

သြဂုတ် ၂၃ ရက်တွင် ၁၂၈၇ ဒေါ်လာ အထိ ပြန်ကျခဲ့ပြီး သြဂုတ် ၂၄ ရက် တွင် ၁၂၉၁ ဒေါ်လာ၊ သြဂုတ် ၂၅ ရက် တွင် ၁၂၉၂ ဒေါ်လာ၊ သြဂုတ် ၂၈ ရက်တွင် ၁၃၀၉ ဒေါ်လာ၊ သြဂုတ် ၂၉ ရက်တွင် ၁၃၂၅ ဒေါ်လာ ၀န်းကျင်အ ထိ ပြန်တက်ခဲ့ကာ နှစ်ရက်အတွင်း ဒေါ်လာ ၃၀ ကျော် မြင့်တက်ခဲ့ခြင်း ဖြစ် သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service