လယ်ယာမြေဈေးနှုန်း ကြီးမြင့်သောကြောင့် စီမံကိန်းကြီးများ ဖော်ဆောင်လို့မရ - Property News in Myanmar from iMyanmarHouse.com
2137 Views

လယ်ယာမြေဈေးနှုန်း ကြီးမြင့်သောကြောင့် စီမံကိန်းကြီးများ ဖော်ဆောင်လို့မရ

ရန်ကုန်၏ လယ်ယာမြေဈေးနှုန်းများကြီးမြင့်နေသောကြောင့် စီမံကိန်းကြီး များကို အကောင်အထည်ဖော်သည့်နေရာတွင် အခက်အခဲများဖြစ်နေသည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ယင်းကို သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်စက်မှု အသင်းချုပ် တွင် ပြုလုပ်သော နိုင်ငံတော် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုးကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က ပြောဆိုခြင်းဖြစ်သည်။

“လယ်ယာဈေးက မြို့မြေလိုဖြစ်နေတဲ့အတွက် နိုင်ငံတော်က တည်ဆောက် တဲ့ စီမံကိန်းကြီးတွေ လုပ်တဲ့နေရာမှာ ဥပမာ လမ်းဖောက်မယ်ဆိုတဲ့ကိစ္စမျိုး ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ မြေသိမ်းပြီး ပြန်လျှော်ပေး ရမယ်ဆိုတဲ့ အခြေ အနေအပေါ်မှာ ဈေးနှုန်းကို လယ်ဈေးမဟုတ်ဘဲနဲ့ အပြင်ဈေးမျိုးနဲ့ရမှဆိုတဲ့ အခြေအနေမျိုးဖြစ်လာတဲ့အတွက် ဒီအခြေ အနေေ တွကိုတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ အထူးဂရုပြုရမယ့် ကိစ္စထဲမှာ ပါပါတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ်က လယ်ယာမြေဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သတ်ပြီး ပြောဆိုရာ တွင် မြေ၀ယ်ယူမှုများသည် အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန်အ တွက် မဟုတ်ဘဲ အခြားနည်းလမ်း သုံးစွဲခွင့်လျှောက်ထားပြီး အကျိုးအမြတ် ရရန် ဈေးကစားနေခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က… “မြေယာကို ၀ယ်ပြီးတော့ ကုန်ပစ္စည်းတစ်ခုလို ဈေးကစားတယ်၊ ရောင်းကုန် လို သတ်မှတ်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီးတော့ တန်ဖိုးကြီးကြီးနဲ့ ရောင်းစားတဲ့ လူတွေ လက်ထဲမှာ ရောက်သွားတဲ့ အခါကြတော့ ဒီအပေါ်မှာ စီမံကိန်းလုပ် ငန်းတွေ လုပ်ဖို့ ကြတော့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်” ဟု လယ်ယာမြေများအပေါ် အမြတ်ထုတ်ခြင်းအကြောင်းကို ပြော သည်။

ဦးဝင်းကြိုင်က မှန်ကန်သည့် မြေယာအပေါ်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ ကို မြင့်တက်စေသော ကဏ္ဍများကို ဆောင်ရွက်နိုင် လျှင် တိုင်းပြည်အမှန် တိုးတက်မည်ဟု ဖြည့်စွပ်ပြောဆိုထားသည်။ယင်းသို့ လယ်ယာမြေဈေးနှုန်း ကြီးမြင့်နေသည့်အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် လည်း မြေယာစီမံခန့်ခွဲမှု များကို စနစ်တကျဆောင်ရွက်သွားပြီး မြေဈေးနှုန်း ကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အနှောင့်အယှက်မဖြစ်အောင် လုပ်ကိုင် မည်ဟု သိရသည်။

“မြေစီမံခန့်ခွဲမှုကနေပြီးတော့ စနစ်တကျနဲ့ ဆောင်ရွက်ပေးရင် မြေဈေးဟာ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေမှာ အနှောင့်အယှက် မဖြစ်ဖို့အတွက် တိုင်းဒေ သကြီး အစိုးရဘက်ကနေ ဆောင်ရွက်နေတယ် ဆိုတာကို အသိပေးလိုပါ တယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အသိပေးပြောဆိုထားသည်။

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြန်ဆန်စေရေးအတွက် တိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား ဖွဲ့စည်းထားပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (ကျပ် သန်းခြောက်ထောင်) ပမာဏရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးအဆင့်မှာတင် အမြန်ဆုံးစိစစ် ခွင့်ပြုပေးသွားမှာဖြစ်သည်ဟု သိရသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service