ကမ္ဘောဒီးယားတွင် နှစ်ပေါင်း ၂၀ ကျော် အမိန့်မချနိုင်သေးသည့် မြေယာအငြင်းပွားမှု စာရွက်စာတမ်းများ ပျောက်ဆုံးနေသောကြောင့် ဆိုကာ တရားသူကြီးက ဆက်လက်ဆိုင်းငံ့ - Property News in Myanmar from iMyanmarHouse.com
1049 Views

ကမ္ဘောဒီးယားတွင် နှစ်ပေါင်း ၂၀ ကျော် အမိန့်မချနိုင်သေးသည့် မြေယာအငြင်းပွားမှု စာရွက်စာတမ်းများ ပျောက်ဆုံးနေသောကြောင့် ဆိုကာ တရားသူကြီးက ဆက်လက်ဆိုင်းငံ့

ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း မီးန်းချေးခရိုင်တွင် နှစ်ပေါင်း ၂၀ ကျော် အမိန့်မချနိုင်သေးသည့် မြေယာအငြင်းပွားမှုတွင် စာရွက်စာတမ်းများ ပျောက်ဆုံးနေသောကြောင့် ဆိုကာ တရားသူကြီးက အမိန့်ချရန် ဆက်လက်ဆိုင်းငံ့လိုက်ကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဖနွမ်းပင်မြို့ မြူနီစပယ်တရားရုံးရှေ့တွင် စတုန်မီးန်ချေးခရိုင်မှ ရွာသားပေါင်း ၂၀၀ ကျော် စုရုံးရောက်ရှိခဲ့ကြသည်။
သို့ရာတွင် တရားသူကြီးက အမှုအတွက်စစ်ဆေးရမည့်သူအလွန်များပြားလှပြီး လိုအပ်သည့်စာရွက်စာတမ်းများမှာလည်း ပျောက်ဆုံးနေသောကြောင့်ဟုဆိုကာ ဆက်လက်ဆိုင်းငံ့ခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူတို့က ပြောကြားသည်။

ဆယ်စုနှစ် ၂ ခုကြာအငြင်းပွားလျက်ရှိသော အမှုတွင် ရွာသားပေါင်း ၆၀၀ နီးပါး ပါဝင်နေပြီး ယခုအခါတွင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦး ပိုင်ဆိုင်ထားသော မြေဟက်တာ ၂၀ ခန့်မှာ ၎င်းတို့ပိုင်ဆိုင်သည့် မြေယာများဖြစ်ကြောင်း ပြောကြားထားသည်။

စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ရိုသာ ဖီရွမ်၊ ဗိုရိခ် ဆာသာနှင့် ကင်မ် ဟန်တို့သည် ယခုမြေနေရာတွင် မြင်းပြိုင်ကွင်း ဆောက်လုပ်ရန် အတွက် ရည်ရွယ်ကာ ဒေသတွင်းမိသားစု ၃၉ ခုထံမှ ၎င်းတို့၏ Beta International ကုမ္ပဏီက ၁၉၉၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း တရားလိုရှေ့နေ ယောင်ဖာနစ်က ပြောကြားသည်။

ဖနွမ်းပင်တရားရုံးက ၁၉၉၈ ခုနှစ်အတွင်း အမိန့်ချခဲ့ရာတွင် အဆိုပါမြေနေရာကို Beta International မှ ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် မိသားစုပေါင်း ၃၀၀ ကျော်ကမူ တရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းခဲ့ပြီး ယခုမြေနေရာတွင် မိမိတို့သည် ၁၉၉၁ ခုနှစ်ကတည်းက နေထိုင်ခဲ့ကြပြီး အချို့သောမိသားစုများမှာ မြေရောင်းချရန်အတွက် သွေးဆောင်လှည့်ဖျားခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားကြသည်။

၂၀၀၁ ခုနှစ် မြေယာဥပဒေအရ မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေတစ်ခုကို အငြင်းပွားမှုမရှိဘဲ ၅ နှစ် (သို့မဟုတ်) ၅ နှစ်ထက်ပို၍ ပိုင်ဆိုင်ထားသူများသည် မြေယာကို ပိုင်ဆိုင်ခွင့်တောင်းခံနိုင်ကြောင်း ဖော်ပြထားသည်။

ဤအမှုသည် တရားလွှတ်တော်ချုပ်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မူ အယူခံခုံရုံးသို့ ရောက်ရှိခဲ့သည်။
“အယူခံခုံရုံးမှာ စစ်ဆေးမှုတွေက တစ်နှစ်လောက်ကြာတယ်။ မြူနီစပယ်ရုံးမှာ နှစ်ပေါင်းများစွာကြာတယ်။ တရားလွှတ်တော်ချုပ်ကို ရောက်တဲ့အချိန်အထိ ၁၀ နှစ်လောက်ကြာခဲ့ပါတယ်။ အခုလည်း တရားရုံးက ဘယ်အချိန်မှ ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုတာ မသိပါဘူး” ယောင်ဖာနစ်က ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service