ပင်လောင်းတွင် ပထမဆုံးဟိုတယ်ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
990 Views

ပင်လောင်းတွင် ပထမဆုံးဟိုတယ်ဖွင့်မည်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့တွင် ဒေသ သို့မဟုတ် တိုင်းရင်းသား အမည်တစ်ခုဖြင့် ဟိုတယ်ကို တည်ဆောက်လျက်ရှိကာ လာမည့်နှစ် မတ်လတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း Soil Energy ကုမ္ပဏီမှ ဟိုတယ်ပိုင်ရှင် ဦးစည်သူထင်ကျော်က ပြောကြားသည်။

အဆိုပါဟိုတယ်မှာ ပင်လောင်းမြို့တွင် ပထမဆုံး ဆောက်လုပ်သော ဟိုတယ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီဒေသမှာရှိတဲ့ လိုဏ်ဂူတွေကို အခြေပြုပြီးတော့ ခရီးစဉ်ရေးဆွဲမှာပါ။ လက်ရှိကတော့ ဟိုတယ်က ခြောက်ဆယ်ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဒေသထွက် ပစ္စည်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီးတော့ တည်ဆောက်ထားပါတယ်။ ကြယ်လေးပွင့်အဆင့် ဖြစ်အောင် ဆောက်လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဟိုတယ်တည်ဆောက်ရန် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်းနှင့် ယင်းဟိုတယ်တွင် အခန်း ၃၀ ပါဝင်မည် ဖြစ်ကြောင်း ဦးစည်သူထင်ကျော်က ရှင်းပြသည်။

ပင်လောင်းမြို့တွင် ထုံးကျောက်ဂူ အမျိုးအစား သဘာဝလိုဏ်ဂူ ၂၀ ခန့်နှင့် ရေတံခွန်များရှိပြီး ယင်းတို့ကို အခြေခံသည့် တောင်တက်ခရီးစဉ်များ (Treekingါ)၊ စွန့်စားခရီးစဉ်များ (Adventure) အဓိက ပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။

“ဒေသဆိုင်ရာ အဆင့်မီဟိုတယ်၊ တည်းခိုခန်းတွေ ဖွင့်နိုင်တာ အားပေးရမယ်။ ဒါမှ ဘယ်နေရာသွားသွား အဆင်ပြေမယ်လေ။ ပင်လောင်းက လမ်းဆုံမြို့ဆိုတော့ နေရာလည်းကောင်းတယ်” ဟု မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်း အလုပ်အမှုဆောင်တစ်ဦးက ဆိုသည်။

အဆိုပါ ဟိုတယ်ကို ပင်လောင်းမြို့ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အင်းလေးဒေသ၊ လွိုင်ကော်ဒေသနှင့် နေပြည်တော် စသည့် ခရီးစဉ်ဒေသများနှင့် လမ်းကြောင်းသင့်သောကြောင့် ယင်းအနီးဝန်းကျင်ဒေသများ ဖြစ်သော ပင် လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသများ ပိုမိုစည်ကားလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service