ရန်ကုန်မြစ်တွင် မြေသားစမ်းသပ်မှုများ ဆောင်ရွက်နေသော ဒလတံတား တည်ဆောက်ရေး - Property News in Myanmar from iMyanmarHouse.com
1662 Views

ရန်ကုန်မြစ်တွင် မြေသားစမ်းသပ်မှုများ ဆောင်ရွက်နေသော ဒလတံတား တည်ဆောက်ရေး

ရန်ကုန်မြို့လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့ ဆက်သွယ်တည်ဆောက်မည့် ကိုရီး ယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးအတွက် တံတား ချဉ်းကပ်လမ်းနှစ်ဖက်တွင် မြေသားစမ်းသပ်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး စီးကြောင်း သိရသည်။

ယခုတွင် ရန်ကုန်မြစ်အတွင်းတွင် Area Name-A, Area Name-B, Area Name-C ဖြင့် တည်နေရာများ သတ်မှတ်ပြီး မြေသားစမ်းသပ်ရေး ဝမ်းပြားရေ ယာဉ်ကို ကျောက်ချထားပြီး စမ်းသပ်နေကြောင်း သိရသည်။

မြေသားခံနိုင်ဝန် စမ်းသပ်တိုင်းတာခြင်းကို Suntac Technologies ကုမ္ပဏီမှ တာဝန်ယူပြီး နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး မကြာခင် ရန်ကုန်မြို့အတွင်းရှိ မြေသား စမ်းသပ် မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေ (ဒလ) တံတားတညဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ဒလတံတား တည်ဆောက်မည့် ဧရိယာရေပြင်ရှိ သတ်မှတ် တည်နေရာများတွင် မြေသားစမ်းသပ်မှုများကို စမ်းသပ်ရေးဝမ်းပြားရေယာဉ် ကို ကျောက်ချထားရှိကာ လုပ်ငန်းများလုပ်ဆောင်လျက် ရှိပြီး ဆောင်ရွက်ေ နစဉ်အတွင်း ယင်းရေယာဉ်များတွင်နေ့အချိန်တွင် လိမ္မော်ရောင်အလံကို သိ သာထင်ရှားစွာ လွှင့်ထူထားပြီး ညအချိန်တွင် အနီရောင်အချက်ပြမီးကို ပြသ ထားကြောင်းသိရသည်။

ရေယာဉ်တွင် VHF CH-16 ဆက်သွယ်ရေးစက် တပ်ဆင်ထားပြီး လုပ်ငန်းေ ဆာင်ရွက်နေသည့် ရေယာဉ်အနီးမှ ဖြတ်သန်းသွားလာသော ရေယာဉ်များအနေဖြင့် ထိုယာဉ်များနှင့် မီတာ ၃ဝခန့် အကွာမှ ဖြတ်သန်း သွားလာကြ ရန်နှင့် မီတာ ၅ဝ အတွင်း ကျောက်ချရပ်နားခြင်းမပြုရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဒလမြို့နယ်ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတစ်လျှောက်တွင် တံတားအူလမ်းကြောင်းနှင့် မူလ သတ်မှတ်ထားသော တံတားချဉ်းကပ်လမ်း အား တံတားမြေဧရိယာများ တိုင်းတာပြီး လမ်းမကြီးဝဲယာတစ်လျှောက်တွင် အလံတိုင်များဖြင့် စိုက်ထူဆောင်ရွက်လျက်ရှိပြီး တိုင်များစိုက်ထူရာတွင် ယခင်က သတ်မှတ်ထားသည့် ဧရိယာထက် ၁၅ ပေခန့် ပါရှိသွားကြောင်း
ထိုအကြောင်းအရာအား တာဝန်ရှိသူများအား တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်မှစတင်ပြီး နိုဝင်ဘာ ၅ ရက်အထိ တစ်လတိတိ အ ချိန်ပေးပြီး တံတားဧရိယာနှင့် မလွတ်ကင်း သည့်မြေယာလျော်ကြေးပေး ထားပြီးသည့် နေအိမ်နှင့် ဈေးဆိုင်များကိုပါ ပြောင်းရွှေ့ခိုင်းထားကြောင်း၊
ထိုအကြောင်းကိုလည်း ဒေသခံပြည်သူများသည် အစည်းအဝေးများတွင် သိ ရှိပြီးပြီ ဖြစ်ကြောင်း သိရသည်။

ဒလတံတားကြီးတည်ဆောက်ရန်အတွက် မြင်တွေ့ရတော့မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် စီး ပွားရေးမြို့တော်ရန်ကုန်မြို့သို့ စက်တပ်သမ္ဗန်များစီးပြီး အခက်အခဲပေါင်း များစွာဖြင့် ဖြတ်သန်းသွားလာနေခြင်းကြောင့် ရန်ကုန်-ဒလတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ဒေသအတွက် များစွာဖွံ့ဖြိုးတိုးတက် သွားမည်ဖြစ်ကြောင်း ကမာကဆစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပြောကြားေ ကြာင်း သိရသည်။

Credit:The Mirror Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service