တောင်ကိုရီးယား LOTTE ဟိုတယ်ကို ရန်ကုန်မှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
997 Views

တောင်ကိုရီးယား LOTTE ဟိုတယ်ကို ရန်ကုန်မှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေ

တောင်ကိုရီးယားနိုင်ငံ LOTTE ကုမ္ပဏီအုပ်စုသည် ၎င်းတို့၏ အာရှတစ် လွှားတွင် အရှိန်အ၀ါကြီးသော စီးပွားရေး လုပ်ငန်းတစ်ခုကို ထပ်မံဖွင့်လှစ်ပြ သရန် ရန်ကုန်မြို့ အင်းလျားကန်နံဘေးရှိ ကြီးမားထည်ဝါလှသည့် ဟိုတယ်နှ င့် Serviced Apartments များ ပါဝင်သော စီးပွားရေးအဆောက်အဦးတစ်ခု ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဂျပန်နိုင်ငံမှာစတင်ခဲ့သည့် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင် Shin Kyuk-ho သည် ၁၉၆၇ တွင် တောင်ကိုရီးယားနိုင်ငံတွင် မုန့်နှင့် အစား အသောက် ထုတ်ကုန်မျိုးစုံဖြင့် LOTTE ၏ စီးပွားရေး လုပ်ငန်းများကို ကျယ်ပြန့်စေခဲ့သည်။

ယခုအခါ LOTTE သည် တောင်ကိုရီးယား၏ ပဉ္စမမြောက် အကြီးစား စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်လာပြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ခြင်းများ၊ ရေနံနှင့် ဓာတုဗေဒကဏ္ဍ၊ လက်လီလုပ်ငန်းနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုကဏ္ဍစသည်တို့တွင် အားလုံးထက် ကျော်လွန်ကာ
ဈေးကွက် ချဲ့ထွင်ထားသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင်မူ LOTTE သည် မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအ၀င် စီးပွားရေး မြို့တော်ရန်ကုန်၏ စရိုက်လက္ခ ဏာကိုထင်မြင်စေမည့် အင်လျားကန်ရေပြင် နံဘေးကဟိုတယ်နှင့် Serviced Apartments များပါဝင်သော LOTTE အမှတ်တံဆိပ်အဆောက်အဦးသစ် ကြီးကို ဖွင့်လှစ်တော့မည်ဖြစ်သည်။

LOTTE ဟိုတယ်၏ ဈေးကွက်ညွှန်ကြားရေးမှူးအရာရှိဖြစ်သူ Mikon က “မြန်မာဟာအသစ်ပေါ်ထွက်လာတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်၊ အခွင့်အလမ်း ရှိတဲ့ ဈေးကွက်မှာ LOTTE က ဒီထက် စောပြီးလာသင့်တယ်” ဟုပြောသည်။

Mikon က ဆက်လက်ပြီး “အခုကျွန်မတို့က ဒီမှာ အလုံးအရင်းနဲ့ကို ရောက်ေ နပါပြီ၊ LOTTE ဟိုတယ်နဲ့ Serviced Apartments တွေက ရန်ကုန်ကို လာေ ရာက်လည်ပတ်ကြမယ့် ဧည့်သည့်အစုံအတွက် သူမတူတဲ့ ခံစားမှုတွေ ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ”ဟု အခိုင်အမာ ပြောဆိုထားသည်။

LOTTE ဟိုတယ်မှ ရွှေတိဂုံစေတီတော်ကို ဖူးမြင်နိုင်သလို ဟိုတယ်နှင့် တွဲစပ်နေသောအင်းလျားကန်ရေပြင်သည် တည်းခိုနေထိုင်သူများကို အကောင်းဆုံးရှုမြင်ကွင်းရသများပေးစွမ်းနိုင်သဖြင့် ဟိုတယ်တည်နေရာေ ကြာင့် ဟိုတယ်အား ရွေးချယ်သူများအတွက် ကျေနပ်မှုများဖြစ်စေသည်။

အစားအသောက်မျိုးစုံဖြင့် အရသာများပေးစွမ်းထားသည့် စားသောက်ဆိုင် ငယ်များနှင့် စားသောက်ခန်းမကြီးများကို လည်း LOTTE ဟိုတယ်က ဖြည့် စွမ်းပေးထားသည်။

ထို့အပြင် LOTTE ဟိုတယ်တွင် ကျယ်ဝန်းစုံလင်သော ကိုယ်ကာယကြံ့ ခိုင်ရေး အားကစားခန်းမ၊ ဟိုတယ်အတွင်းအပြင် ရေကူးကန်များ၊ ကလေး များအတွက် ရေချိုးကန်များ၊ ရေနွေးချိုးခန်းများစသည်တို့ကိုလည်း ဖြည့်စွမ်းပေးထားသည်။

“LOTTE က မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍမှာ အကြီးဆုံး ရင်းနှီးမြှု ပ်နှံမှုတွေထဲက တစ်ခုဖြစ်လာတယ်၊ ဒါကရန်ကုန်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်း ဆီခိုင်ဖြစ်လာ တယ်ဆိုတာသက်သေပဲလေ ”ဟုဒေသတွင်းလေ့လာဆန်း စစ်သူဖြစ်သော SubirBhaumik က ဆိုသည်။

ဆက်လက်ပြီး ပြည်တွင်းရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူတေဇာကျော်က “အဆောက်အဦးကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီးတည်ဆောက်ထားတဲ့ ပုံစံေ ရာတည်ရှိနေတဲ့ နေရာက အရမ်းကို ကောင်းမွန်ပါတယ်၊ လက်တွေ့ လာပြီး ခံစားကြည့်ပါ။ ဟိုတယ်ရဲ့ ဧည့်ခန်းဆောင်ကြီးဟာဆိုရင်လည်း ကြီး မားပြီး အဆုံးမရှိသလိုခံစားရတယ်”

အထပ် ၁၃ထပ်ပါရှိပြီး Presidential Suite တစ်ခုနှင့် Royal Suite တစ်ခုတို့ အပါအ၀င် LOTTE တွင် ဧည့်ခန်းပါသော Suites အခန်းကျယ်ပေါင်း ၃၀ လည်းရှိသည်။

ထို့အပြင် အခန်းပုံစံ ၅ မျိုးဖြင့် LOTTE တွင် အခန်းပေါင်း ၃၄၃ ခန်းဖြင့် ဖွဲ့ စည်းထားသေးသည်။

LOTTE ဟိုတယ်နှင့် အပြိုင်တွင် LOTTE Serviced Apartments အေ ဆာက်အဦးလည်းရှိရာ ၎င်းတွင်အခန်းပေါင်း ၃၁၅ ခန်းရှိသည်။

LOTTE Serviced Apartments ၏ ၀န်ဆောင်မှုများနှင့် ပတ်သတ်ပြီး “ဒီ Serviced Apartments တွေမှာ နေထိုင်သူတွေဟာဆိုရင်လည်း ကိုယ်ကာ ယ ကြံ့ခိုင်ရေးခန်းမနဲ့ ရေကူး ကန်စတာတွေကို ဟိုတယ်အတိုင်း ရယူသုံး စွဲနိုင်မှာဖြစ်ပါတယ်” ဟု Mikon က ဖြည့်စွပ်ပြောဆိုထားသည်။

“မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသည် ၀င်ရောက်မှုနှင့် နိုင်ငံတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှုတို့သည် တောင်ကိုရီးယား LOTTE ဟိုတယ်နှင့် Serviced Apartments ၏ အခွင့်အလမ်းများကို ဆက်လက် ဆုပ်ကိုင်ရန် နောက်မကျသေးပေ” ဟုဒေသတွင်း ဆန်းစစ်လေ့လာသူ SubirBhaumik က သုံးသပ်ထားသည်။

Credit: Mizzima
တောင်ကိုရီးယား LOTTE ဟိုတယ်ကို ရန်ကုန်မှာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service