ကမ္ဘာတစ်လွှား ထူးထူးခြားခြား အိမ်ခြံမြေ သတင်းများ (၁)
အိမ်ရောင်းရန် ကြော်ငြာထားသည့် ဖေ့စ်ဘုတ်ပို့စ်ကို share လုပ်ပါက အရောင်းအဝယ်ဖြစ်သောရှဲသူအား ကန်ဒေါ်လာ ၁၀၀၀ ပေးမည်ဟုဆိုသူ
ကနေဒါနိုင်ငံအရှေ့ဘက်၊ နယူးဖောင်လန်ပြည်နယ်၊ အဗာလွန်ကျွန်းဆွယ်၊ Portugal Cove-St. Philip အမည်ရှိအရပ်တွင် မိသားစုတစ်ခုသည် ကန်ေ ဒ်ါလာ ၅၈၉၀၀၀ ခန့် တန်ကြေးရှိသော နေအိမ်ရောင်းချရန် အတွက် ဖေ့စ် ဘုတ်တွင် ကြေညာခဲ့ပြီး အရောင်းအဝယ်ဖြစ်စေသော sharing ပြုလုပ်သူ အား ကန်ဒေါ်လာ ၁၀၀၀ ဆုငွေချီးမြှင့်မည်ဟု ကြော်ငြာခဲ့သည်။
“လူမှုကွန်ရက်ရဲ့ စွမ်းအားက တကယ်ကြောက်ဖို့ ကောင်းတယ်။ လူမှုကွန် ရက်ကနေ ခွေးလေးတွေ ပျောက်ရင်လည်း ရှာလို့ရတယ်။ ကလေးငယ်ေ တွ ပျောက်ရင်လည်း ရှာလို့ရတယ်။ ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်းေ ဖ်ာထုတ်နိုင်တယ်။ ဒါကြောင့် အိမ်ရောင်းဖို့ ဖေ့စ်ဘုတ်ကနေ ကျွန်မတို့ ဘာေ ကြာင့် မကြိုးစားကြည့်ရမှာလဲ” ဟု အိမ်ပိုင်ရှင်ဖြစ်သူ လိုရီရပ်ဖ်က ဆိုသည်။
ရက်သတ္တတစ်ပတ်ခန့်ကြာသောအခါ လိုရီ၏ ဖေ့စ်ဘုတ်ကြော်ငြာကို မျှဝေ (share) သူပေါင်း ၅၂၀၀ ကျော်ရှိခဲ့ပြီး ကနေဒါ၏ နာမည်ကျော် အခမဲ့ အိမ်ခြံမြေနှင့် ကြော်ငြာဝက်ဘ်ဆိုက် Kijiji တွင်လည်း ဝင်ရောက်ကြည့်ရှုသူ ၇၂၀၀ ကျော် ရှိခဲ့သည်။
“အခုဆိုရင် တော်တော်လေး ပြန့်နေပါပြီ။ အိမ်ခြံမြေ အကျိုးဆောင် လိုအပ် တယ်လို့ ကျွန်မတို့ မခံစားရပါဘူး”ဟု လိုရီက ဆိုသည်။ မိမိ၏အိမ်ရောင်းချမှု တွင် အကျိုးဆောင် အကူအညီ မရယူပါက ကန်ဒေါ်လာ ၃၀၀၀၀ ခန့် သက် သာသွားမည်ဖြစ်ကြောင်းလည်း လိုရီကေ ပြာကြားသည်။
“အကျိုးဆောင် မလိုတဲ့အတွက် ဝယ်လက်ကို ဈေးလျှော့ပေးရောင်းပေးနိုင်တဲ့ အခြေအနေမျိုးလည်း ရှိလာပါတယ်” ဟုဆိုသည်။“အစပိုင်းတုန်းက ဆုငွေ ကို ဒေါ်လာ ၁၀၀၀ ထက်ပိုပေးဖို့ စဉ်းစားခဲ့ပါတယ်။ ၁၀၀၀ က နည်းတယ် လို့ တွေးမိခဲ့သေးတယ်။ ဒါပေမယ့် အခု ဒေါ်လာ ၁၀၀၀ နဲ့ ကြော်ငြာလိုက် တာတောင် တော်တော် အလုပ်ဖြစ်ပါတယ်” ဟု လိုရီက ပြောကြားပြီး မိမိနှင့် မသိကျွမ်းသူများပင်လျှင် မျှဝေ (share) မှုများ ပြုလုပ်သည်ကို တွေ့ရသည်ဟု ဆိုသည်။
စတုရန်းပေ ၄၂၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်း ပါဝင်သည့် နှစ်ထပ်နေ အိမ်ကို ဖေ့စ်ဘုတ်ကြော်ငြာဖြင့် ရောင်းမထွက်လျှင်မူ အိမ်ခြံမြေအကျိုးဆောင် တို့ထံ အပ်နှံသွားရန် စဉ်းစားထားကြောင်းလည်း လိုရီက ပြောကြားသည်။
(မှတ်ချက်။ လိုရီသည် ဖေ့စ်ဘုတ်တွင် ကြော်ငြာပြီးနောက် လအတန်ကြာ သည်အထိ ရောင်းမထွက်ခဲ့သောကြောင့် အိမ်ခြံမြေအကျိုးဆောင်တို့ထံ အပ်နှံရောင်းချခဲ့ရာ ယခုအခါ ရောင်းထွက်သွားခဲ့ပြီ ဖြစ်သည်။)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)