မြန်မာနဲ့ ပိုးလမ်းမ ဇာတ်လမ်း - Property News in Myanmar from iMyanmarHouse.com
1204 Views

မြန်မာနဲ့ ပိုးလမ်းမ ဇာတ်လမ်း

အိုဘီအိုအာရ်နှင့် ပိုးလမ်းမဆိုသည့်အသံကို ကြားရသည်မှာ ယခုကာလ အ တွင်း ခပ်စိပ်စိပ်ဖြစ်လာသည်။ အကွက်ရွှေ့မှုများ၊ စိန်ခေါ်ပြိုင်ဆိုင်မှုများနှင့် အတူ ရပေါက်ရလမ်းတွေလည်း ပါနေသည်မို့ စိတ်ဝင်စားစရာအတိပင်။

အိုဘီအိုအာရ်ဆိုသည်မှာ တရုတ်ကဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၈ နိုင်ငံ တို့စုပေါင်းကာ စီးပွားရေးနှင့် ကုန်သွယ်မှုကို အရှိန်မြှင့်လုပ်ရန် ရည်ရွယ်သည့် မဟာစီမံကိန်းဖြစ်သည်။

အိုဘီအိုအာရ်သည် One Belt, One Road ကို အတိုကောက်ခေါ်ဝေါ်ကြ ခင်းဖြစ်ပြီး 'ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ကြောင်း' စီမံကိန်းဟု ဆိုလိုသည်။ ယင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်က ၄င်းအာဏာရပြီး မကြာမတင်မှာ ပင် ကြွေးကြော်ချမှတ်ခဲ့သည့် စီမံကိန်းကြီးလည်းဖြစ်သည်။

ထိုရေရှည်စီမံကိန်းကြီးတွင် ပါဝင်သည့် နိုင်ငံအားလုံးပေါင်းလျှင် လူဦးရေ စု စုပေါင်း ၄ ဒသမ ၄ ဘီလျံရှိမည်ဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် ရှိမည်ဖြစ်ကာ ယင်းတို့၏စုစုပေါင်း ဂျီဒီပီသည် တစ်ကမ္ဘာလုံး၏ ၄ဝ ရာခိုင်နှုန်း ကို ကိုယ်စားပြုသည်။

နိုင်ငံ ၃ဝ ကျော်က ခေါင်းဆောင်တို့က ထောက်ခံကြောင်း လက်မှတ်ထိုး လိုက်ကြပြီ ဖြစ်သည့်အတွက် စာရွက်ပေါ်ကစီမံကိန်းထက် များစွာပုံပေါ်လာ ပြီ ဖြစ်သည်။

ရှေးခေတ်ကမ္ဘာ့ကုန်သွယ်ရေးပိုးလမ်းမကြီးကိုတင်စားပြီး ပြန်လည်မှည့်ခေါ်ထားသည့် ''ပိုးလမ်းမ စီးပွားရေးရပ်ဝန်း''နှင့် ''၂၁ ရာစု ရေကြောင်း ပိုးလမ်း မ'' နှစ်ခုမှာ အိုဘီအိုအာရ်၏ ပင်မအစိတ်အပိုင်းများဖြစ်သည်။ ပထမတစ်ခုမှာ တရုတ်နှင့်ဥရောပဆက်သွယ်မည့် ကုန်းလမ်းကုန်သွယ်ရေး လမ်းကြောင်းကြီး ကို ခေါ်ဆိုခြင်းဖြစ်ပြီး လမ်းတစ်လျှောက် နိုင်ငံများတွင် အခြေခံ အဆောက် အအုံများလည်း ဆောက်ကြမည်။ ဒုတိယတစ်ခုမှာ အာရှနှင့် ပစိဖိတ်သမုဒ္ဒရာ ကိုဖြတ်မည့် ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းကြီးဖြစ်ပြီး နိုင်ငံအသီးသီး၌ ဆိပ်ကမ်းများ တည်ဆောက်ရေးကိစ္စလည်းပါသည်။

အိုဘီအိုအာရ်ဆိုသည်မှာ ရိုးရှင်းစွာဆိုရလျှင် အာရှ၊ ဥရောပ၊ အာဖရိကတိုက် သုံးတိုက်ကို ရေကြောင်း၊ ကုန်းကြောင်း ဆက်သွယ်ပြီးလျှင် နိုင်ငံများ အချင်း ချင်း ချိတ်ဆက်ကုန်သွယ်ကြ၊ အခြေခံအဆောက်အအုံများ တည်ဆောက်ကြ မည့် စီမံကိန်းဖြစ်သည်။ သို့သော် ထိုစီမံကိန်းကြီး၏ ရုပ်လုံးအပြည့်ကို မည်သူ မျှ ရေရာရှင်းလင်းစွာ ဂဃနဏ ယခုအထိ မပြောနိုင်သေးပေ။

ပီကင်းတက္ကသိုလ်၏ စီးပွားရေးပါမောက္ခတစ်ဦးဖြစ်သူ ခရစ္စတိုဖာဘယ်လ်ဒင်း က ဆိုလျှင် ''အဲဒီဟာ (အိုဘီအိုအာရ်)က အရာရာအားလုံးလို့လည်း အဓိပ္ပာ ယ်ရတယ်။ တစ်ပြိုင်နက်တည်းမှာ ဘာဆိုဘာမှမဟုတ်ဘူးလို့လည်း ဆိုနိုင် တယ်''ဟုပင် စီအင်န်အင်န် သတင်းဌာနကို ပြီးခဲ့သည့်မေလက ပြောကြားဖူး သည်။

အိုဘီအိုအာရ်မှာ တရုတ်ကိုရော သူ့မိတ်ဖက်နိုင်ငံများကိုပါ အကျိုးရှိစေနိုင် သည့် နည်းတူ ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးအပေါ် တရုတ်လွှမ်းမိုးလာ မည်ကို စိုးရိမ်မှုများလည်းရှိနေသည်။ မြန်မာနိုင်ငံကလည်း အိုဘီအိုအာရ်အေ ကြာင်းတွေးရန် အချိန်တန်လာသည့် အကြောင်းရင်းများ ရှိနေပြီ။

အိုဘီအိုအာရ် မြန်မာအတွက် ဘာကြောင့်အရေးပါ

တရုတ်သည် အမေရိကန်ပြီးလျှင် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အား အကြီး ဆုံး၊ မြန်မာနှင့် နယ်နိမိတ်ချင်းထိနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ြ ပည် ခရီးစဉ်အတွင်း အိုဘီအိုအာကို သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ ပြီး ဖြစ်သည်။

''ပါကိုပါမှ ဖြစ်မယ်။ ဒါကို တရုတ်ကိုယ်တိုင်ကလည်း ယူဆတဲ့အတွက် နိုင်ငံေ တာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်သွားတုန်းက အိုဘီအိုအာရ်မှာ မြန် မာနိုင်ငံပါဝင်ဖို့ လက်မှတ်ရေးထိုးခဲ့တာ''ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဇေယျသူက သုံးသပ်သည်။

အခြားတစ်ဖက်တွင်မူ တရုတ်ဆွဲထားသော အိုဘီအိုအာရ် မြေပုံတွင် ယခု ထိ မြန်မာမပါသေးပေ။

''မြေပုံထဲမှာ မပါရင်တောင်မှ နောက်ကျရင် ပါလာမှာဖြစ်တယ်။ မပါရင်လည်း တရုတ်ရဲ့ အိုဘီအိုအာရ် ပြည့်စုံမှာ မဟုတ်ဘူး။ သူ့ရဲ့ လိုအပ်ချက်က ကျွန်ေ တ်ာတို့ ဖြစ်နေတယ်''ဟု ဦးဇေယျသူက ဆက်ပြောသည်။

ကမ္ဘာ့အလယ်မှ ကမ္ဘာ့အရှေ့ဖျားသို့၊ ကမ္ဘာ့မြောက်ဖျားမှ တောင်ဖျားသို့ ကူး လူးဆက်ဆံနိုင်မည်။ ထို့ပြင်ထိုကွန်ရက်ဖွဲ့ထားသည့် နိုင်ငံများအားလုံးကို တစ်ပြိုင်နက်တည်း စီးပွားရေးတိုးတက်အောင် လုပ်ကြမည့်အထဲမှာ မြန်မာ က ချန်နေခဲ့သင့်ရဲ့လားဟူသည်မှာ မေးခွန်းကောင်းတစ်ခုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ့ခရီးစဉ်အတွင်း Belt & Road ၏ မည်သည့် ကဏ္ဍတွင် ပါဝင်မည်ကို တိကျစွာ ပြောဆိုခဲ့ခြင်းမဟုတ်ဘဲ မြန်မာသည်လည်း အခြားနိုင်ငံများနည်းတူ ပူးပေါင်းပါဝင်ရန် အကြမ်းဖျင်း ပြောဆိုခဲ့ခြင်းသာ ဖြ စ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (စီမံ ကိန်း) ဦးထွန်းထွန်းနိုင်က ပြောသည်။

''လုပ်မယ်ဆိုတိုင်းလည်း မျက်စိမှိတ်ပြီး လုပ်လိုက်လို့မရဘူး။ တချို့ကိစ္စရပ်ေ တွရှိတယ်။ ဒါတွေကို ခဏဆိုင်းငံ့ထားဦးတို့၊ ဒါတွေတော့ လောလောဆယ် မလုပ်သေးဘူးတို့ ဒါတွေလည်း လုပ်ရတာရှိတယ်။ ဒါကြောင့်မို့ ဘယ်စီမံကိန်း မျိုးကိုမဆို ကိုယ့်နိုင်ငံ၊ ကိုယ့်ရဲ့လူမျိုး၊ကိုယ့် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်ေ လာက်အတိုင်းအတာထိ သက်ရောက်မှုဖြစ်သလဲကဏ္ဍကို သေချာကြည့်ရှုပြီး လုပ်ကိုင်ဆောင်ရွက်ရမယ့် အနေအထားရှိပါတယ်''ဟု ဦးထွန်းထွန်းနိုင် က ပြောသည်။

သို့သော် အိုဘီအိုအာရ်တွင် အခြားနိုင်ငံများလည်း ပါဝင်နေသဖြင့် မြန်မာ လည်း ဝင်ရောက်ပါဝင်ခြင်းဖြင့်နောက်ကျ မကျန်ရစ်စေနိုင်သည့်အတွက်မူ မည်သူ့ဘက်မျှမသာ၊ မနာစေမည့် ပူးပေါင်းမှုမျိုးဖြစ်အောင် ဆွေးနွေးမှု များတော့ ရှိကြောင်း သူက ပြောသည်။

စိုးရိမ်မှုများ

အိုဘီအိုအာရ်သည် တရုတ်က စလိုက်သောအရာဖြစ်သဖြင့် တရုတ်နှင့် ပတ်သက်၍ အတိတ်ဒဏ်ရာ ရှိထားသော မြန်မာအဖို့ တရုတ်ပါဝင်ပတ်သက် မှုကြောင့် အချုပ်အခြာအာဏာကို တစ်နည်းတဖုံ ထိခိုက်မည်လော ဟူေ သာကြောင့် ကျစိတ်ရှိနေကြသည်ဟု လေ့လာသူအချို့ က မြန်မာတိုင်း(မ်) ကို ပြောကြသည်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီ အဖွဲ့ ဝင်လည်းဖြစ်၊မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဖွဲ့ဝင်လည်းဖြစ်သည့် ဦးေ အးလွင်က အချုပ်အခြာအာဏာထိပါးမည်ကို စိုးရိမ်သူများ ရှိပင်ရှိနေကြေ သ်ာငြားလည်း အချုပ်အခြာအာဏာ ထိပါးသည်ဆိုသောခေတ်မှာ ကိုလိုနီေ ခတ်ကလို ကမ္ဘာပေါ်မှာ မရှိတော့ဟု မှတ်ချက်ပြုသည်။

တရုတ်သမ္မတရှီကမူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် အိုဘီအို အာရ်ဆိုင်ရာဖိုရမ်တွင် ပြောသည့်မိန့်ခွန်း၌ နိုင်ငံအားလုံးသည် အခြားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ကိုလေးစားရမည်ဆိုသည့်အချက်အား ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားေ နသည့် တရုတ်နှင့် အခြားနိုင်ငံများ၏ နယ်နိမိတ် အငြင်းပွားမှုကိစ္စက လည်း ထောက်ချင့်စရာ ဖြစ်နေပြန်သည်။

အခွင့်အရေးလား

အိုဘီအိုအာရ်တွင် မြန်မာပါလျှင် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ပြီး၊ ပဋိပ က္ခများကြောင့် ဖွံ့ဖြိုးရန်ခက်နေသည့် ရခိုင်ပြည်နယ်နှင့် ဆက်စပ်ပြည်နယ် များအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ရန် ခေါင်းစဉ်ဖြစ်လာနိုင်သည်။ အဘယ်ေ ကြာင့်ဆိုသော် မြန်မာပါလျှင် တရုတ်၊ မြန်မာနိုင်ငံနယ်စပ်မှတစ်ဆင့် ရခိုင်ြ ပည်နယ်၊ ကျောက်ဖြူမြို့နယ်ကို ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြတ်သန်း မည်ဖြစ်သောကြောင့်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ၏ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကလည်း ''ဒီရထားကြီးပေါ်မှာ မြန်မာက တက်မစီးလို့မရဘူး။ တက်စီးကို စီး ရမယ်'' ဟု အိုဘီအိုအာရ်အပေါ် သူ့အမြင်ကို ပြောပြသည်။ သို့သော်လည်း သူ့တွင် စိုးရိမ်စိတ်ရှိသည်။

''အိုဘီအိုအာရ်ဟာ ကျွန်တော်တို့အတွက်ကောင်းသော အခွင့်အရေးဖြစ် သလို၊ မလုပ်တတ်ရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ အချုပ် အခြာအာဏာ၊ သယံဇာတတွေ အားလုံးကိုသူများတွေ လက်ဝေယူကြမှာ''ဟု ၄င်းက ပြောသည်။

မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇော်ဖေဝင်းကလည်း ''နိုင်ငံပေါင်း ၆ဝ ကျော်ပါမယ့် လမ်းကြောင်းကြီးမှာ ကျွန်တော်တို့ကျန်ခဲ့လို့မရဘူး။ ကျွန်တော်တို့မပါလည်း သူတို့ကလုပ်မှာပဲ'' ဟုပြောသည်။ သို့သော်လည်း သူကလည်း သတိရှိဖို့ပြောသည်။

''ကိုယ့်နိုင်ငံရဲ့အင်အားကို သိရှိရမယ်'' ဟု သူကမှတ်ချက်ပြုပြီး ''အခွင့်အ လမ်းတွေ၊ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေကို အသေးစိတ်လေ့လာဖို့ လိုအပ် တယ်''ဟု သူက ဆက်ပြောသည်။

အိုဘီအိုအာရ်တွင် ပါလိုက်ရုံနှင့် လူအင်အား၊ ငွေအင်အားများ လာပေးမည် မဟုတ်ပေ။ နိုင်ငံများက မိမိဖာသာမိမိလိုအပ်ချက်ကို ဖြည့်ရမည်ဖြစ်သည်။ မိမိလိုအပ်သည်ကို မိမိဖာသာ တည်ဆောက်ရမည်ဖြစ်ပြီး ထိုအတွက် လိုအ ပ်သောချေးငွေ၊ နည်းပညာ အကူအညီများကိုသာ ရရှိမည်ဖြစ်သည်။

အကယ်၍ မြန်မာမပါဝင်ပါကလည်း ဒုတိယလမ်းကြောင်းဖြစ်သည့် ဗီယက် နမ်၊ လာအို၊ ထိုင်းမှတစ်ဆင့် စင်ကာပူကို ဖြတ်သန်းနိုင်သဖြင့် ကိုယ်မပါနိုင် ပါက ကျန်ရစ်ခဲ့မည်သာ။

ပြင်ဆင်မှုတွေလို

အထက်ကပြောသကဲ့သို့ စိုးရိမ်စရာများဖြစ်မလာစေရန် ''ဥပဒေတွေ ပြဋ္ဌာန်း ဖို့လိုပြီ။ ဒီဥပဒေတွေနဲ့ ကာရမယ်။ မစားရဝခမန်း ဖြစ်မသွားဖို့လိုတယ်''ဟု ဦးဇော်အေးမောင်က ဆိုသည်။

မြန်မာသည်အိုဘီအိုအာရ်တွင် ဘယ်နေရာက လိုက်မလဲဆိုသည်အတွက် မဟာဗျူဟာတစ်ခုလိုအပ်သကဲ့သို့ အိုဘီအိုအာရ်နှင့် ထိုဗျူဟာချိတ်ဆက်ရေး ကြိုစဉ်းစားရန်လိုအပ်ပေရာ အစီအစဉ်ချထားရမည်ဖြစ်သည်။ ဥပဒေ၊ နည်း ဥပဒေများ ပြင်ဆင်ထားရန်လည်း လိုအပ်သလို အိုဘီအိုအာရ် မဟာဗျူ ဟာနှင့် မြန်မာ့စီးပွားရေးမဟာဗျူဟာမှာ သီးခြားစီ ရှိနေပါက ပြဿနာ ရှိနိုင် သည်ဟု လေ့လာသူတို့က ဆိုသည်။ ထို့ကြောင့် ယင်းနှစ်ခုကို ချိတ်ဆက်ထား ရန်လည်း လိုအပ်မည်ဟု ၄င်းတို့က တိုက်တွန်းသည်။

အိုဘီအိုအာရ်တွင်ပါလျှင် လိုအပ်သော အခြေခံအဆောက်အအုံအတွက် တရုတ်၏ အာရှအခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (Asia Infrastructure Investment Bank - AIIB) ထံမှ မြန်မာက ငွေချေးနိုင် သည်။

သို့ရာတွင် ယခင်အစိုးရများချေးခဲ့သော ပြည်ပကြွေးမြီများအနက် တရုတ်မှ ယူထားသည်က အများဆုံး ဖြစ်နေပြီးဖြစ်သည်။ တရုတ်ထံမှ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော် ချေးထားသည်ဟု ယခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့် ခွဲမှု မဟာဗျူဟာတွင်တွေ့ရသည်။

မြန်မာတွင် ပြည်ပရင်းနှီးမြှုပ်နှံထားမှု၌လည်း တရုတ်က နံပါတ်တစ်ဖြစ်သည်။ ထို့ကြောင့် တရုတ်လွှမ်းမိုးမှုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီးဖြစ်သည်။

အဆိုပါအခြေအနေများကြောင့် အိုဘီအိုအာရ် စီမံကိန်း၏အခြေခံအဆောက် အုံများအတွက် အရင်းအနှီးအား ချေးငွေရယူရာတွင်လည်း တရုတ်ဘဏ်က ထပ်ယူမယူ အစိုးရကသေချာစွာသုံးသပ်ရမည်ဟု လေ့လာသူများက ဆိုသည်။

မချေးခင် ရမည့်အကျိုးနှင့် ပေးရမည့်အတိုးကို သေချာစွာ လေ့လာထားပြီးမှ လုပ်ရမည်ဟု ဦးဇေယျသူကထောက်ပြသည်။

''ကိုယ့်နိုင်ငံက ဘယ်လောက်ရမလဲ သေချာတွက်ဖို့လိုမယ်။ နို့မိုဆိုရင် နိုင် ငံခြားသွားရင် နိုင်ငံတော်အဆင့်ပဲသွားသွား။ အောက်ခြေ အဆင့်ပဲသွားသွား ကျွန်တော်တို့က ပြင်ဆင်သွားတာမရှိဘူး။ ဟိုဘက်က စာချုပ်ချုပ်ဆိုရင် ဟို ဘက်ကပြင်ထားတော့ သိပ်မစဉ်းစားနိုင်တော့ဘဲ လက်မှတ်ကောက် ထိုး တာတွေ၊ မလုပ်တော့ဘူးဆိုပြီး ဖြစ်သွားတာတွေကြားဖူးတယ်''ဟု ၄င်း က ပြောသည်။

နယ်စပ်ဒေသများတွင် တရားမဝင်လုပ်ငန်းများကြီးထွားနေရာ ယင်းကိုဖြေ ရှင်းရန် လမ်းပန်းဆက်သွယ်ရေးကောင်းရမည်ဖြစ်ပြီး ဥပဒေစိုးမိုးရမည် ဖြစ် သည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကိစ္စမှာလည်း အိုဘီ အိုအာရ်သို့ မြန်မာဝင်ရေးအတွက် ဖြေရှင်းရန်လိုသည်။ အလွယ်တကူ စီး ပွားရေးလုပ်ငန်းလည်း လုပ်ဆောင်နိုင်အောင် လုပ်ရဦးမည်ဖြစ်သည်။ သို့ေ သ်ာအိုဘီအိုအာရ်ကြောင့် ထိုကိစ္စများ ဖြေရှင်းရန် အခွင့်အလမ်းလည်း ရ လာနိုင်သည်ဟု အချို့က ဆိုသည်။

အိုဘီအိုအာရ်တွင် မြန်မာပါဝင်မှုသည် အပေါင်းလား၊ အနုတ်လားဆိုသည်နှင့်
လိုအပ်ချက်ကို ကြိုပြင်နိုင်မည်လားဆိုသည်မှာ မိမိနိုင်ငံ၏ ကြိုးစားအားထုတ် မှု၊ မူဝါဒနှင့် အဘက်ဘက်က သက်ဆိုင်သောသူများ၏ စွမ်းဆောင်ရည်များ အပေါ်တွင်မူတည်နေသည်။ မရေရာမှုများ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များကတော့ သူငယ်ချင်းတွေလို အချင်းချင်း လက်တွဲကာ လာနေကြပြီ ဖြစ် သည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service