ဗိုလ်တထောင်ဘုရားမှတ်တိုင်နှင့် မဟာမြိုင်မှတ်တိုင်တို့တွင် လူကူးခုံးကျော်တံတား ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1457 Views

ဗိုလ်တထောင်ဘုရားမှတ်တိုင်နှင့် မဟာမြိုင်မှတ်တိုင်တို့တွင် လူကူးခုံးကျော်တံတား ဆောက်မည်

ဆိပ်ကမ်းမြို့နယ် ကမ်းနားလမ်းရှိ ဗိုလ်တထောင်ဘုရားမှတ်တိုင်နှင့် စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ မဟာမြိုင် မှတ်တိုင်များတွင် လူကူးခုံးကျော်တံတားအသစ် နှစ်စင်းကို ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန် မြန်မာနိုင်ငံ တိုင်းရင်းသားပိုင် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး တင်ဒါများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တင်ဒါစိစစ်ရေးအဖွဲ့မှ ရွေးချယ်သွားမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“လူကူးခုံးကျော်တံတား နှစ်စင်းကို ဒီနှစ်ထဲမှာ စည်ပင်ဘတ်ဂျက်နဲ့ တည်ဆောက်မှာပါ။ တိုင်းအစိုးရအဖွဲ့ကလည်း တည်ဆောက်ဖို့ အတည်ပြုပြီးပါပြီ။ တင်ဒါပိတ်ပြီးတာနဲ့ ရွေးချယ်ပြီး ပြန်ကြေညာပေးမယ်။ လူသွားများတဲ့နေရာမှာ ပြည်သူတွေ ထိခိုက်အန္တရာယ် မရှိဖို့ ဆောက်လုပ်တာပါ” ဟု ၎င်းက ဆိုသည်။

လူကူးခုံးကျော်တံတား တည်ဆောက်မည့် ကုမ္ပဏီများ အနေနှင့် တင်ဒါများကို နည်းပညာဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာဟူသော သီးခြားစာအိတ်များဖြင့် ညွှန်ကြားချက်များနှင့်အညီ တင်သွင်းရမည် ဖြစ်သည်။

တင်ဒါစာရွက်စာတမ်းများကို သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ရန်ကုန်မြို့တော်ခန်းမ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တွင် တစ်စောင်လျှင် တစ်သောင်းဖြင့် ရုံးချိန်အတွင်း ဝယ်ယူကာ ဆောင်ရွက်မည့် ဒီဇိုင်းပုံစံ အပါအဝင် တင်ဒါစာရွက် အပြည့်အစုံကို စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရသည်။

“ဗိုလ်တထောင်ဘုရားရှေ့မှာ ကွန်တိန်နာကားကြီးတွေ ဖြတ်နေတော့ ဘုရားဖူးပြည်သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရုံးတက်ရုံးဆင်း ပြည်သူတွေက အရမ်းအန္တရာယ် များပါတယ်။ အခုလို လူကူးခုံးကျော်တံတား ဆောက်ပေးမယ်ဆိုတော့ အရမ်းကောင်းပါတယ်” ဟု ဗိုလ်တထောင်မြို့နယ်နေ ဦးကျော်နိုင်က ဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service