ကမ္ဘောဒီးယားတွင် ရွာသားတို့၏ နေအိမ်များကို လာရောက်ဖျက်သိမ်းသော ကုမ္ပဏီဝန်ထမ်းများနှင့် ရွာသားများအကြား အဓိကရုဏ်းဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
711 Views

ကမ္ဘောဒီးယားတွင် ရွာသားတို့၏ နေအိမ်များကို လာရောက်ဖျက်သိမ်းသော ကုမ္ပဏီဝန်ထမ်းများနှင့် ရွာသားများအကြား အဓိကရုဏ်းဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါ့ပြည်နယ်၊ ဒီချို အဖီဗက်ဒေသတွင်
ရွာသားများ၏ နေအိမ်များကို လာရောက်ဖျက်သိမ်းသော ကုမ္ပဏီဝန်ထမ်းများနှင့် ရွာသားများအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

First Bio-Tech Agricultural (Cambodia) Co Ltd သည်
ရွာသားများ၏ နေအိမ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားခဲ့ပုံကို ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းတွင်
တွေ့ရသည်မှာ ကုမ္ပဏီဝန်ထမ်းများသည် ရွာသားများ၏ တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားပြီးဖြစ်သော နေအိမ်များကို ဖျက်သိမ်းနေသည်ကို တွေ့ရသည်။

ရွာသားများကလည်း ကုမ္ပဏီအလုပ်သမားတစ်ဦးကို ဆိုင်ကယ်ပေါ်မှ
ဆွဲချကာ ဝိုင်းဝန်းရိုက်နှက်ကြပြီး အခြားရွာသားများကလည်း ကုမ္ပဏီပိုင် ကားတစ်စင်းကို ဖျက်ဆီးနေကြသည်ကို တွေ့ရသည်ဟု ဆိုသည်။

အဆိုပါမြေနေရာကို သူဌေးကြီး ချန်း ဆိုသီယာပိုင်ဆိုင်သည့် ကုမ္ပဏီသို့
၂၀၀၅ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းသုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပြီး လွန်ခဲ့သော ၂ လခန့်က ကမ္ဘောဒီးယားစစ်ဘက်၊ စစ်ရဲများနှင့် ချရေး ဘက်ခ်ရွာသားများအကြား ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး
လည်း ဖြစ်သည်။

အသက် ၆၂ နှစ်အရွယ်ရှိ ဆီအန် ချန်သွန်အမည်ရှိ အမျိုးသမီးကြီးက ပြောကြားရာတွင် အဆိုပါမြေသည် မိမိတို့မိသားစု နေထိုင်ခဲ့ရာ ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်၊ ၂၀၁၂ ခုနှစ်အတွင်းက နှင်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

မကြာသေးမီလများအတွင်း မိမိတို့နေထိုင်ခဲ့ရာနေရာသို့ ပြန်လာကာ နေအိမ်များ ပြန်လည်ဆောက်လုပ်ကာ မိမိတို့မြေကို ပြန်လည်တောင်းဆိုလျက်ရှိခြင်းဖြစ်ကြောင်း ချန်သွန်က ပြောကြားသည်။
“အခုတော့ ကျွန်မတို့ရဲ့ နေအိမ်တွေကို ဖျက်ချနေတာ ဒီတိုင်းပဲ ကြည့်နေရတော့တယ်။ သူတို့ကို စိန်မခေါ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သေနတ်တွေရှိပါတယ်”

သို့ရာတွင် ဒေသတွင်း အာဏာပိုင်တို့က ပြောကြားရာတွင် ဘိုကော်အမျိုးသားဥယျာဉ်အနီးရှိ ဟက်တာ ၁၀၀၀၀ ကို ဆွန်သီယာ၏ ကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သောကြောင့် ကုမ္ပဏီက ပိုင်ဆိုင်သည်မှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားသည်။

ထိုဒေသတွင် နေထိုင်သူတို့သည် အမျိုးသားမြေယာစီမံကိန်းမစတင်မီ အလျင်စလို နေအိမ်များ ဆောက်လုပ်လာသူများဖြစ်သည်ဟုလည်း ဒေသတွင်း အာဏာပိုင်တို့က ဆိုသည်။

ဒီချို အဖီဗက်ဒေသ အကြီးအကဲ ဆန်ကရီယက ပြောကြားရာတွင် ယင်းရွာသားများအနက်မှ အချို့မှာ ယခုပြန်ရောက်လာခြင်းဖြစ်ပြီး အများစုမှာမူ ယခင်က လုံးဝနေထိုင်ခဲ့ဖူးခြင်းမရှိသူများဖြစ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ရွာသားတို့၏ နေအိမ်များကို လာရောက်ဖျက်သိမ်းသော ကုမ္ပဏီဝန်ထမ်းများနှင့် ရွာသားများအကြား အဓိကရုဏ်းဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ရွာသားတို့၏ နေအိမ်များကို လာရောက်ဖျက်သိမ်းသော ကုမ္ပဏီဝန်ထမ်းများနှင့် ရွာသားများအကြား အဓိကရုဏ်းဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service