အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
1888 Views

အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၁၇ ရက်ကြာ အဝေးရောက်နေစဉ်
အိမ်ဖြူတော်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း အကုန်အကျခံပြီး အကြီးစားပြင်ဆင်မွမ်းမံမှုတွေကို ပြုလုပ်နေပါတယ်။ (သတင်းအတွင်း ဓာတ်ပုံများ စုံလင်စွာဖော်ပြပေးထားပါသည်)

သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့ သောကြာက နယူးဂျာစီပြည်နယ်ကို
အဲဖို့စ်ဝမ်းလေယာဉ်ကြီးနဲ့ ထွက်ခွါခဲ့ပြီး တစ်နာရီခန့်အကြာမှာပဲ ဘဲဥပုံရုံးခန်းမှာ
ပရိဘောဂတွေကို ရှင်းလင်းပစ်လိုက်ပါတယ်။ အဲ့လိုရှင်းလင်းပြုပြင်မွမ်းမံဖို့အတွက်ဆောက်လုပ်ရေးအလုပ်သမားတွေ ၀င်ရောက်လာတယ်ဆိုရင်ပဲ ဘဲဥပုံရုံးခန်းထဲကအိမ်ဖြူတော်ဝန်ထမ်းတွေ နေရာရွှေ့ပြောင်းရပါတော့တယ်။

သမ္မတဟောင်းဘာရက်အိုဘားမားအစိုးရလက်ထက်ကတည်းက အတည်ပြုခဲ့ပြီးဖြစ်တဲ့ အိမ်ဖြူတော်ပြုပြုမွမ်းမံမှုတွေမှာ အိမ်ဖြူတော်အပူပေးစနစ်ပြုပြင်မွမ်းမံခြင်း၊
လေ၀င်လေထွက်မှုပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် လေသန့်စင်မှုစနစ် ပိုမို
ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ အိမ်ဖြူတော်အိုင်တီစနစ်အဆင့်မြှင့်ခြင်း၊ အဆောက်အအုံပြင်ပ ခြံမြေများအား အဆင့်မြှင့်ခြင်းတွေ ပါဝင်ပါတယ်။

မျက်နှာကြက်မှ ယိုပေါက်မှုများနဲ့ ယင်ကောင်တွေ့ရှိခြင်း အပါအ၀င်
အိမ်ဖြူတော်မှာ ယိုယွင်းပျက်စီးမှုကိစ္စရပ်တွေဟာ အခုနောက်ပိုင်းနှစ်တွေမှာ
ဖြစ်ပွားလာပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကဆိုရင် အိမ်ဖြူတော်မှာ အိုဘားမားက ယင်ကောင်တစ်ကေင်ကို သတ်နေတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ယခုနှစ်အစောပိုင်းတုန်းကလည်း ထရမ့်က ယင်ကောင်တစ်ကောင်ကို သတ်ဖို့
သူ့ရဲ့လက်အောက်အရာရှိဟောင်းတစ်ဦးကို ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်း
ထွက်ပေါ်ခဲ့ပါတယ်။

ယခုပြုပြင်မွမ်းမံနေတဲ့ကာလအတွင်းမှာ အိမ်ဖြူတော်ဝန်ထမ်းတွေဟာ
နံဘေးရှိအိုင်ဆင်ဟောင်ဝါတာဝန်ခံရုံးအဆောက်အအုံမှာ
အလုပ်လုပ်နေကြပါတယ်။

အိမ်ဖြူတော်နဲ့ ပတ်သက်လို့ ထရမ့်ကတော့ "ကျွန်တော် အိမ်ဖြူတော်ကို ချစ်တယ်။ကျွန်တော် တွေ့မြင်ဖူးသမျှအလှဆုံးအဆောက်အအုံ(အိမ်)တွေထဲက တစ်ခုပါပဲ"လို့ ပြီးခဲ့တဲ့အပတ်က twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သမ္မတထရမ့်က သူဟာ နယူးဂျာစီမှာ ရှိနေစဉ် အစည်းအ၀းတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ twitter မှာ ရေးသားခဲ့သေးကြောင်းလည်းဖော်ပြလိုက်ရပါတယ်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com
အကြီးစားပြင်ဆင်မွမ်းမံမှုများနှင့် ရင်ဆိုင်နေရသည့် အိမ်ဖြူတော် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service