လော့စ်အိန်ဂျလိတွင် အိမ်ငှားခ ၅ ရာခိုင်နှုန်း ထပ်မံမြင့်တက်သွားမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် အိမ်ယာမဲ့ဖြစ်လာကြဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
1782 Views

လော့စ်အိန်ဂျလိတွင် အိမ်ငှားခ ၅ ရာခိုင်နှုန်း ထပ်မံမြင့်တက်သွားမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် အိမ်ယာမဲ့ဖြစ်လာကြဖွယ်ရှိ

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိတွင် နေအိမ်ခန်းငှားရမ်းခများ ၅ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်သွားရာ လူပေါင်း ၂၀၀၀ ကျော် အိမ်ယာမဲ့ဖြစ်လာကြဖွယ်ရှိကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်ဟု လော့စ်အိန်ဂျလိအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အဆိုပါလေ့လာမှုကို အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ Zillow မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ လူနေအထူထပ်ဆုံးဒေသ ၂၅ နေရာတွင် သန်းခေါင်စာရင်းအချက်အလက်များနှင့် အိမ်ရာမဲ့ဦးရေတို့အပေါ် အခြေခံထားသည်။

အိမ်ငှားခဈေးမြင့်တက်မှုက အိမ်ရာမဲ့ဦးရေတိုးပွားစေကြောင်း ယခုသုတေသနက ဖော်ပြပြီး အထူးသဖြင့် လော့စ်အိန်ဂျလိကဲ့သို့ အငှားနေအိမ်ရှားပါးသော မြို့ ကြီးများတွင် ဖြစ်သည်။

ယခုလေ့လာချက်တွင် Zillow ၏ ကိုယ်ပိုင်အချက်အလက်များလည်း ပူးပေါင်းကာ အဖြေထုတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
Zillow ၏လေ့လာချက်အရ ယခုနှစ် ဇန်နဝါရီတွင် လော့စ်အိန်ဂျလိ၏ အိမ်ရာမဲ့ဦးရေမှာ ၆၁၀၀၀ ကျော်ရှိပြီး ဒေသတွင်းအာဏာပိုင်တို့၏ အဆိုပါကာလထုတ်ပြန်ချက်မှာ၅၈၀၀၀ ဦးဟု ဆိုရာ အိမ်ရာမဲ့တို့ကို အသေအချာရေတွက်မှု အားနည်းနေကြောင်းညွှန်ပြသည်။

အိမ်ရာမဲ့ဖြစ်ရခြင်းအကြောင်းရပ်များဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ ပါမောက္ခ ဒင်းနစ် ပီ-ကာလ်ဟိန်းက ပြောကြားရာတွင် အိမ်ယာမဲ့ဖြစ်ရမှုအပေါ် အိမ်ငှားခမြင့်တက်မှု၏ အကျိုးသက်ရောက်မှုဆိုင်ရာ အစောပိုင်း သုံးသပ်ချက် များထက် Zillow ၏ လေ့လာချက်များက ပိုမိုကောင်းမွန်ကြောင်း ပြောကြားသည်။

“ဒါက အကောင်းဆုံးလေ့လာချက်လို့ ကျွန်တော်သုံးသပ်ပါတယ်။ Zillow လိုမျိုး အိမ်ငှားဈေးကွက် အချက်အလက်တွေကို ထဲထဲဝင်ဝင်ရှာဖွေခဲ့တာမျိုးနည်းပါးတယ်” ဟု ကာလ်ဟိန်းက သုံးသပ်ချက်ပေးသည်။
လော့စ်အိန်ဂျလိတွင် နေအိမ်ငှားရမ်းရန်ရှိသည့် ပမာဏမှာ ပျှမ်းမျှအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး နယူးယောက်နှင့် ဆန်ဖရန်စစ္စကို မြို့ ကြီးများအောက် နည်းပါးလျက်ရှိသည်။

ဟပ်စတန်နှင့် တမ်ပါကဲ့သို့ နေအိမ်ငှားရမ်းရန်လစ်လပ်မှု မြင့်မားသော မြို့ ကြီးများတွင်မှု အိမ်ငှားခမြင့်မားမှုနှင့် အိမ်ယာမဲ့ဖြစ်မှု ဆက်သွယ်ချက် အားနည်းသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service