၁၀မိနစ်အတွင်း တည်ဆောက်ကာနေထိုင်နိုင်မည့် ခေါက်အိမ်
၁၀မိနစ်အတွင်းမှာပဲဖြန့်ပြီး တည်ဆောက်နေထိုင်နိုင်မယ့် ခေါက်အိမ်လေးကို ဗြိတိန်အင်ဂျင်နီယာတွေက ဖန်တီးထုတ်လုပ်လျက် ရှိပါတယ်။
ဒီခေါက်အိမ်လေးတွေကိုတီထွင်သူက ဒေးဗစ်မာတင်ဖြစ်ပြီး Ten Fold ကုမ္ပဏီကနေ ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ ခေါက် အိမ်တစ်လုံးကို ဒေါ်လာ ၁၃၀၄၀၀ ကျသင့်တယ်လို့ သိရပါတယ်။
အိမ်တစ်လုံးလုံးကို ခေါက်သိမ်းထားတာဖြစ်ပြီး ကုန်တင်ကားပေါ် သယ်ယူသွားနိုင်ကာ စိတ်တိုင်းကျနေရာမှာ ပြန်ဖြန့်ကာ တပ်ဆင်လိုက် ရုံနဲ့ နားခိုရာအိမ်လေးတစ်လုံးကို ၁၀မိနစ်အတွင်း တည်ဆောက်ပြီးသား ဖြစ်စေမယ့် ခေါက်အိမ်မျိုးဖြစ်ပါတယ်။
ဒီလိုခေါက်အိမ်တွေက အိမ်တွေအပြင်၊ ကျောင်းစာသင်ခန်းတွေ၊ လုပ်ငန်းဌာနတွေ၊ ဈေး ဆိုင်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်စခန်းတွေအဖြစ် အသုံးပြုရအဆင်ပြေစေမယ့် ဘက်စုံသုံး ခေါက် အိမ်တွေဖြစ်ပါတယ်လို့ ဒေးဗစ်မာတင်က ဆိုပါတယ်။
Credit: Pyi Myanmar