လွန်ခဲ့သည့် ၂ လက ကွယ်လွန်သွားသော အမေရိကန်ရုပ်သံမီဒီယာ ဘီလျံနာသူဌေးကြီးပိုင် လော့စ်အိန်ဂျလိခြံဝန်းကြီး တစ်နိုင်ငံလုံးတွင် အမြင့်မားဆုံးစံချိန်တင်ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
1439 Views

လွန်ခဲ့သည့် ၂ လက ကွယ်လွန်သွားသော အမေရိကန်ရုပ်သံမီဒီယာ ဘီလျံနာသူဌေးကြီးပိုင် လော့စ်အိန်ဂျလိခြံဝန်းကြီး တစ်နိုင်ငံလုံးတွင် အမြင့်မားဆုံးစံချိန်တင်ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာ

အမေရိကန်ရုပ်သံမီဒီယာ ဘီလျံနာသူဌေးကြီးပိုင် လော့စ်အိန်ဂျလိနေအိမ်ခြံဝန်းကြီးတစ်ခုသည် အမေရိကန်တစ်နိုင်ငံလုံးတွင် အမြင့်မားဆုံးစံချိန်တင်ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပိုင်ရှင်ဖြစ်သူ ဘီလျံနာ အင်ဒရူး ဂျာရိုး ပီရန်ချီယိုသည် Univision ရုပ်သံကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် မွေးဖွားကာ ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်တွင် ကွယ်လွန်ခဲ့၍ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ် ရှိပြီ ဖြစ်သည်။

၁၉၆၀ ပြည့်လွန်ကာလများက ထုတ်လွှင့်ခဲ့သော “The Beverly Hillbillies” ရုပ်သံဇာတ်လမ်းတွဲကို အဆိုပါစံအိမ်ကြီးအတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ အမေရိကတွင် အမြင့်မားဆုံးဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ရောင်းချတော့မည် ဖြစ်သည်။

ပင်မနေအိမ်ကို နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ဘီလျံနာ ဂျာရီ ပီရန်ချီယို၏ ဘဝဟုလည်း ဆိုနိုင်သည့် နေအိမ်ကြီးဖြစ်သည်။
ပီရန်ချီယိုသည် ယခုစံအိမ်ကြီးတွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်သွားခဲ့ပြီး ထိုကာလအတွင်း အိမ်အနီးရှိ ခြံဝန်းများကို ဝယ်ယူနေခဲ့ရာ ခြံဝန်းကြီးမှာ ၁၀ ဒသမ ၃ ဧကအထိ ကျယ်ဝန်းလာခဲ့သည်။
ယခုဈေးကွက်တင်မှု မတိုင်မီ ယခင်က ပိုင်ရှင် နှစ်ဆက်သာ အပြောင်းအလဲရှိခဲ့ဖူးသေးသည်။

ဗိသုကာပညာရှင် ဆမ်နာ ဆပေါလ်ဒင်းက နီယိုးကလပ်စစ်ကယ်ဗိသုကာ၊ ပြင်သစ်ချာတူးဗိသုကာဟန်တို့ဖြင့် ၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့သည်။
၁၉၄၀ ပြည့်လွန်ကာလများတွင် ဟိုတယ်လုပ်ငန်းရှင် အာနိုး ကာ့ခ်ကဘီထံသို့ ရောင်းချခဲ့ပြီး ကာ့ခ်ကဘီမိသားစုက The Beverly Hillbillies ဇာတ်လမ်းတွဲရိုက်ရန် ရိုက်ကွင်းနေရာအဖြစ် ငှားရမ်းခွင့်ပြုခဲ့ပြီး ယင်းနောက်ပိုင်းတွင် ပီရန်ချီယိုကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ၁၉၈၆ ခုနှစ်တွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
နေအိမ်ကြီး၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၂၅၀၀၀ ရှိပြီး ပီရန်ချီယိုက Chartwell ဟု အမည်ပေးခဲ့သည်။

ယင်းနောက် ဒီဇိုင်နာ ဟင်နရီ ဆင်မြူရယ်ကို ပြန်လည်မွမ်းမံရန် အပ်နှံခဲ့သည်။
ဆင်မြူရယ်မှာ နာမည်ကျော်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ရော့သ်ချိုင်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဗလင်တီနိုတို့၏ နေအိမ်များကိုလည်း ဒီဇိုင်းရေးဆွဲခဲ့သူ ဖြစ်သည်။

ပီရန်ချီယိုသည် ၁၉၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် နာမည်ကျော်လက်ဝှေ့ပွဲစဉ်ဖြစ်သော မိုဟာမက်အလီနှင့် ဂျိုး ဖရာဇီယာတို့ ထိုးသတ်ခဲ့သည့် ပွဲကိုစီစဉ်ခဲ့သူလည်း ဖြစ်သည်။
ပီရန်ချီယိုသည် အရှုံးပေါ်နေသည့် Univision ရုပ်သံကုမ္ပဏီကို ဝယ်ယူလိုက်ပြီး ၁၅ နှစ်အကြာတွင် ကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။

ယခုစံအိမ်ကြီးတွင် ကမ္ဘာ့အဆင့်မီ ဝိုင်သိုလှောင်ခန်းတစ်ခုပါဝင်ပြီး ရှည်လျားလှသော သီးသန့်ကားလမ်း၊ ဧည့်ဂေဟာ၊ တင်းနစ်ကွင်း၊ အလျား ၇၅ ပေရှိ ရေကန်တစ်ခုနှင့် ပန်းဥယျာဉ်များစွာ ပါဝင်သည်။

မကွယ်လွန်မီအချိန်တွင် ပီရန်ချီယိုသည် အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။
အဆိုပါဝယ်ယူခဲ့သည့်နေအိမ်မှာ အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၏ နေအိမ်ပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service