ရန်ကုန်မြို့ပြစီမံကိန်း စီးပွားရေးဗဟိုခွဲ ရန်ကင်း၊ ဒဂုံမြောက်၊ သန်လျင်တို့ကို ရွေးချယ်ထား - Property News in Myanmar from iMyanmarHouse.com
1971 Views

ရန်ကုန်မြို့ပြစီမံကိန်း စီးပွားရေးဗဟိုခွဲ ရန်ကင်း၊ ဒဂုံမြောက်၊ သန်လျင်တို့ကို ရွေးချယ်ထား

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး အသစ်ပြန်လည်ရေးဆွဲတဲ့ မဟာ ရန် ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း ၂၀၄၀ မှာ စီးပွားရေးဗဟိုခွဲ(Sub- Centers) နေရာအဖြစ် ရန်ကင်း၊ ဒဂုံမြောက်၊ သန်လျင် တို့ကို လျာထားပါ တယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာလုပ်ငန်းဆောင် ရွက်မှု မှတ်တမ်းဖော်ပြချက်အရ သိရတာပါ။

ရန်ကင်း၊ ဒဂုံမြို့သစ်တောင်မြောက်လမ်းဆုံ၊ သန်လျင်- ကုလားဝဲ၊ သီလဝါ အထူးစီးပွားရေးဇုန် အရှေ့ဘက် တို့ဖြစ် ပါတယ်။

စီးပွားရေးဗဟိုခွဲ(Sub- Centers)နေရာတွေ အကောင်အထည် ဖော်ရတာက မြို့လယ်ဗဟိုစီးပွားရေးဇုန် (CBD)သိပ်သည်းမှုကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။

ဒုတိယ ဗဟိုစီးပွားရေးဇုန် မင်းဓမ္မနဲ့လူနေသိပ်သည်းမှု တစ်ဧကကို ၈၀ ဦးရှိ တဲ့ အများပြည်သူနေရာ၊ စီးပွားရေးအဆောက်အအုံ၊ ရုံးခန်းတွေ၊ လူနေအိမ် ရာတွေ ပါဝင်တဲ့ စီးပွားရေး ဗဟိုခွဲ(Sub- Centers)နေရာ အဖြစ် ရန်ကင်း၊ ဒဂုံမြောက်၊ သန်လျင်တို့ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လူနေသိပ်သည်းမှု တစ်ဧကကို ၄၈ ဦးရှိတဲ့ အလယ်အလတ်အထပ်တွေနဲ့ လုံးချင်း အိမ်ရာတွေ ပါဝင်တဲ့ မြို့သစ်စီကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဒလဘက်ခြမ်းနဲ့ လေးထောင့်ကန်တစ်ဝိုက်မှာ တည်ဆောက်ဖို့ လျာထားပါ တယ်။

သည့်အပြင် ပို့ဆောင်ရေးစနစ်အမျိုးမျိုးကို ချိတ်ဆက်ပေးမယ့် ပို့ဆောင်ရေး အခြေပြု ဖွံ့ဖြိုးရေး (Transit Oriented Development-TOD) ကို လည်း ရေးဆွဲထားပါတယ်။

ပို့ဆောင်ရေးအခြေပြု ဖွံ့ဖြိုးရေး (TOD) မှာ မြို့ပတ်ရထား လမ်းပေါ်ရှိ ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ရေကူး၊ မလွှကုန်းဘူတာတွေကို ဆောင်ရွက်မှာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။

အဲဒါကို နောက်ဆုံးအခြေအနေနဲ့ကိုက်ညီအောင် (The Project for Updating the Strategic Urban Development Plan of the Greater Yangon)ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စီမံကိန်း အပြီးသတ် ရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီးကို လွှဲပြောင်းပေးခဲ့ပါတယ်။

အသစ်ရေးဆွဲခဲ့တဲ့ မာစတာပလန်အရ အရင် ၂၀၁၃ ပလန်အဟောင်းမှာ ပါဝင်တဲ့ နေရာခုနစ်ခုကို ပြန်လည် အခြေခံပြီးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service