၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် များကို အခြေခံ၍ အိမ်အကြောင်းအရာနှင့် အိမ် အသုံးအဆောင် ပစ္စည်းများ စာတမ်းထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1120 Views

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက် များကို အခြေခံ၍ အိမ်အကြောင်းအရာနှင့် အိမ် အသုံးအဆောင် ပစ္စည်းများ စာတမ်းထုတ်ပြန်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း အချက်အလက် များကိုအခြေခံ၍ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃)စောင်နှင့် သန်းခေါင် စာရင်း ရလဒ် မြေပုံများကို ပြုစုလျက်ရှိရာ မွေးဖွားခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင် မိခင် သေဆုံးခြင်း၊ ရွှေ့ပြောင်း သွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ လူဦးရေ ခန့်မှန်းခြင်း၊ လုပ်သားအင်အား အကြောင်းအရာနှင့် ပညာရေး အကြောင်း အရာစသည့် သုတေသန စာတမ်း များအား ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ ဆန်းစစ်လေ့လာပြုစုပြီးဖြစ်သည့် အိမ်အကြောင်းအရာနှင့် အိမ်အသုံး အဆောင်ပစ္စည်းများ စာတမ်းကို ဩဂုတ်လ (၈)ရက် ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

ယင်းသုတေသန စာတမ်းတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ နေထိုင်မှု အခြေအနေနှင့် အိမ်၏ ဝိသေသ လက္ခဏာများကို အဓိကညွှန်ပြနေသည့် အိမ်အကြောင်းအရာများ၊ နေအိမ် အမျိုးအစားနှင့် နေအိမ် ပိုင်ဆိုင်မှု၊ အလင်းရောင် အတွက် အဓိကအသုံးပြုသည့် မီးအမျိုးအစား၊ အစားအစာ ချက်ပြုတ် စားသောက်ရန် အတွက် အဓိကအသုံးပြုသည့် လောင်စာ၊ သောက်ရေ အတွက် အဓိက အသုံးပြုသည့် ရေအရင်းအမြစ်များ၊ အသုံးပြု သည့် အိမ်သာအမျိုးအစား၊ နေအိမ် များတွင် အမိုး၊ အကာနှင့် အခင်း အတွက် အဓိကအသုံးပြုသည့်ပစ္စည်းများနှင့် အိမ်အသုံး အဆောင် ပစ္စည်းများ၊ ရရှိအသုံးပြုနိုင်မှု အခြေအနေများကို လေ့လာ သုံးသပ် တင်ပြထားသည်။

အသေးစိတ် လေ့လာတွေ့ရှိချက်များအရ အိမ်ထောင်စု အများစုသည် အိမ်ပိုင်ဆိုင်ကြပြီး သန့်ရှင်းသော သောက်ရေ အရင်းအမြစ်များကို ရရှိ၍ သန့်ရှင်းသော ယင်လုံ အိမ်သာများကို ဆောက်လုပ် သုံးစွဲလျက် ရှိကြောင်းနှင့် သန့်ရှင်းသော သောက်ရေအရင်းအမြစ်များ ရရှိမှုနှုန်းသည် (၆၉.၅) ရာခိုင်နှုန်းဖြစ်ပြီး သန့်ရှင်းသော ယင်လုံအိမ်သာ ဆောက်လုပ် သုံးစွဲမှု နှုန်းသည် (၇၄.၃) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် ဒေသအလိုက်ဆန်းစစ်လေ့လာရာ၌ နေအိမ် ဆောက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများသုံးစွဲနိုင်မှုစသည့် အချို့သောအဓိက ညွှန်ကိန်းများတွင် မြို့ပြနှင့် ကျေးလက် ဒေသများအကြား၊ ခရိုင်များအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်များ အကြား၊ ကွာခြားချက် ကြီးမား ကြောင်းတွေ့ ရှိရပြီး နေအိမ်အများစုမှာ ဝါး၊ ဓနိ၊ သက်ကယ်စသည့် နှစ်တိုခံ ပစ္စည်း များဖြင့် ဆောက်လုပ်ထားသဖြင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်းတွေ့ရှိရသည်။
အစားအစာချက်ပြုတ် စားသောက်ရန်အတွက် လောင်စာအသုံးပြုမှုတွင် သစ်သားကို အခြေခံသော လောင်စာ အမျိုးအစားများဖြစ်သည့် သစ်သား/ ထင်း၊ မီးသွေး/လောင်စာတောင့် သုံးစွဲမှုသည် (၈၁) ရာခိုင် နှုန်းကျော် ရှိသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဆိုးကျိုး များဖြစ်ပေါ်စေ နိုင်သည့်အပြင် ပတ်ဝန်းကျင်ကို ထိခိုက် ညစ်ညမ်းစေနိုင်သောကြောင့် အိမ်အတွင်းလေကောင်း လေသန့် ရရှိမှုနည်း ပါးပြီး အိမ်ထောင်စုဝင်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်းတွေ့ ရှိရသည်။

အဆိုပါ စာတမ်းတွင်ပြုစုတင်ပြထားသည့် သတင်းအချက်အလက်များနှင့် အကြံပြုချက် များသည် မြန်မာ နိုင်ငံ၏ နေထိုင်မှုဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ဦးတည် သည့် စီမံကိန်း ရေးဆွဲ မှုများ အတွက် အထောက်အပံ့ဖြစ်နိုင်မည်ဖြစ်ပြီး ကျန်ရှိသော အသေးစိတ် သုတေသန စာတမ်းများကိုလည်း ပြုစုလျက်ရှိကြောင်းနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန် ပြီးဖြစ်သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများ၊ သုတေသန စာတမ်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဌာန၏ ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်ကြောင်း သတင်းရရှိ သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service