၁၀ ဒေါ်လာနဲ့ ရောင်းမယ်ဆိုတဲ့ New Jersey ကအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
5033 Views

၁၀ ဒေါ်လာနဲ့ ရောင်းမယ်ဆိုတဲ့ New Jersey ကအိမ်ကြီး

အမေရိကန်နိုင်ငံNewJerseyပြည်နယ်မှာရှိတဲ့သမိုင်းဝင်နေအိမ်တစ်လုံး
ကိုတော့ ယခုဆိုရင်ရောင်းဈေး ၁၀ ဒေါ်လာနဲ့ဈေးကွက်တင်ထားပါပြီ။

ဒါပေမယ့် အိမ်အရောင်းအ၀ယ် နောက်ကွယ်မှာတောမြှုပ်ကွက်တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ ၀ယ်ချင်တဲ့သူအနေနဲ့ ဒီအိမ်ကြီးအတွက် ခေါ်ဈေး ၁၀ ဒေါ်လာပေးပြီးရင်တော့ အိမ်ကိုလက်ရှိရှိနေတဲ့ နေရာကနေတစ်ခြားနေရာကို လက်ရာခြေရာမပျက် အရှိအတိုင်းရွှေပြောင်းပေးရမှာဖြစ်ပါတယ်။

New Jersey ပြည်နယ် Montclair မြို့ 44 Pleasant Ave. လမ်းမှာ ရှိနေတဲ့ စတုရန်းပေ ၄,၀၀၀ ရှိ အဆိုပါနေအိမ်ကြီးကို ၀ယ်မယ့်သူအနေနဲ့ကတော့ အိမ်ကြီးကို လက်ရှိတည်နေရာကနေ ခပ်ဝေးဝေးနေရာအထိ ရွှေ့ပြောင်းပေးဖို့ တာဝန် ယူပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အိမ်ရောင်းမယ်သူတွေဘက်က ရွှေ့ပြောင်းစရိတ်စက ဒေါ်လာ ၁၀,၀၀၀ ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
နေအိမ်ရွှေ့ပြောင်းရေးကုမ္ပဏီ Nickel Bros ရဲ့ အဆိုအရ ယင်းကြီးမားတဲ့ ရွှေ့ရမယ့်အစီအစဉ်က ဒေါ်လာ ၁၅၀,၀၀၀ နဲ့
ဒေါ်လာ ၂၀၀,၀၀၀ ကြား ကုန်ကျနိုင်ကြောင်း ပြောထားပါတယ်။Montclari မြို့ စီမံကိန်းချထားရေးဘုတ်အဖွဲ့က ယင်းနေအိမ်ကြီး တည်ရှိနေတဲ့ သုံးဧကအကျယ်မြေကွက်လပ်ကြီးပေါ်မှာ မိသားစုနေအိမ် ရှစ်လုံး ပါဝင်မယ့် အိမ်ယာစီမံကိန်းတစ်ခု ဖော်ဆောင် မယ့်အစီအစဉ်ကို ခွင့်ပြုပေးခဲ့တာကြောင့် စီမံကိန်းနဲ့ မလွတ်လို့ ယင်းအိမ်ကြီးကို ရောင်းချပြီး နေရာဖယ်ရှားပေးဖို့ စီစဉ်လာရ တာဖြစ်ပါတယ်။

မြို့တာဝန်ရှိသူတွေရဲ့အဆိုပါ ယင်းအိမ်ဝယ်မယ့်သူအနေနဲ့ အိမ်ကြီးကို အခြားနေရာကို ပြောင်းရွှေ့ရမှာဖြစ်ပြီး ကုန်ကျစ ရိတ်တွေလည်း ကျခံတာဝန်ယူရမှာဖြစ်သလို အိမ်နေရာရွှေ့ဖို့အတွက် လိုအပ်တဲ့ တစ်ခြားမြေနေရာဝယ်ယူမှု၊ အိမ်ရွှေ့ဖို့ပြင်ဆင်မှု စတာတွေကိုပါ အကုန်အကျခံရမှာဖြစ်တယ်လို့ပြောပါတယ်။

ယင်း နေအိမ်ကြီးကတော့ ကျော်ကြားတဲ့ ပိသုကာပညာရှင်Dudley S. Van Antwerp ရဲ့လက်ရာဖြစ်ပြီး ၁၉၀၆ ခုနှစ် ကတည်ဆောက်ထားခဲ့တဲ့ သမိုင်းဝင်အဆောက်အအုံ တစ်လုံးလည်း ဖြစ်ပါတယ်။ ယင်းမှာတော့
အိပ်ခန်း ခြောက်ခန်း၊ ရေချိုးခန်း သုံးခန်း၊ တင်းနစ်ကွင်းတစ်ကွင်း၊ ဂိုဒေါင်တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

ယင်းအိမ်ကို ပိုင်ဆိုင်ဖူးသူတွေထဲမှာလည်း ပထမဆုံးသော အာဖရိကန်-အမေရိကန် FBI အေဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ Aubrey Lewis လည်း ပါဝင်ခဲ့ဖူးတဲ့ ယခုလို ရှေ့လက်ရာ အိမ်ကြီးကို ဖျက်မပစ်ချင်ဘဲ တစ်ခြားနေရာတစ်ခုမှာ ယခင်အတိုင်း ခြေရာလက်ရာမပျက် အတိုင်းမြင်တွေ့စေချင်တဲ့အတွက်ကြောင့် ယခုလိုတစ်ခြားနေရာကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service