ပုဂ္ဂလိက ကုမ္ပဏီများသို့ BOT စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည့် လမ်းလုပ်ငန်းများမှ ၀င်ငွေခွန် ရရှိမှုမှာ အမှန်တကယ် ရရှိရမည့် ပမာဏထက် လျော့နည်း - Property News in Myanmar from iMyanmarHouse.com
784 Views

ပုဂ္ဂလိက ကုမ္ပဏီများသို့ BOT စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည့် လမ်းလုပ်ငန်းများမှ ၀င်ငွေခွန် ရရှိမှုမှာ အမှန်တကယ် ရရှိရမည့် ပမာဏထက် လျော့နည်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းအသုံးပြုခ အပါအ၀င် ပုဂ္ဂလိကကုမ္ပဏီ များသို့ BOT စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည့် လုပ်ငန်းများမှ ၀င်ငွေခွန် ရရှိမှုမှာ အမှန်တကယ်ရရှိမည့် ပမာဏထက် များစွာလျော့ နည်းနေေ ကြာင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင် စန်းလှိုင်က ပြောကြားသည်။

သြဂုတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှ စ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ရန်ကုန်-ပြည်လမ်းပိုင်း လမ်းအ သုံး ပြုခကောက်ခံရရှိမှုကို ဥပမာပြု၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်း ၁၅၈ မိုင် ၂ ဖာလုံကို မက်စ်ဟိုင်းဝေးကုမ္ပဏီက BOT စ နစ်ဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့် စာချုပ်အရ ပထမသုံးနှစ်ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ၁၅ လတာကာလအတွက် ငါးရာ ခိုင်နှုန်းနှင့် ညီမျှသည့် ၀င်ငွေခွန် ကျပ် ၃၆၃၅ ဒသမ ၅၁ သိန်း ရရှိခဲ့သည်ဟု ဇူလိုင် ၁၂ ရက်က ပြည်သူ့လွှတ်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့ကြောင်း၊ အဆိုပါဝင်ငွေခွန်ပမာဏသည် အမှန် တကယ် ရသင့်ရထိုက်သည့်ပမာဏဖြစ် မဖြစ် ပြန်လည်ဆန်းစစ်ရန် လိုအပ်ေ ကြာင်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ရန်ကုန်-ပြည်လမ်းပိုင်းတွင် နေ့စဉ် သာမန်အိမ်စီးကားနှင့် ကားလေးများ ပျမ်း မျှ ၁၂၀၀ ခန့်နှင့် ကုန်တင်ကား ပျမ်းမျှ ၈၀၀ ခန့် ဖြတ်သန်းသွားလာ လျက်ရှိ ရာ ကုမ္ပဏီအနေဖြင့် ကားလေးများနှင့် ကုန်တင်ကားများ၏ လမ်းအသုံးပြုခမှ တစ်လလျှင် အနည်းဆုံး သိန်း ၈၀၀၀ ကျော် ရရှိနေသည်ဟု တွက်ချက်ရ ရှိကြောင်း၊ BOT စာချုပ်အရ လမ်းအသုံးပြုခ ကောက်ခံ ရရှိငွေအပေါ် နိုင်ငံေ တ်ာမှရရှိမည့် ၀င်ငွေခွန် ငါးရာခိုင်နှုန်းဖြင့် တွက်ချက်ပါက တစ်လလျှင် သိန်း ၄၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် သိန်း ၄၈၀၀ ရရှိမည်ဖြစ်သောကြောင့် ၁၅ လစာအတွက် နိုင်ငံတော်မှ သိန်း ၆၀၀၀ ရရှိမည်ဖြစ်သော်လည်း ဒုဝန်ကြီး ၏ ဖြေကြားချက်အရ နိုင်ငံတော်၏ ၀င်ငွေခွန်မှာ သိန်း ၃၆၀၀ ကျော်သာ ရှိသည့် အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် ၀င်ငွေခွန် ၏ထက်ဝက်မျှသာ ရရှိနေသကဲ့သို့ဖြစ်နေကြောင်း ဒေါ်ခင်စန်း လှိုင်က ပြည်ေ ထာင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

‘‘အခုကတော့ BOT နဲ့ပတ်သက်ပြီး ရတဲ့အချိန်အတွင်းမှာ ဒီလမ်းပိုင်းနဲ့ ဆိုင်တာကို တင်ပြတာပေါ့။ တကယ်တမ်းတော့ ကျွန်မတို့နိုင်ငံမှာ ရသင့်ရ ထိုက်ရဲ့သားနဲ့ မရတာတွေ အများကြီးပါ။ အဓိကအားဖြင့် ဥပမာ ရှေ့က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဆွေးနွေးတာရှိတယ်။ အဲဒါ ဘာလဲ ဆိုတော့ နိုင်ငံပိုင်အဆောက်အအုံတွေ၊ နိုင်ငံပိုင်မြေတွေကို ငှားရမ်းတာရယ် ဒီကိစ္စတွေကလည်း အများကြီးဆုံးရှုံးနေတာတွေရှိတယ်။

ဟိုတစ်ခေါက်လွှတ်တော်မှာ တင်ပြခဲ့သလို ဟိုတယ်နဲ့ ခရီးကဆိုလည်း တန်ဖိုးနည်းနည်းနဲ့ ငှားရမ်းထားတာတွေရှိတယ်။ ဒါတွေဟာလည်း ရသင့်ရ ထိုက်တဲ့ငွေတွေပါပဲ။ အဲဒီတော့ ပြောချင်တာက ယခင်အစိုးရများရဲ့ လက် ထက်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေထဲမှာ ဒီကနေ့ နိုင် ငံတော်ရဲ့အစိုးရသစ်ဟာ အခွန်ဘဏ္ဍာအပေါ်မှာ ရပ်တည်ပြီး တော့ သွားရ မယ့် အစိုးရသစ်အနေနဲ့ အခွန်တွေအများကြီးရရှိမှသာ ဖြစ်မယ်။ သို့သော် လည်းပဲ ယခင်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်မှုမှားယွင်းတာတွေ၊ စီမံခန့်ခွဲမှုမှား ယွင်းတာတွေက ကျွန်မတို့ တိုင်းပြည်ရဲ့ ရသင့် ရထိုက်တဲ့ အခွန်တွေ ဆုံးရှုံးတာတွေ အများ ကြီးပါ။ အဲဒီတော့ ကျွန်မအနေနဲ့ လမ်းပိုင်း ကို ဥပမာပေးပြီး ရတဲ့အချိန်လေးမှာ ထောက်ပြ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မီဒီယာများ ကို ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရသင့် ရထိုက်သည့် အခွန်ငွေများရရှိရန် အတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို တိုက် တွန်းထားကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ် ချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက မည်သို့ဆောင်ရွက်မည်ကို စောင့်ကြည့် ရမည် ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် က ပြောကြား သည်။

ထိုသို့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသည့် BOT စာချုပ်များ၊ MoU လက်မှတ်ရေး ထိုး ထားသည်များကို သက်တမ်းကုန်ဆုံးမှသာ ပြင်ဆင်ချုပ်ဆိုမည်ဆိုပါက တိုင်းပြည်အတွက်သာ နစ်နာမည်ဖြစ်သောကြောင့် ပြန် လည်ပြင်ဆင်ချုပ် ဆိုရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင် ရွက်ရမည်ဖြစ်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service