ရွှေစင်ရွှေတုံး၊ စိန်နှင့် မြကို အခွန် ကောက်ခံမှု လျော့ချ - Property News in Myanmar from iMyanmarHouse.com
825 Views

ရွှေစင်ရွှေတုံး၊ စိန်နှင့် မြကို အခွန် ကောက်ခံမှု လျော့ချ

စိန်နှင့်မြတို့ကို အထူးကုန်စည်ခွန်မှ ကင်းလွတ်ခွင့်ပြုရန်နှင့် ရွှေစင်ရွှေတုံး
တို့ကို ကုန်သွယ်လုပ်ငန်းခွန်မှ ကင်းလွတ်ခွင့်ပြုရန် ယနေ့
(ဩဂုတ်လ ၈ ရက်) ကျင်းပသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့် လျော့ချခွင့်ပြုရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၆၁ မဲ၊ကန့်ကွက်မဲ ၁၈၁ မဲ နှင့် ကြားနေမဲ တစ်မဲ ရှိသောကြောင့် အထက်ပါအတိုင်း အတည်ပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

စိန်နင့်မြကို မူလက အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံထားခြင်းဖြစ်ပြီး ယင်းကောက်ခံမှုကို ပယ်ဖျက်ပြီး
ရွှေစင်ရွှေတုံးမှ ကောက်ခံလျှက်ရှိသော ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုပါ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

“ရွှေစင် တစ်ကျပ်သားကို ကိုးသိန်းနဲ့ သတ်မှတ်မယ်၊ အဲဒီကျပ် ကိုးသိန်းဆိုတာက ကမ္ဘာ့ရွှေပေါက်ဈေး အမေရိကန် ဒေါ်လာကို မြန်မာငွေ Exchange Rate နဲ့မြှောက်ပြီးတော့ ဆိုင်ရဲ့အမြတ်ကို တင်ပြီးတော့ ရောင်းဈေး သတ်မှတ်ထားခြင်းဖြစ်တယ်။ ဒါကိုဝယ်ယူသူက ကျပ် ကိုးသိန်းမှာ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း လေးသောင်းခွဲ ထပ်ပေါင်းရမယ်ဆိုရင် ရွှေစင် တစ်ကျပ်သားကို ကိုးသိန်း လေးသောင်း ငါးထောင်နဲ့ ဝယ်ရမှာဖြစ်တယ်။ ဒီအကျိုးဆက်အရ နိုင်ငံရဲ့ ရွှေစင်ရွှေတုံးပေါက်ဈေးဟာ ကမ္ဘာ့ရွှေဈေးထက် မြှင့်သွားမှာဖြစ်သလို ကျပ်ငွေနဲ့ ဒေါ်လာ လဲလှယ်နှုန်းဟာလည်း ပိုမြှင့်သွားတဲ့အတွက် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသွားဖြင်းဖြစ်ပါတယ်”
ဟု ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

စိန်နှင့်မြတို့သည် ပြည်ပမှသာ ဝင်ရောက်လာခြင်း ဖြစ်သောကြောင့် ယင်းသို့ ပြုလုပ်ရခြင်းဖြစ်ပြီး ရွှေစင်ရွှေတုံးတို့သည်လည်း တစ်ကျပ်သား သို့မဟုတ် တစ်ကျပ်သား၏ အစိတ်အပိုင်းအလိုက် ဝယ်ယူ စုဆောင်းနိုင်ပြီဖြစ်သောကြောင့် ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ၎င်းက ဆိုသည်။

စိန်နှင့်မြကို အထူးကုန်စည်ခွန် ကောက်ခံမှုမှ ပယ်ဖျက်ခြင်းနှင့် ရွှေစင်ရွှေတုံး ဝယ်ယူမှုမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုကို ပယ်ဖျက်လိုက်သော်လည်း ကျန်သတ်မှတ်အခွန်များကို ဆက်လက် ကောက်ခံမှု ရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းအပြင် ရွှေစင်ရွှေတုန်းမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုကို ပယ်ဖျက်ခြင်းသည်လည်း ရွှေ လက်ဝတ်ရတနာအပေါ် ကောက်ခံသော အခွန်တို့နှင့် သက်ဆိုင်မှု မရှိကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service