စင်္ကာပူအိမ်ဈေးကွက် ဈေးနှုန်းဖောင်းပွမှုသို့ ဦးတည်နေ - Property News in Myanmar from iMyanmarHouse.com
942 Views

စင်္ကာပူအိမ်ဈေးကွက် ဈေးနှုန်းဖောင်းပွမှုသို့ ဦးတည်နေ

စင်္ကာပူနိုင်ငံတွင် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ယမန်နှစ်ပထမနှစ်ဝက်ထက်အိမ်ရောင်းအား ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် အိမ်ဈေးကွက်ဆန်းစစ်လေ့လာသူများက အိမ်ဈေးကွက်သည် ယခုနှစ်တွင် ဈေးနှုန်းဖောင်းပွမှုသို့ ဦးတည်နေသည်ဟု သုံးသပ်ယူဆထားကြကြောင်း
DBS Group Research သုတေသနအဖွဲ့၏ အစီရင်ခံစာတစ်စောင်ကို
ကိုကား၍ Singapore Business Review ကဖော်ပြခဲ့သည်။

ရောင်းအားအရှိန်သည် ယခုကဲ့သို့ ဆက်လက်သွားပါက
အရောင်းအားပမာဏတွင်လည်း ယခုနှစ်သည် ငါးနှစ်တာအတွင်း အမြင့်ဆုံးစံချိန် ဖြစ်နိုင်ကာဈေးနှုန်းများလည်း မြင့်တက်ဖောင်း
ပွနိုင်ကြောင်း ဈေးကွက်လေ့လာသူများကခန်းမှန်းထားသည်။

"ယခုနှစ်ပထမနှစ်ဝက်အတွင်း အိမ်ဝယ်ယူခဲ့ကြသူတွေရဲ့ ၉၄ ရာခိုင်နှုန်းက
စင်္ကာပူနိုင်ငံသားတွေ ဖြစ်ကြတာကို ဆန်းစစ်လေ့လာမှုအရ ကျွန်တော်တို့
တွေ့ရှိရပါတယ်။ နိုင်ငံခြားသားဝယ်လက်တွေရဲ့ ၀ယ်ယူမှုတွေ အရှိန်အဟုန်နဲ့
ပြန်မြင့်တက်လာတဲ့အခါဆိုရင် ဈေးနှုန်းကပိုပြီးတော့ကို
ထပ်မံမြင့်တက်လာနိုင်ပါတယ်" ဟု DBS Group Research ၏
ဆန်းစစ်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဒဲရက်တန်က ပြောကြားခဲ့သည်။

အိမ်ဈေးများသည် နှစ်နှစ်အတွင်း ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား
မြင့်တက်နိုင်ခြေရှိနေသည်။လမ်းပန်းဆက်သွယ်ရေး သက်သောင့်သက်သာဖြစ်မှု၊ မိလ္လာစနစ်စံနှုန်း၊
ကိုယ်ရေးလုံခြုံမှုနှင့် ပြည်သူ့ဝန်ဆောင်မှုများရယူနိုင်မှု ကဲ့သို့သော ၎င်းတို့၏
ကောင်းမွန်သော အခြေခံအဆောက်အအုံကြောင့် နိုင်ငံခြားသားများအတွက်
အာရှအကောင်းဆုံးနေရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခံထားရသည့်၊
မြို့အရွယ်အစားရှိသော စင်္ကာပူနိုင်ငံတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ
ဝယ်လက်များက အခါကောင်းကို ရှာဖွေနေကြပြီး အတိုးနှုန်းကလည်း
နိမ့်ဆဲဖြစ်နေသည့်အကြား ပုဂ္ဂလိကလူနေအိမ်ခြံမြေများအား ၀ယ်လိုအားက
ဆက်လက်အားကောင်းနေသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service