ယခုနှစ်တွင် ယင်းတိုင်းတောင်ဆည် လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁,ဝဝဝ ခန့် လာရောက်နိုင် - Property News in Myanmar from iMyanmarHouse.com
1338 Views

ယခုနှစ်တွင် ယင်းတိုင်းတောင်ဆည် လူထုအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁,ဝဝဝ ခန့် လာရောက်နိုင်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ယင်းတိုင်းတောင်ဆည်အနီးရှိ လူထုအြေ ခပြု ခရီးသွားလုပ်ငန်းသို့ ယခုနှစ်ကုန်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁,ဝဝဝ ခန့် လာရောက်နိုင်ကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းကို ဖော်ေ ဆာင်ခဲ့သည့် Actionaid Myanmar မှ အပူပိုင်းဇုန်စီမံကိန်းမန်နေဂျာ ဦးအောင်မင်းနိုင်က ပြောသည်။

''၂ဝ၁၆ တုန်းက ဧည့်သည် ၈၃ဝ ဦးလာရောက်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်အထိ ၃၆၆ ဦး ရှိပါတယ်။ ဒီနှစ်ကုန်ရင် ၁,ဝဝဝကျော်မယ်လို့ ယူဆပါ တယ်'' ဟု ၄င်းက ပြောသည်။

လူမှုရေး အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် Actionaid Myanmar သည် မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာ အုပ်စုရှိ ကံကြီးတောအရှေ့၊ ကံကြီးတော အနောက်၊ အင်းရောင်း၊စူလီပန်စသည့် ကျေးရွာလေးရွာတွင် ၂ဝ၁၂ခုနှစ်မှ စတင်ခါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး
၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီတွင် ယင်းတိုင်းတောင်ဆည်ကို အမှီပြုကာဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ Actionaid Myanmar နှင့် ကျေး ရွာလေးရွာ ပေါင်းကာ လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

''လှည့်လည် ကြည့်ရှုစရာတွေကတော့ ရွာတွေပဲရှိတယ်။ ပြကွက်အနေနဲ့ ပုဂံဘုရားတွေလို ပြစရာနေရာမရှိဘူး။ အင်မတန်လှပတဲ့ တောေ တာင်ေ ရမြေတွေလည်း မရှိဘူး။အဓိကပြကွက်ကတော့ လူတွေဖြစ်တယ်။ ဒေသခံ လူတွေရဲ့အပြုံး၊ ဒေသခံတွေရဲ့ကြိုးစားအားထုတ်နေမှု၊ ကျေးလက်နေပြည်သူများသည် ခေသူများမဟုတ်ဆိုတာကို ပြတာ''ဟုဦးအောင်မင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် သက်မဲ့အရာများနှင့်သာ အများဆုံး ထိတွေ့နေရပြီး သက်ရှိအနေဖြင့် ဧည့်လမ်းညွှန်များ၊ ခရီးသွားကုမ္ပဏီဝန်ထမ်းများ၊ ဟိုတယ် ဝန်ထမ်းများမှအပ ကျေးလက်နေပြည်သူများနှင့် ထိတွေ့မှု အခွင့်အလမ်း
နည်းပါးကြောင်း၊ ယင်းတိုင်းတောင်ဆည် လူထုအခြေပြု ခရီးသွား လုပ်ငန်း သည် ကျေးလက်နေပြည်သူများနှင့် ထိတွေ့ခွင့်ပေးထားကြောင်း ၄င်းက ပြောသည်။

ခရီးစဉ်သည် တစ်ညအိပ်၊ နှစ်ရက်ခရီးစဉ်ဖြစ်ပြီး ပထမနေ့တွင် လာရောက် လည်ပတ်သော ဧည့်သည်များကို ဒေသခံများက အိုးစည်၊ဒိုးပတ်အကများဖြင့် ကြိုဆိုခြင်း၊ နှစ်ရက်အတွင်း ကျေးရွာလေးရွာသို့ စက်ဘီးများဖြင့် သွားရောက် လည်ပတ်ကာ ဒေသခံများ၏လူနေမှုဘဝကို လေ့လာခြင်း၊ သစ်ပင်စိုက် ပျိုးခြင်း၊ ညအချိန်တွင် ဒေသခံများ၏ ဆိုင်းဝိုင်းအကများဖြင့် ဧည့်ခံခြင်းတို့ ပါဝင်သည်။

ယင်းတိုင်းတောင်ဆည် လူမှုအခြေပြုခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်ရန် Journey Adventure Travel က စီစဉ်ပေးပြီး ဧည့်သည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ဝ ကုန်ကျ ကြောင်း၊ Actionaid Myanmar က ၁၄ ဒေါ်လာသာရယူပြီး ကျေးရွာများက ၃၆ ဒေါ်လာ ရရှိသည်။

အများဆုံး လာရောက်လည်ပတ်သော ဧည့်သည်များမှာ အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့မှဖြစ်ပြီး နယူးဇီလန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့မှလည်း လာရောက်လည်ပတ်ကြောင်း၊ နိုင်ငံခြားသား ခရီး သွားဧည့်သည် အရေအတွက်ကို တစ်နှစ်လျှင် ၂,ဝဝဝ ခန့်အထိ လက်ခံနိုင်ေ ကြာင်း ဦးအောင်မင်းနိုင်က ပြောသည်။

''ကျေးရွာတွေရဲ့ စွမ်းရည်ကို တိုင်းလိုက်တဲ့အခါ ဧည့်သည်ဦးရေ နှစ်ဆတိုးရင် လက်ခံနိုင်မလား၊ သုံးဆတိုးရင် လက်ခံနိုင်မလား ကြည့်လိုက်တဲ့အခါ နှစ်ဆ တိုးတဲ့အထိ လက်ခံနိုင်ပါတယ်။ ဧည့်သည်ဦးရေ ၂,ဝဝဝ ကျော်လောက်အထိ အဆင်ပြေပြေ လက်ခံနိုင်ပါတယ်။ သုံးလေး၊ ငါးထောင်ဆိုရင်
ဝန်ဆောင်မှုတွေ၊ ကျွမ်းကျင်မှုတွေ လိုအပ်လာမှာဖြစ်တဲ့အတွက် သိပ်ပြီး အာမခံနိုင်ပါဘူး''ဟု ၄င်းက ပြောသည်။

လူထုအခြေပြု ခရီးသွားလုပ်ငန်းကြောင့် ရွာသားများ၏ ရည်မှန်းချက်များ မြင့် မားလာကြောင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုကြောင်း ကံကြီးေ တာကျေးရွာမှ မနန်းခင်မွှေးက ပြောသည်။

''နိုင်ငံခြားသားတွေမြင်ပြီး ရွာကကလေးတွေက အင်္ဂလိပ်စာ သင်ချင်လာကြ တယ်။ ပိုပြီးတော့ ပညာတတ်ချင် လာကြတယ်။ ဒါပေမဲ့ ဝတ်စားဆင်ယင်မှု ပိုင်းမှာ ကလေးတွေအတုခိုးမမှားအောင်တော့ သင်ပေးရတာပေါ့။ မနှစ် တုန်းက ဒီခရီးသွားလုပ်ငန်းကနေရလာတဲ့ အကျိုးအမြတ်နဲ့ ရွာမှာ
လျှပ်စစ်မီးရရှိရေးအတွက် လုပ်နေပါပြီ''ဟု ၄င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ယခုဘဏ္ဍာနှစ်မှ စတင်ခါမြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် လူထုအခြေပြု ခရီးသွား လုပ်ငန်း၊ အဏ္ဏဝါခရီးသွားလုပ်ငန်းနှင့် ဂေဟအခြေပြု ခရီးသွားလုပ်ငန်းများ ကို အကောင်အထည်ဖော်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊
လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်း၁၄ ခုရှိကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service