၂၀၁၇ ပထမနှစ်ဝက်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်ပေါင်း ၃ သောင်းကျော်မှ ကန်ဒေါ်လာ ၃၆ ဘီလီယံဖိုးအထိ အရောင်းအဝယ်ဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
1052 Views

၂၀၁၇ ပထမနှစ်ဝက်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်ပေါင်း ၃ သောင်းကျော်မှ ကန်ဒေါ်လာ ၃၆ ဘီလီယံဖိုးအထိ အရောင်းအဝယ်ဖြစ်ခဲ့

ဒူဘိုင်းတွင် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တာကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ်ကဏ္ဍမျိုးစုံ ၃၅၅၇၁ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒူဘိုင်းငွေ ၁၃၂ ဘီလီယံ (ကန်ဒေါ်လာ ၃၆ ဘီလီယံ) ဖိုးရှိခဲ့ကြောင်း ဒူဘိုင်းမြေယာဌာန DLD ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

DLD ၏ နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ရာနှုန်းများစွာတိုးတက်ခဲ့ပြီး ၁၆ ဒသမ ၈ ရာခိုင်နှုန်းခန့်အထိ တိုးတက်ခဲ့ကြောင်း ဖော်ပြသည်။

အိမ်ခြံမြေရောင်းဝယ်မှုပေါင်း ၂၅၈၆၄ မှ ဒူဘိုင်းငွေ ၆၃ ဘီလီယံ၊ mortgage လွှဲပြောင်းမှုပေါင်း ၇၈၉၃ မှ ၆၀ ဘီလီယံ၊ အခြားသော ရောင်းဝယ်မှု ၁၈၁၄ ခုမှ ၉ ဘီလီယံဖိုးအထိ ရှိခဲ့သည်။

ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ မြေယာအရောင်းအဝယ် ၈၀၀၀ ခန့်မှ ဒူဘိုင်းငွေ ၉၁ ဘီလီယံရှိပြီး အဆောက်အအုံ အရောင်းအဝယ် ၃၈၈၇ မှ ၁၀ ဘီလီယံဖိုးရှိခဲ့ကြောင်းလည်း ဖော်ပြသည်။

DLD ၏ အထွေထွေညွှန်ကြားရေးမှူး ဆူလ်တန် ဘူတီ ဘင် မက်ဂ်ျရန်၏ ပြောကြားချက်အရ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေသော်လည်း ဒူဘိုင်းသည် ဒေသတွင်းဈေးကွက်များတွင် ဦးဆောင်နေရာရရှိနေပြီး ဒေသတွင်း ပြန်လည်ဖွံ့ဖြိုးရေးအတွက် မောင်းနှင်အားဖြစ်နေကြောင်း ပြောကြားသည်။

အရောင်းအဝယ်ပမာဏတွင် ၂၆ ရာခိုင်နှုန်းနှင့် တန်ဖိုးပမာဏတွင် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ အဆိုပါအောင်မြင်မှုမှာ အစိုးရက ချမှတ်ထားသော စီးပွားရေးမူဝါဒများ၏ အမြော်အမြင်ရှိမှုကို ပြသနေကြောင်းလည်း မက်ဂ်ျရန်က ပြောကြားသည်။

ယခုနှစ်ဝက်တာကာလအတွင်း အမျိုးသမီးရင်းနှီးမြှုပ်နှံသူပေါင်း ၆၂၅၃ ဦးသည် အရောင်းအဝယ်ပေါင်း ၇၃၄၁ ကြိမ် ပါဝင်ပြုလုပ်ခဲ့ကြပြီး တန်ဖိုးအားဖြင့် ဒူဘိုင်းငွေ ၁၅ ဘီလီယံဖိုးရှိခဲ့သည်။

ဒူဘိုင်းအိမ်ခြံမြေဈေးကွက်တွင် အများဆုံးရင်းနှီးမြှုပ်နှံကြသည်မှာ အာရပ်စော်ဘွားများပြည်ထောင်စုမှ ဖြစ်ပြီး ဒုတိယမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဖြစ်သည်။

ဒေသတွင်း၏ ပြင်ပနိုင်ငံများအနက် အဓိက ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည်မှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဗြိတိန်၊ တရုတ်နှင့် ကနေဒါနိုင်ငံသားများဖြစ်ပြီး အဆိုပါ ၅ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူပေါင်း ၁၅၀၆၂ ဦးက ဒူဘိုင်းငွေ ၂၈ ဒသမ ၆ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service