ကမ္ဘာလုံးဆိုင်ရာ အချက်အချာ ဗဟိုလေကြောင်းဌာနနေရာအတွက် ယှဉ်ပြိုင်လာနေကြတဲ့ အာရှဒေသက လေဆိပ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
506 Views

ကမ္ဘာလုံးဆိုင်ရာ အချက်အချာ ဗဟိုလေကြောင်းဌာနနေရာအတွက် ယှဉ်ပြိုင်လာနေကြတဲ့ အာရှဒေသက လေဆိပ်ကြီးများ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာတော့ စင်ကာပူနဲ့ ဟောင်ကောင် တို့ကပဲ အာရှဒေသတွင်းက ခရီးသွားတွေကို ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ အသွားအပြန် ချိတ်ဆက်ပို့ဆောင်ပေးရာ အဓိက transit points
လေဆိပ်တွေရှိရာ နိုင်ငံဒေသတွေအဖြစ် ကြီးစိုးနေရာယူထားခဲ့ပါ
တယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝန်း လေဆိပ်
ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁ ထရီလီယံနဲ့အတူ အ
ထက်ပါ အခြေအနေကို တွန်းလှန်ခြိမ်းခြောက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။
အထက်ပါ ဖော်ပြပါ ရင်းနှီးမြှုပ်နှံငွေတန်ဖိုးပမာဏရဲ့
ထက်ဝက်လောက်ကို အာရှဒေသတွင်းက
လေဆိပ်တွေအဆင့်မြှင့်တင်တာ ဒါမှမဟုတ်
လေဆိပ်သစ်တွေ တည်ဆောက်တာတွေအတွက်
သုံးစွဲသွားဖို့ ရှိနေပြီ ဆိုပြီး ဆစ်ဒနီအခြေစိုက်
လေကြောင်းလုပ်ငန်းဆိုင်ရာ အကဲဖြတ်လုပ်ငန်း
CAPA Center က ခန့်မှန်းပါတယ်။

တရုတ်ရဲ့ ပေကျင်းမှာဆိုရင်လည်း ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံအကုန်အကျခံတည်ဆောက်ထားတဲ့ လေဆိပ်သစ်
တစ်ခု လာမယ့် ၂၀၁၉ မှာ ဖွင့်လှစ်ဖို့ ရှိနေပြီ ဖြစ်ကာ ယင်းလေဆိပ်သစ်ကြီးကြောင့် တရုတ်ရဲ့ မြို့တော်ကို
ကမ္ဘာပေါ်က အကြီးဆုံးသော လေကြောင်းအချက်အချာ
နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်စေဖို့ ရှိနေပြီ
ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်
မှာဆိုရင် ၂၀၂၁ အထိ ဘတ် ၁၁၇ ဘီလီယံသုံးပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ ရှိနေပါတယ်။

အလားတူ တောင်ကိုရီးယားရဲ့ အင်ချွန်းလေဆိပ်မှာဆို
ရင်လည်း ကိုရီးယားဝမ် ၅ ထရီလီယံထိ သုံးစွဲပြီး ယင်းရဲ့ ဒုတိယမြောက် terminal တစ်ခု တည်ဆောက်ကာ ကမ္ဘာ့ဦးဆောင်အချက်အချာလေဆိပ်ဖြစ်ဖို့ ရည်မှန်းနေပြီဖြစ်ပါတယ်။

စင်ကာပူမှာဆိုရင်လည်း အထင်ကရ ချန်ဂီလေဆိပ်မှာ
စင်ကာပူဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကုန်ကျတဲ့
စတုတ္ထမြောက် Terminal တစ်ခုကို ယခုလထဲမှာပဲ ထုတ်ဖော်ခဲ့ပါတယ်။ ဟောင်ကောင်မှာဆိုရင်လည်း
ဟောင်ကောင်ဒေါ်လာ ၁၄၂ ဘီလီယံကုန်ကျတဲ့
လေဆိပ်အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။
" ဒါဟာ ကမ္ဘာ့အချက်အချာလေကြောင်းဌာနဖြစ်ဖို့
လေဆိပ်တွေအကြား ပြိုင်ဆိုင်မှုတစ်ခုပါ၊ ဘယ်သူတွေက အနိုင်ရသွားမလဲဆိုတာကိုပဲ ကြည့်ရမှာပါ" လို့ CABA က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Torbjorn Karlsson က ပြောပါတယ်။

CABA ရဲ့ သုတေသနတွေအရ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း လေဆိပ်သစ်တွေ တည်ဆောက်ဖို့ ဒေါ်လာ
၂၅၅ ဘီလီယံထိ လျာထားသလို လေယာဉ်ပြေးလမ်းနဲ့ ဆိုက်ရောက်ဆောင်တွေလိုမျိုး ထပ်ဆောင်းအဆင့်မြှင့်
တင်မှုတွေလုပ်ဖို့ နောက်ထပ် ဒေါ်လာ ၈၄၅ ဘီလီယံ
ထပ်မံသုံးစွဲဖို့ ရှိနေတယ်လို့ သိရပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service