အစိုးရကရောင်းတဲ့ တန်ဖိုးနည်းအိမ်ရာ ဘယ်လိုဝယ်ကြမလဲ - Property News in Myanmar from iMyanmarHouse.com
4489 Views

အစိုးရကရောင်းတဲ့ တန်ဖိုးနည်းအိမ်ရာ ဘယ်လိုဝယ်ကြမလဲ

သာမာန်လူတွေအတွက် အိမ်တစ်လုံး ပိုင်ဆိုင်ရေးဟာ လက်လှမ်းမမီနိုင်တဲ့ အိပ်မက်လိုဖြစ်နေပါတယ်။ အခုနောက်ပိုင်း ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံဖြိုးေ ရးဘဏ် (CHD ဘဏ်)က အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနခွဲနဲ့ ပူးပေါင်းပြီး သာမာန် လူတန်းစားအားလုံး အိမ်ဝယ်နိုင်အောင် အိမ်ရာတွေ ဆောက်နေတယ်။

အစိုးရကဆောက်တဲ့အိမ်ရာတွေမှာ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးနိုင်တာ နဲ့ ဘဏ်ဆီက ချေးငွေယူပြီး တဖြည်းဖြည်းဖဲ့ဆပ်ရင်း အိမ်တစ်လုံးပိုင်နိုင်ေ တာ့မှာပါ။ ဒီတော့ တန်ဖိုးနည်းအိမ်လျှောက်ချင်သူတွေ ဘယ်လိုလျှောက်ရ သလဲဆိုတာ ကိုယ်တိုင်လျှောက်ခဲ့သူတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အဆင့်ဆင့်မျှဝေချင်ပါတယ်။

၁။ အရင်ဆုံး ဘာလုပ်ရမလဲ
၂။ ငွေ ဘယ်လိုစုရမလဲ
၃။ ငွေဘယ်လောက်စုရမလဲ
၎။ ဝယ်ဖို့ ဘယ်လိုအထောက်အထားတွေလိုသလဲ
၅။ ဘယ်နေရာကို ဝယ်မလဲ
၆။ အိမ်ရဲ့အကျယ်အ၀န်းနဲ့ ပုံစံ
၇။ ဖောင်ဘယ်လိုတင်ရမလဲ

၁။ အရင်ဆုံး ဘာလုပ်ရမလဲ

အခုမှ အိမ်ရာလျှောက်မယ့်သူတွေ အရင်ဆုံးလုပ်ရမှာက CHD ဘဏ်မှာ စာရင်းဖွင့်ပြီး ငွေစုရမှာပါ။ ဗိုလ်ချုပ်လမ်းပေါ် ၄၆ လမ်းမှတ်တိုင်နားက CHD ဘဏ်နဲ့ ရွှေတိဂုံဘုရားလမ်း CHD ဘဏ်တို့မှာ မှတ်ပုံတင်ကတ်၊ ငွေ တစ်ေ ထာင်နဲ့အတူ စာရင်းဖွင့်နိုင်ပြီး အကောင့်ထဲမှာ ငွေတစ်သောင်းကစပြီး စုေ ဆာင်းနိုင်ပါပြီ။

၂။ ငွေ ဘယ်လိုစုရမလဲ

အတိုးက တခြားဘဏ်တွေအတိုင်း 8.5 % ပေးပါတယ်။ အဲဒီငွေကို အိမ်အ တွက် ထုတ်မသုံးမချင်း အတိုးရနေမှာပါ။ တစ်ခုရှိတာက ဒီငွေက အိမ်အ တွက် ရည်စူးထားတဲ့ငွေမို့လို့ လစဉ်ပုံမှန်ငွေထည့်သွားတာ ပိုကောင်းပြီး ငွေ လိုရင် ဘဏ်ထဲက ပြန်ထုတ်လို့ရပေမယ့် အပ်နှံသူအပေါ်ယုံကြည်စိတ်ချမှု ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီတော့ ထည့်ပြီးရင် ပြန်မထုတ်တာ အေ ကာင်းဆုံးပေါ့။

၃။ ငွေဘယ်လောက်စုရမလဲ

တန်ဖိုးနည်းအိမ်တစ်လုံးရဲ့ ပျမ်းမျှတန်ဖိုးက သိန်း တစ်ရာပတ်ဝန်းကျင် ရှိတဲ့ အတွက် ၃၀ ရာခိုင်နှုန်းပြည့်အောင် စုဆောင်းရပါမယ်။ ဒီတော့ ဘဏ်အေ ကာင့်ထဲမှာ သိန်း ၃၀ ကျော်ရှိတာနဲ့ အိမ်ဝယ်လို့ရပါပြီ။ ၃၀ ရာခိုင်နှုန်းပြည့်တဲ့ သူတွေကို အိုးအိမ်က စာရင်းကပ်ပေးပါတယ်။ ကိုယ့်နာမည်ပါမပါ အိုးအိမ် ရုံးမှာ သွားကြည့်ပါ။ နာမည်ပါပြီဆိုရင် အိုးအိမ်က ဖောင်ရောင်းတာနဲ့ ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း အထောက်အထားတွေ ပေးပြီး အိမ်လျှောက်လို့ပါပြီ။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဘဏ်က ၁၀ နှစ်အတိုင်းအတာနဲ့ေ ချးပေး ပါတယ်။ အတိုးက တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းပေးရပါတယ်။ ဒီတော့ ၃၀ ရာခို င်နှုန်းပြည့်သူဟာ အိမ်ပေါ်တက်နေလို့ရပြီး တစ်လကို တစ်သိန်းစွန်းစွန်းနဲ့ ၁၀ နှစ်သွင်းရင် တိုက်ခန်းကို အပိုင်ရပါပြီ။

၎။ ဝယ်ဖို့ ဘယ်လိုအထောက်အထားတွေလိုသလဲ

ဒီနေရာမှာ ၄ မျိုးခွဲထားပါတယ်။ ၀င်ငွေနည်းပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုး ရ၀န်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတို့ပါ။ ၄ မျိုးစလုံးက ဘဏ်စာအုပ်၊ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာယူသွားရပါတယ်။ ၀င်ေ ငွနည်းပြည်သူတွေဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ဟာ တစ်လကို သုံးသိန်းနဲ့ ငါးသိန်းကြားရှိကြောင်း လုပ်ငန်းဝင်ငွေအထောက်အထားယူသွားရမယ်။ ကုမ္ပဏီဝန်ထမ်းနဲ့အစိုးရ၀န်ထမ်းဆို တစ်လသုံးသိန်းနဲ့ငါးသိန်းကြားရှိကြောင်း အထက်လူကြီးရဲ့ ထောက်ခံချက်ယူရမယ်။ အငြိမ်းစားဝန်ထမ်းဆို ပင်စင်ေ ထာက်ခံချက်ပါရမယ်။ ၀န်ထမ်းတွေက ၀န်ထမ်းကတ်ကိုလည်း မိတ္တူဆွဲ သွား ရပါမယ်။ ကိုယ်တစ်ဦးတည်းဝင်ငွေက သုံးသိန်းနဲ့ငါးသိန်းကြား မပြည့်ရင် မိ သားစု ၀င်တွေရဲ့ ၀င်ငွေကိုပါ ထည့်ဖော်ပြလို့ရပါတယ်။

၅။ ဘယ်နေရာကို ဝယ်မလဲ

အစိုးရက လှိုင်သာယာ ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင်အိမ်ရာတွေကို လက် ရှိရောင်းနေပါတယ်။ မန္တလေးမှာဆိုရင် မြရည်နန္ဒာ ရှိပါတယ်။ ကိုယ်နဲ့နီးစပ် တဲ့ နေရာကို ၀ယ်ယူနိုင်ပါတယ်။ အခုနောက်ပိုင်းဆောက်နေတဲ့ လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာက ကားလမ်းနဲ့နီးလို့ လူတွေ စိတ်ဝင်စားမှု များပါတယ်။ အဲဒါကိုတော့ မရောင်းသေးပါဘူး။ လက်ရှိမှာ ယုဇနတချို့နေရာတွေ ရေ၊ မီးမရသေးပေမယ့် ရှစ်လပိုင်းလလယ်လောက် ရတော့မယ်လို့ ကြေ ညာထား ပါတယ်။

၆။ အိမ်ရဲ့အကျယ်အ၀န်းနဲ့ ပုံစံ

အိမ်တွေက ရှစ်ခန်းတွဲလေးထပ်နဲ့ ခြောက်ခန်းတွဲ လေးထပ်ဆိုပြီး ၂ မျိုးရှိပါ တယ်။ အိမ်ရာအားလုံး ပုံစံတူပါပဲ။ အကျယ်အ၀န်းကတော့ ၅၂၂ စတုရန်းေ ပနဲ့ ၄၈၄ စတုရန်းပေပတ်ဝန်းကျင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ခြောက်ခန်းတွဲလား၊ ရှစ်ခန်းတွဲလား၊ လှေကားပါတဲ့အခြမ်းယူမလား၊ မပါတဲ့အခြမ်းယူမလားပေါ် မူတည်ပြီး အကျယ်အ၀န်းကွာခြားမှုတွေ ရှိပါတယ်။ အကျယ်အ၀န်း အတိအ ကျကို CHD ဘဏ်တွေမှာ ကပ်ထားပါတယ်။ အိမ်တွေရဲ့တန်ဖိုးက မြေညီ ထပ်ဆိုရင် ၁၃၅ သိန်းပတ်ဝန်းကျင်ကနေ တတိယထပ်ဆိုရင် ၉၈ သိန်းေ လာက် ရှိပါတယ်။

၇။ ဖောင်ဘယ်လိုတင်ရမလဲ

နံပါတ် ၄ မှာပြထားတဲ့အထောက်အထားတွေ အကုန်ပြည့်စုံရင် အိုးအိမ်ရုံးကို သွားပါ။ ၀င်ငွေနည်းပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ၀န်ထမ်းနဲ့ အငြိမ်းစား ၀န်ထမ်း အတွက်ဆိုပြီး ဖောင်တွေ သီးခြားစီရောင်းပါတယ်။ ဥပမာ ကျွန်မ ဆိုရင် ကုမ္ပဏီဝန်ထမ်းမို့လို့ ဖောင်က အ၀ါရောင်ပါ။ ဖောင်မှား ၀ယ်မိရင် ပြန် ၀ယ်ရမှာမို့လို့ သတိပေးတာပါ။ ဖောင်ထဲမှာ ဖြည့်စရာရှိတာတွေဖြည့်ပြီးရင် ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း၊ အထောက်အထားမှန်ကန်ကြောင်း ဘဏ်ကို သွားစစ်ခိုင်းရပါတယ်။ ဘဏ်က အချက်အလက် အားလုံးမှန်ကန်ကြောင်း စစ်ပြီးရင် တံဆိပ်တုံးထုပေးပါတယ်။

အဲဒီအခါ ဖောင်နဲ့အထောက်အထားတွေကို အိုးအိမ်ရုံးမှာ ပြန်တင်ပေးရပါ တယ်။ အိုးအိမ်ရုံးက စစ်ဆေးပြီးတဲ့အခါ ဘဏ်ဆီက ချေးငွေကျအောင်ေ စာင့်၊ ချေးငွေကျတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ။

(မှတ်ချက်။ ။ ဒီလကုန်နောက်ဆုံးထားပြီး အိမ်လျှောက်ထားခွင့် ဖောင်ေ ရာင်းနေလို့ အခုအချိန်မှာ CHD ဘဏ်မှာ ၃၀ ရာခိုင်နှုန်းပြည့်ပြီး သူတို့ကြော်ြ ငာထားတဲ့စာရင်းမှာ ပါသူတွေအနေနဲ့ အချိန်မီလျှောက်လို့ရအောင် သတင်းေ ပးလိုက်ပါတယ်)

အားလုံး အိမ်ပိုင်ရာပိုင်ကိုယ်စီနဲ့ ဘ၀ကို သာသာ ယာယာေ လျှာက်နိုင်ကြ ပါစေ။

Credit: Su Pyae Sone
အစိုးရကရောင်းတဲ့ တန်ဖိုးနည်းအိမ်ရာ ဘယ်လိုဝယ်ကြမလဲ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service