ကျူးကျော်အိမ်များ ဖယ်ရှားထားသည့် လှည်းကူး အမြန်လမ်းဘေး ဧရိယာတွင် တိုက်ခန်း ၄ဝဝဝ လာမည့်လ စတင်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1922 Views

ကျူးကျော်အိမ်များ ဖယ်ရှားထားသည့် လှည်းကူး အမြန်လမ်းဘေး ဧရိယာတွင် တိုက်ခန်း ၄ဝဝဝ လာမည့်လ စတင်ဆောက်မည်

ကျူးကျော်နေအိမ်များဖယ်ရှားထားသည့် လှည်းကူးအမြန်လမ်းဘေးမြေဧကပေါင်း ၁၅ဝဝ ခန့်တွင် လူနေတိုက်ခန်းပေါင်း ၄ဝဝဝ ကို လာမည့်လမှ စတင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါနေရာတွင် လက်ရှိ၌ မြေကွက်တိုင်းတာခြင်း၊ ခြံစည်းရိုးခတ်ခြင်း စသည့်လုပ်ငန်းများကို စတင်ဆောင် ရွက်နေပြီဖြစ်သည်။

ဆယ်စုနှစ်တစ်ခုအထိ အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် မြို့ပြစီမံကိန်း၏ ပထမဦးဆုံးအ ဖြစ် လူနေအိမ်ခန်း ပေါင်း ၄ဝဝဝ ကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန် ကြားရေးမှူး ဦးယုခိုင်ကပြောသည်။

''အခုက ခြံစည်းရိုးတွေခတ်၊ မြေတိုင်းတာတွေစလုပ် နေပြီ။ လူနေတိုက်ခန်းတွေဆောက်ဖို့က ရှေ့လမှစမယ်။ အခုကထပ်ပြီးမကျူးအောင် အရင်ဆုံးလုပ်နေရတဲ့အနေအထားပါ။ စီမံကိန်းမှာလူတွေတိုက်ခန်းတွေပြီးရင် အနားယူလို့ရမယ့်ပန်းခြံတွေ ဆိုလိုချင်တာက မြို့ပြင်ထွက်လိုက်တဲ့ ပြည်သူတွေအနားယူနိုင်မယ့်နေရာပေါ့။ ၁၁၅ မိုင်လိုမျိုး အဲဒီလိုပုံစံလုပ်သွားမယ်'' ဟု ဦးယုခိုင်ကဆိုသည်။

ယင်းအပြင် အဆိုပါနေရာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်၊ အပန်းဖြေနားနေရာကစားကွင်းများ၊ လူနေတိုက်ခန်းများစသည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ယင်းလှည်းကူးအမြန်လမ်း ၃ မိုင်၎ ဖာလုံနှင့် ၅ မိုင်အတွင်း စခန်းကြီးကျေးရွာ အုပ်စုရှိ ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ် ၅ဝဝဝ ကျော်ခန့်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဇွန် ၁၂ ရက်မှစ၍ ၁ဝ ရက်အတွင်း ဖယ်ရှားရှင်းလင်းခဲ့သည်။

ယင်းနေရာမှ နေအိမ်ဖယ်ရှားခံရသူအချို့က ၎င်းတို့သည် ဝယ်ယူနေထိုင်သူများဖြစ်သဖြင့် လိမ်လည် ရောင်းချခဲ့သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် တောင်းဆိုနေသလို နစ်နာသည့်ပြည်သူများအား အစိုးရအနေဖြင့် မည်သို့ကုစားပေးမည်နည်းဟုလည်း မေးခွန်းထုတ်ကြသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service