အခန်း ၁,၅၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် အစီအစဉ် မထုတ်ပြန်ရသေး - Property News in Myanmar from iMyanmarHouse.com
1943 Views

အခန်း ၁,၅၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် အစီအစဉ် မထုတ်ပြန်ရသေး

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ တည်ဆောက်ပြီးစီးသော တန်ဖိုးနည်းအိမ်ရာများထဲမှ အခန်း ၁,၅၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချရန် လွှဲပြောင်းပေးထားပြီဖြစ်သော်လည်း မည်သည့်ပုံစံဖြင့်ရောင်းချမည်ကို မထုတ်ပြန်သေးပေ။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနက ၂၀၁၇ တွင် တည်ဆောက် ပြီးစီးသွားသော အခန်း ၂,၂၀၀ကျော်အနက် ၁,၅၀၀ ကျော်ကို
တိုင်းဒေသကြီး အစိုးရအဖွဲ့အစီ အစဉ်ဖြင့် ရောင်းချနိုင်ရန် ပြီးခဲ့သည့် မေလက လွှဲ ပြောင်းပေးလိုက် ခြင်းဖြစ်သည်။

ကျန်ရှိသည့် အခန်း ၆၀၀ ကျော်ကိုမူ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန က ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်အစီအစဉ်ဖြင့် ချိတ်ဆက်ကာ အရစ်ကျရောင်းချ ပေးနေကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးလိုက် သည့် အခန်း ၁,၅၀၀ ကျော်ကိုမူ မည်သည့်အစီအစဉ်ဖြင့် ရောင်းချ မည်ဆိုသည်ကို ဆွေးနွေးနေဆဲ အဆင့်သာရှိသေးသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ လွှဲပြောင်းပေးထားသည့် သိန်း ၁၀၀ နှင့် ၁၅၀ ခန့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းသုံးခုဖြစ်သည့် ရွှေလင်ဗန်း အပိုင်း (၃)၊ ယုဇန နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ များကို မည်သည့်ပုံစံဖြင့် ရောင်း ချမည်ကိုမူ အစိုးရအဖွဲ့က ထုတ် ပြန်ကြေညာခြင်းမရှိသေးပေ။

ပြီးခဲ့သည့် အစိုးရလက် ထက်က တန်ဖိုးနည်းအိမ်ရာများ ကို ရောင်းချရာတွင် တိုင်းဒေသ ကြီး အစိုးရက မဲနှိုက်သည့်စနစ် ဖြင့် ရောင်းချခဲ့သည်။ သို့ရာတွင် အမှန်တကယ်ဝယ်ယူနေထိုင်သူ လက်ထဲသို့ မရောက်ခဲ့ကြောင်း မြို့ပြဆောက်လုပ်ရေးပညာရှင် အချို့က မှတ်ချက်ပြုသည်။

ဝင်ငွေနည်း ပြည်သူများ ဝယ်ယူနိုင်စေရန် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေပြီး အိမ်ရာ ဖွံ့ဖြိုးရေးကို ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် အခန်းစုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service