အိမ်ဂရန်မြေ ဝယ်သူများ သတိပြု ဆင်ခြင်စရာ - Property News in Myanmar from iMyanmarHouse.com
22237 Views

အိမ်ဂရန်မြေ ဝယ်သူများ သတိပြု ဆင်ခြင်စရာ

နယ်မြို့များမှာ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတင် ရန်ကုန်၊ မန္တလေး၊
နေပြည်တော်များကဲ့သို့ မဟုတ်ဘဲ ထူးထူးခြားခြား ရောင်းဝယ်ကြသည်ကို
ကြုံဖူးသည်။ "တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်" ဆိုရိုးကဲ့သို့
ရောင်းဝယ်ကြပုံက ထူးဆန်းနေသည်။

ပဲခူးမြို့မှာ မြေကွက် ဝယ်လိုသူ

ကျွန်ုပ်နဲ့ အလွန်ခင်မင် ရင်းနှီးသော လုပ်ငန်းရှင်ကြီး ကိုမြတ်သစ်သည် လွန် ခဲ့သော (၂)နှစ်က ပဲခူးမြို့ လေဆိပ် အဝင်လမ်းမကြီးဘေးတွင် (40'x60')ြေ မတစ်ကွက် ဝယ်ရန် သွားရောက် ကြည့်ရှုထားခဲ့သည်။ ရောင်းမည့် မြေကွက် မှာ နှစ်(၆၀)ဂရန် မြေကွက်ဖြစ်၍ စရန်ပေး စာချုပ် ချုပ်ဆိုပေးရန် ကျွန်ုပ်ထံ ဖုန်းဆက်သည်။ ကိုမြတ်သစ် ဖုန်းဆက်သည့် အချိန်က ကျွန်ုပ်သည် ခရီးလွ န်နေ၍ အချိန်မီ မလာရောက်နိုင်ကြောင်း အကြောင်းပြန်ကြားပေးခဲ့ရသည်။

ဒေသခံ ရှေ့နေငှား ပို၍ အဆင်ပြေစေသား

သို့သော် ကိုမြတ်သစ်မှာ အကျိုးဆောင်ပွဲစားမှ တစ်ဆင့် ရောင်းသူနှင့် စရ န်ငွေ ပေးရန် ချိန်းဆိုထားပြီးဖြစ်၍ ကျွန်ုပ်ပြန်လာသည့် အချိန်ထိ စောင့်မေ နနိုင်တော့ဘဲ အကျိုးဆောင်ပွဲစား စီစဉ်ပေးသော ပဲခူးမှ အထက်တန်းရှေ့နေ တစ်ဦးကို ခေါ်၍ စရန်ပေး စာချုပ် ချုပ်လိုက်သည်ဟု ပြောသည်။ သို့အတွက် ကျွန်ုပ်လည်း အချိန်မီ မလာရောက်နိုင်သည်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန် လိုက်သည်။

စိတ်ထဲတွင်လည်း ပဲခူးမြို့မှ မြေဖြစ်၍ ပဲခူးမြို့တွင် နေထိုင်သော ရှေ့နေ တစ် ဦးနှင့် ချုပ်ဆိုခြင်းဖြစ်၍ ဝယ်ယူသူ ကိုမြတ်သော်အတွက် ပို၍ ကောင်းသည် ဟုပင် ဝမ်းမြောက်နေမိသည်။ ကျန်ငွေများ ပေးချေသည့်နေ့တွင်လည်း အဆို ပါ ရှေ့နေနှင့်ပင် ချုပ်ဆိုလိမ့်မည်ဟု တွေးထင်၍ ခပ်ပေါ့ပေါ့ပင် နေလိုက်မိ သည်။

သို့ရာတွင် ကျန်ငွေများ ပေးချေသည့်နေ့တွင် ပဲခူးမြို့မှ ရှေ့နေအပြင် ကျွန်ုပ် ကိုပါ လိုက်ပါ ဆောင်ရွက်ပေးရန် အပြေးအလွှား လာခေါ်တော့သည်။ ကျွန်ုပ် လည်း စာချုပ်များ ထည့်ထားသော ရုံးအိမ်ဆွဲ၍ လိုက်ပါသွားရသည်။ ပဲခူး သို့ ရောက်လျှင် ကျန်ငွေများ ပေးချေပြီး အပြီးအပိုင် စာချုပ်ကို အကျိုးဆောင်ပွဲ စား၏ အိမ်တွင် ပြုလုပ်ကြသည်။

ဂရန်အမည်ပေါက် ကိုယ်စား ပါဝါ ယူထားသူက လက်မှတ်ရေးထိုးနေပါလား

ကျွန်ုပ်ပါလာမှန်းသိ၍ ပဲခူးမှ ရှေ့နေကလည်း အပြီးအပိုင် စာချုပ်ကို မချုပ်ေ တာ့ဘဲ ကျွန်ုပ်အား ချုပ်ဆိုပေးရန် တာဝန်လွှဲတော့သည်။ ထို့ကြောင့် ကျွန်ုပ် သည် ရောင်းသူ ပိုင်ဆိုင်သော စာချုပ်စာတမ်းများကို စစ်ဆေးကြည့်ရတော့ သည်။ မြေပိုင်ဆိုင်မှုမှာ အနှစ်(၆၀)ဂရန် ဖြစ်ကြောင်း တွေ့ရသည်။သို့ေ သာ် ရောင်းသူမှာ ဂရန်အမည်ပေါက်သူ မဟုတ်ဘဲ ၎င်း၏ သားမတ်ဖြစ်သူက ကိုယ်စား လက်မှတ်ထိုး၍ ရောင်းချခြင်း ဖြစ်သည်။

မြေကွက် အရောင်းအဝယ် လုပ်ရာတွင် ပါဝါ ရသူတိုင်း လက်မှတ်ထိုးလို့ ရသလား

ကိုယ်စား လက်မှတ်ရေးထိုး၍ ရောင်းချနိုင်သည့် အထောက်အထားစာရွက်
ကြည့်လိုက်သည့်အခါ General Power(အထွေထွေ ကိုယ်စားလှယ်လွှဲစာ)
တစ်စောင်ကို တွေ့ရသည်။ ကိုယ်စားလှယ် လွှဲစာကို အသေအချာ ကြည့် လိုက်ရာ နိုတြီပဗ္ဗလစ် အရာရှိရှေ့နေကြီးတစ်ဦး၏ လက်မှတ်နှင့် စည်းတံ ဆိပ်ခေါင်းများ ဖြစ်နေ၍ စိတ်ပျက်သွားသည်။ နိုတြီပဗ္ဗလစ် အရာရှိ တစ်ဦးမှ
လက်မှတ်ရေးထိုးပေးသော GP/SP ကိုယ်စားလှယ်လွှဲစားများမှာ ရွှေ့ပြော င်းနိုင်သော ပစ္စည်းများ(ဥပမာ-ကား) အရောင်းအဝယ် ပြုလုပ်သည့် အခါတွင် သာ အသုံးပြုနိုင်သည်။

အရပ်ကတိ စာချုပ်မှာ မှတ်ပုံတင်ပါဝါ ရသူ လက်မှတ်ရေးထိုးရုံဖြင့် လုံလော က်ပါသလား

ယခုကဲ့သို့ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ ဖြစ်သည့် မြေကွက် အရောင်း အဝယ် စာချုပ်တွင် ကိုယ်စားလက်မှတ် ရေးထိုးခြင်းသည် တရားမဝင်ပါ။
မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဖြစ်သည့် မြေကွက်အတွက် ကိုယ်စားလက် မှတ် ရေးထိုးလိုလျင်လည်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော General Power/Special Power ဖြစ်ဖို့ လိုပါသည်။ စာချုပ်စာတမ်း မှတ်ပုံ တင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာ ဖြစ်စေဦး ယခု အရပ်ကတိ အရောင်းအဝယ် စာချုပ်တွင် ကိုယ်စား လက်မှတ်ရေးထိုးပေးရုံဖြင့် မလုံေ လာက်ပါ။ တစ်ပိုင်းတစ်စ ဆောင်ရွက်ပေးသည့် အဆင့်သာ ရှိပါသည်။

ယခု စာချုပ်ကို တရားဝင်ဖြစ်စေလိုလျှင် သက်ဆိုင်ရာ မြို့နယ် စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးသို့ လိုက်ပါ၍ မှတ်ပုံတင် အရာရှိရှေ့မှောက်၌ မြေကွက် အရော င်းအဝယ် စာချုပ်ကို လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါသည်။ သို့သော်ယ ခု မြင်တွေ့ရသည့် ကိုယ်စားလှယ်လွှဲစာ General Power မှာ နိုကြီပဗ္ဗလစ် အရာရှိမှ လက်မှတ်ထိုးပေးထားသော ကိုယ်စားလှယ်လွှဲစာဖြစ်၍ ကိုယ်စား
လက်မှတ်ရေးထိုးပေးလျှင် တရားမဝင်ကြောင်း အားလုံးရှေ့တွင် ရှင်းပြရေ တာ့သည်။

ဝယ်သူ ယုံ၍ ပုံအပ်တော့လည်း ရှေ့နေ ဘာမျှ မတတ်နိုင်

ထိုအခါတွင်မှ ရောင်းသူ အပါအဝင် ပွဲစားနှင့် အဆိုပါ ရှေ့နေကြီးတို့က
ကျွန်ုပ်ရှင်းပြသည်မှာ မှန်ကန်ပါကြောင်း ဝန်ခံပါသည်။ သို့သော် ဂရန်အ မည်ပေါက်သူမှာ နိုင်ငံခြား ရောက်နေ၍ ပြန်မလာနိုင်သေးမီ ၎င်း၏ ခွင့်ပြု ချက်အရ အရောင်းအဝယ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောသည် အကယ်၍
ဂရန်အမည်ပေါက် ပြန်လာပါက ဝယ်ယူသူသို့ တရားဝင် ကိုယ်စားလှယ် လွှဲ စာ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရှင်းပြရာ ဝယ်သူ ကိုမြတ်သစ်က ယုံ ကြည်သွားသည်။

ကျွန်ုပ်က ကိုမြတ်သစ်အား အလွန်အမင်း ကြိုက်နှစ်သက်၍ ဝယ်ယူချင်သည်
မှန်သော်လည်း ရောင်းသူဘက်မှ ကတိပြုထားသကဲ့သို့ ဂရန်အမည်ပေါက် ထံမှ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာ မရမီစပ်ကြား သိန်းငါးဆယ်ခန့် ငွေ ကျန်ထားသင့်ကြောင်း ပြောပြသော်လည်း "ရှေ့နေကြီးရယ် ရောင်းသူဘက် က ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပဲ ကတိအတိုင်း ပါဝါ လုပ်ပေးမှာပါ" ဟု ရောင်းသူဘက်မှ ထောက်ခံပြောဆိုသည့်အထိ ယုံကြည်နေသည်ကို တွေ့ ရသည်။ ယုံကြည်ရုံမျှမက ငွေအကျေ ချေလိုက်သည်ကို တွေ့ရသည်။

ကျွန်ုပ်၏ အတွေ့အကြုံအရဆိုလျှင် အိမ်ခြံမြေ အရောင်းအဝယ်လောကတွင်
ကတိအတိုင်း ဆောင်ရွက်ပေးကြသူများ ရှိသကဲ့သို့ ကတိပျက်ကွက်သူများေ ကြာင့် တရားစွဲဆို၍ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးရန် တော င်းဆိုရသည်အထိ အမှုအခင်များ ဖြစ်နေကြသည်ကို တွေ့ကြုံနေရပါသည်။

ယခုလည်း ကျွန်ုပ်ထင်သည့်အတိုင်း ကိုမြတ်သစ်အား ရောင်းသူဘက်မှ ပါဝါ လွှဲပေးခြင်း မရှိသေးကြောင်း သိရပါသည်။ အကယ်၍ မှတ်ပုံတင် ကိုယ်စား လှယ်လွှဲစာ လွှဲမပေးခဲ့လျှင် တရားစွဲရတော့မည်။ ငွေတွေ ကုန်တော့မည်။
အချိန်တွေ ပေးရတော့မည်။ ဂရန်စာအုပ်ကိုင်ပြီး မြေပိုင်ဆိုင်ခွင့် ရသော် လည်း ပဲခူးမြို့မြေစာရင်း၌ ကိုမြတ်သစ် မပေါက်သေးပါ။ အမည်ပေါက်ေ အာင် ဆောင်ရွက်ရတော့မည် ဖြစ်၍ အလုပ်တွေ ပိုလာပြီ ဖြစ်သည်။

စာဖတ်ပရိတ်သတ်ကြီးအနေဖြင့်လည်း ကိုမြတ်သစ်ကဲ့သို့ မဖြစ်စေရန် ဂရန် အမည်ပေါက် မြေကွက်ဝယ်ယူသည့်အခါ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင်
လိုက်ပါ၍ လက်မှတ်ရေးထိုးခိုင်းပါ။ ယင်းသို့မဟုတ်ဘဲ ရောင်းသူကိုယ်စား
လက်မှတ်ရေးထိုးလိုပါကလည်း စာချုပ်စာတမ်းရုံးတွင် ပြုလုပ်သော GP/SP
ကိုယ်စားလှယ်လွှဲစာ ရအောင် ပြုလုပ်ပြီးမှ ငွေချေပါ။ အိမ်ခြံမြေ အကျိုးဆောင်
ပွဲစားများနှင့် အိမ်ခြံမြေ အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးသော ရှေ့နေေ ရှ့ရပ်များအနေဖြင့်လည်း တရားဝင်သော အရောင်းအဝယ် စာချုပ်ပြုလုပ်ခြင်း မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ပေးခြင်းများဖြင့် ကူညီနိုင်ကြပါစေဟု အကြံပေးလိုက်ရပါသည်။

"ကောက်သော် စားမလောက်" "ဖြောင့်သော် စားမကုန်" စကားပုံ သတရကြပါကုန်

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service