ငွေဆောင်ကမ်းခြေရှိ La Villa အိမ်ရာမြေစီမံကိန်း - Property News in Myanmar from iMyanmarHouse.com
5449 Views

ငွေဆောင်ကမ်းခြေရှိ La Villa အိမ်ရာမြေစီမံကိန်း

မြန်မာနိုင်ငံရှိထင်ရှားသော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် iGREEN သည် ငွေဆောင်မြို့တွင် ပထမ ခြေလှမ်းအဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ငွေဆောင်ကမ်းခြေရှိ Lake View စီမံကိန်းမှ (၁၂၀) Plots ကို (၄) နာရီ အတွင်း စံချိန်တင် (၁၀ဝ%) ပြည့် ရောင်းချနိုင်ခဲ့ပြီး အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ် မေလ (၁၉) ရက်တွင် Customer များထံ Hand Over လွဲအပ်ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ငွေဆောင်မြို့တွင် ဒုတိယ ခြေလှမ်းအဖြစ် (၆၈) ဧက ပေါ်ရှိ Plots (၂၀ဝ)ခန့်ပါဝင်သော La Villa စီမံကိန်းကို ၂၀၁၇ ဇန်နဝါရီလတွင်စတင် အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။

ဤစီမံကိန်းသည် ရန်ကုန်မြို့နှင့် မိုင်(၁၅၀)ခန့် ကွာဝေးသောငွေဆောင်မြို့တွင်တည်ရှိပြီး ထိုမြို့ မှ ကားမောင်းချိန် (၅) နာရီခန့်မောင်းရသည်။ဧရာဝတီတိုင်ဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် တည်ရှိသော ငွေဆောင်ကမ်းခြေသည် ကမ်းခြေမိုင် (၁၁)မိုင်ခန့်ရှည်လျှားပြီး မြန်မာပြည်တွင် အလှပဆုံးကမ်းခြေများထဲတွင် (၁)ခု အပါအဝင်ဖြစ်သည်။

စီမံကိန်းတွင် အိမ်ယာမြေစီမံကိန်း မြေကွက်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် Est: စတုရန်းပေ 3750 (Sqft), 7500 (Sqft), 15000 (Sqft), 44000 (Sqft) အစရှိသော အကွက်ပေါင်း (၂၀ဝ) ခန့် ပါဝင်ပြီး ပင်လယ်ကမ်းခြေနှင့် ပေ (၃၀ဝ၀) ကျော်ကွာဝေးပြီး၊ ပင်လယ်ကမ်းခြေနှင့် အမြင့် ပေ (၁၀ဝ)ခန့်ရှိသော ကုန်းမြေတွင်တည် ရှိသောကြောင့်ရှုခင်းအလွန်ကောင်းကြောင်း သိရသည်။

၃၇၅၀ စတုရမ်းပေ မြေကွက် (၁)ကွက်တွင် သိန်း (၂၅၀)ခန့် အိမ်(၁)လုံးပါဝင်ပြီး မြေနှင့်အိမ်ပါ ဈေးနှုန်း မှာ သိန်း (၇၀ဝ) ဝန်းကျင်ခန့်သာဖြစ်ပါသည်။ မြေဖိုး သိန်း (၄၅၀) သာကျပြီး (၁) စတုရန်းပေ လျှင် (၁၂၅၀ဝ) ကျပ်သာကျသောကြောင့် ရင်းနှီးမြှပ်နှံရန် သင့်တော်ကြောင်း သိရသည်။

See View မြင်ရသည့် အနေအထားနှင့် မြေကွက် အနေအထားပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်ပြောင်းလဲမည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတကာတွင် ကမ်းခြေရှိ မြေဈေးနှုန်း တိုးတက်ဖွံ့ဖြိုးပြီးသော မြို့ဈေးနှုန်းများမှာ သိပ်မကွာပေ အနီးစပ်ဆုံး ဥပမာပေးရလျှင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဈေးနှင့် Phuket Patong ကမ်းခြေရှိ ဈေးနှုန်းမှာ အနည်းငယ်သာကွာခြားသည်။ ယခုရောင်းချသော ငွေဆောင်ကမ်းခြေရှိ (၁) စတုရန်းပေဈေးနှုန်းမှာ (၁၂၀ဝ၀) ခန့်သာရှိပြီး ရန်ကုန်မြို့ နှင့် မန္တလေးမြို့မြေဈေးနှင့် နှိုင်းယှဉ်လျှင် (၂၀) ဆခန့်ကွာသောကြောင့် ရင်းနှီးမြှပ်နှံရန် သင့်တော်ကြောင်းလည်း သိရသည်။

ဤစီမံကိန်း ဖော်ဆောင်ရခြင်းရည်ရွယ်ချက်မှာ....

လက်ရှိငွေဆောင်ကမ်းခြေတွင် ဟိုတယ် (၂၈)လုံးခန့် အခန်းအရေအတွက် (၁၃၃၂)ခန်း သာရှိပြီး ငွေဆောင် ကမ်းခြေတစ်လျှောက်တွင်သာ ဖွံ့ဖြိုးတိုးတက်နေပြီး ကမ်းခြေဟိုတယ်နှင့် ကားလမ်းမ တစ်ဖက်ကြားနေရာတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသည်ကို တွေ့ရသော ကြောင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် ငွေဆောင်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ပြီးယခုစီမံကိန်းကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ငွေဆောင်ကမ်းခြေသည် အလွန်လှပသောကမ်းခြေဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ခရီးသွားများ ပိုမိုစိတ်ဝင်စား လာနိုင်ရန် ငွေဆောင်ကမ်းခြေ ဖွံ့ဖြိုးတိုးတက်လာရန် ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီအနေဖြင့် မိမိ တက်စွမ်းသလောက်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ပြောကြားသွားသည်။

စီမံကိန်းဖော်ဆောင်ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိခြင်း၊ နည်းပညာများဒေသတွင်းဖွံဖြိုးတိုးတက်လာခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်သည့်တွက် ခရီးသွားပြည်သူများ ပိုမိုများပြားလာကာဒေသတွင်းစီးပွားရေးကောင်းမွန်လာခြင်း၊ စီမံကိန်းတည်ရှိနေသော မြေသည် စီမံကိန်း အကောင်အထည် ဖော်ဆောင်ပြီးနောက် နိုင်ငံတော် အတွက်လိုအပ်သော ဘဏ္ဍာငွေကို အခွန်အခများမှ များစွာ ရရှိလာနိုင်ခြင်းစသည့် ရည်ရွယ်ချက်ဖြင့် ဤစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

La Villa စီမံကိန်းသည် မြေကွက်သီးသန့် ရောင်းချသော စီမံကိန်းမဟုတ်ဘဲ အဆောက်အဦးပါ ဆောက်လုပ်ရောင်းချသည့် စီမံကိန်းဖြစ်သည့် ဒေသတွင်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် အိမ်ဝယ်ပြီးမနေဖြစ်သူများအတွက် ဝင်ငွေလိုချင်လျှင် လုံးချင်းအိမ်ရာများကို (၁) ပတ်ဈေးနှုန်း ဖြင့်ငှားရမ်းခြင်း၊ (၁)လဈေးနှုန်းဖြင့်ငှားရမ်းခြင်း၊ (၁)ရာသီလုံး ငှားရမ်းခြင်းများကိုလည်း မိမိတို Developer iGreen မှ ဆောင်ရွတ်ပေးမည်ဖြစ်သဖြင့် ငွေဆောင်မြို့တွင် Residence ဝန်ဆောင်မှု အသစ်ပေးနိုင်ပါမည်။

ထိုစီမံကိန်းကို မေလ ၂၇၊ ၂၈ ရက်နေ့တွင် Melia Yangon Hotel တွင် ရောင်းချမည့် Weekend Home @ Ngwe Saung Beach , La Villa ဈေးရောင်းပွဲတော်တွင် ဝယ်ယူသူများ Promotion ဈေးနှင့် ရနိုင်မည့်အပြင် ဦးဆုံး အယောက် (၃၀) ကို မီးစက် နှင့် Air Con (၁) လုံးလက်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service