အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင် - Property News in Myanmar from iMyanmarHouse.com
3910 Views

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင်

အာဆီယံနိုင်ငံများ၌ မြန်မာနိုင်ငံမှအပ အိမ်ခြံမြေအကျိုးဆောင်ပွဲစားများ၊ အေးဂျင့်များကို တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်များ အရည်အချင်းသက်မှတ်၍ လိုက်နာရန် စည်းကမ်းချက်များဖြင့် လုပ်ကိုင်ကြပါသည်။

မြန်မာနိုင်ငံ၌ အိမ်ခြံမြေပွဲစား၊ အေးဂျင့်လုပ်ငန်းများကို လုပ်ငန်းလိုင်စင်ရှိရမည်ဟု သတ်မှတ်ချက်မရှိပါ။ အိမ်ခြံမြေ အရောင်းအဝယ်ပွဲစားများ၊ အေးဂျင့်များ မလုပ်မကိုင်ရန် တားမြစ်ပိတ်ပင်သော ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များလည်းမရှိပါ။ သို့ဖြစ်၍ လူတိုင်းလုပ်ကိုင်ခွင့်ရှိသကဲ့သို့ လက်တွေ့အားဖြင့်လည်း အိမ်ရှင်မများကအစ အိမ်ခြံမြေပွဲစားအလုပ်များကို လုပ်ကိုင်နေကြပါသည်။ လူတိုင်းလုပ်စားခွင့် ရှိနေခြင်းကြောင့် တစ်ဘက်မှ စားဝတ်နေရင်း၊ အလုပ်အကိုင်အခွင့်အလမ်းဟု မြင်နိုင်သော်လည်း တစ်ဘက်မှ ကျင့်ဝတ်သိက္ခာမရှိမှုများ၊ လိမ်လည်မှုများ၊ စာရွက်စာတမ်း အတုပြုလုပ်မှုများ၊ မှုခင်းများစသည့် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်နေပါသည်။ တာဝန်ရှိဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ ဂရန်အတုများပြုလုပ်သော လိမ်လည်မှုများဖြစ်ပေါ်ခဲ့ပါသည်။ လက်ရှိဖြစ်ဆဲ အမှုအခင်းများလည်းရှိသည်။ ဂိုဏ်းဖွဲ့၍ ဂရန်အတုပြုလုပ်၍ လိမ်လည်ရောင်းချမှုများလည်း ရှိခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုရပါမှု ယနေ့အိမ်ခြံမြေ ပွဲစားလောက၌ လိမ်လည်ခံရသူများ၊ ငွေ ကြေးတရားမဲ့ ဆုံးရှုံးမှုခံရသူများ၊ အမှုရင်ဆိုင်နေရသူများစွာလည်း ရှိနေပါသည်။

ကန်ထရိုက်တာများနှင့် မြေရှင်များအကြား ဖြစ်ပွားနေသောမှုခင်းများ၊ ကြိုပွိုင့်ဝယ်ယူထားသူများ၊ အပေါင်ခံထားသူများ၊ ထပ်ဆင့်ပေါင်၊ ထပ်ဆင့်ရောင်း မှုခင်းများကလည်း အမယ်ဘုတ်တဲ့သူ့ ချည်ခင်ဖြစ်နေသည်။ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးရုံးများကလည်း လက်ရှောင်ကြသည်။ ရဲစခန်းများကလည်း ဖြေရှင်းမပေးနိုင်၊ တရားရုံးရောက်မှုခင်းများကလည်း ထုနှင့်ဒေးဖြစ်နေသည်။ အလိမ်ခံရသူများထဲတွင် ပင်စင်စားဝန်ထမ်းများ၏ ငွေကြေးများ၊ ဆင်းရဲသားလက်လုပ် လက်စားများ၏ ငွေကြေးများ ပါဝင်သည်။ အာဏာပိုင်အချို့နှင့် ပေါင်းလိမ်နေသူများလည်းရှိသည်။

သို့ဖြစ်၍ အိမ်ခြံမြေလောက၊ အိမ်ခြံမြေအကျိုးဆောင်ပွဲစားများ၊ အေးဂျင့်များ ကုမ္ပဏီလိမိတက်များ၊ အကျိုးဆောင်လုပ်ငန်းရှင်ကြီးများကို ကြပ်မတ်ပေးမည့်၊ စနစ်တကျလုပ်ကိုင်စေမည့်၊ အိမ်ခြံမြေလောက တိုးတက်ဖွံ့ဖြိုးစေမည့် လုပ်ငန်းလိုင်စင်များ လိုအပ်သည်ဟု ယူဆပါသည်။

လုပ်ငန်းလိုင်စင်ဟုပြောသည် နှင့် ဥပဒေရှိရမည်။ ဥပဒေရေးဆွဲရမည်၊ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းရမည်။ နည်းဥပဒေများ ရေးဆွဲရမည်ဟု စဉ်းစားမိကြပါလိမ့်မည်။ ဥပဒေတစ်ခုပြုရန် အချိန်ကာလ၊ လုပ်ငန်းစဉ်အဆင့်ဆင့် လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့် နှုတ်ဖြင့်ပြောရသည်ပင် မောလှပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေအသင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေအသင်း၊ ကြီးများသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဥပဒေတစ်ခုထွက်ပေါ်ရေးကို ကြိုးပမ်းလျက်ရှိသည်။ ရှေ့နေရှေ့ရပ်များနှင့် တိုင်ပင်ပြီး ဥပဒေကြမ်းများ အသီးသီးရေးဆွဲကြသည်။ သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ရေးကော်မရှင်နှင့် တွေ့ဆုံတင်ပြလျက်ရှိသည်။ လက်တွေ့ဥပဒေတစ်ခု ထွက်လာဖို့ကား အလှမ်းဝေးလှပါသေးတော့သည်။ အဆင့်ဆင့် အချိန်ယူဖြတ်သန်း ရပါလိမ့်မည်။ မပြတ်သားသော၏ လယ်ယာမြေမူဝါဒများ၊ နိုင်ငံခြားသားများကို မရွေ့ပြောင်းနိုင်သော မြေနှင့်တိုက်ခန်း ပိုင်ဆိုင်ခွင့် ကန့်သက်ထားသောတည်ဆဲ ဥပဒေများ စသည့်အတားအဆီးကြီးများကို ဖြတ်ကျော်ရပါလိမ့်မည်။ အိမ်ခြံမြေဆိုင်ရာ ဥပဒေများသည် နိုင်ငံတော်အဆင့် ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဌာန်းရမည်လား၊ ဥပဒေပြဋ္ဌာန်း ပိုင်ခွင့်ရှိမရှိ ဦးစွာစဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပါသည်။ မတိုးတက်မဖွံ့ဖြိုးသေးသော တောင်ပေါ်ဒေသ အိမ်ခြံမြေရောင်းဝယ်ငှားပေါင်နှံနှင့် အခွန်အခကိစ္စများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးပြကြီးများ၏ အိမ်ခြံမြေပြဿနာများကို တပြေးညီ ဥပဒေပြဋ္ဌာန်း၍ ကျင့်သုံးရန် သင့်မသင့်၊ လက်တွေ့ကျမကျ၊ စဉ်းစားရမည့်အရာ များစွာရှိသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၂)၌ စည်ပင်သာယာရေး၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများသည် တိုင်းဒေသကြီးပြည်နယ်များ၏ ဥပဒေပြုစာရင်း၌ ပါဝင်ပါသည်။

ဤသို့သော အခြေအနေအရပ်ရပ်တွင် ဥပဒေရှိမှဖြစ်မှာလားဟု မေးလိုပါသည်။ လက်ရှိစည်ပင်သာယာရေး ဥပဒေများအရ အိမ်ခြံမြေကိစ္စများကို ဆောင်ရွက်ခွင့် အာဏာများရှိပါသည်။ မိမိတို့၏ဒေသနှင့်ဆီလျော်သော စည်ပင်သာယာလုပ်ငန်းများ၏ မြေယာ၊ အိုးအိမ် တည်ထောင်မှုကို စီမံခန့်ခွဲခွင့်အာဏာ များရှိပါသည်။ သို့ဖြစ်၍ ဥပဒေပြုရေးကို တစ်ပိုင်းမှကြိုးပမ်းရင်း၊ အခြားတစ်ဘက်မှ အိမ်ခြံမြေပွဲစားများအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို တည်ဆဲဥပဒေများကို ကိုးကား၍ အမိန့်ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ပါသည်။ အခြားအင်ဂျင်နီယာလိုင်စင်၊ ကန်ထရိုက်တာလိုင်စင်၊ စားသောက် ဆိုင်၊ ဟော်တယ်လိုင်စင်၊ စသည့်လိုင်စင်ပေါင်းများစွာရှိပါသည်။ အိမ်ခြံမြေအကျိုး ဆောင်ပွဲစား၊ အေးဂျင့်များအတွက်လုပ်ငန်းလိုင်စင် ထုတ်ပေးရန်ဖြစ်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းလိုင်စင်ထုတ်ပေးခြင်းသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ မြို့တော်စည်ပင်သာယာရေးအဖွဲ့များ၌ အခွင့်အာဏာရှိပါသည်။ ထုတ် ပေးပါက ဥပဒေနှင့် ဆန့်ကျင့်ခြင်းလည်း မရှိပါ။

အိမ်ခြံမြေလုပ်ငန်းလိုင်စင် ထုတ်ပေးရာ၌ အပိုင်းနှစ်ပိုင်းရှိပါမည်။ လိုင်စင်ထုတ်ပေးရန် လျှောက်ထားသူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အရည်အချင်း သတ်မှတ်ချက်များလိုပါသည်။ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်ပွဲစားများ အရည်အချင်းသတ်မှတ်ချက်များလိုပါသည်။ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပွဲစားများ အရည်အချင်း သတ်မှတ်နိုင်ပါသည်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သင်တန်း ပေးခြင်း၊ စာမေးပွဲစစ်ခြင်းများ၊ မြို့ကြီး များနှင့် တောင်ပေါ်ဒေသများအကြား အရည်အချင်းသတ်မှတ်မှု ကွဲပြားနိုင်ပါ သည်။ ဒုတိယအပိုင်းသည် လိုင်စင်ရသူများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုင်စင်ကြေးအခွန်အခ၊ လိုင်စင်သက်တမ်းကာလ၊ သက်တမ်းတိုး၊ အရေးယူခြင်း စသည်များဖြစ်ပါသည်။ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းကိစ္စသည် အမိန့်ကြော်ငြာစာ၊ ညွှန် ကြားချက်များဖြင့် ထုတ်ပြန်ကျင့်သုံးနိုင်သည်ဟု ယူဆပါသည်။

သို့ဖြစ်ပါ၍ အိမ်ခြံမြေလောကမှာဖြစ်ပေါ်နေသော ယနေ့ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အိမ်ခြံမြေလောက စနစ်တကျ တိုးတက်ဖွံ့ဖြိုးစေရန် အိမ် ခြံမြေအကျိုးဆောင်များ၊ ပွဲစားများကို လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်စေသင့်ပါကြောင်း...။

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလိုင်စင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service