ပြည်ပမှာ သွားရောက်အခြေချလိုသူတွေ ထည့်သွင်းရွေးချယ်ရမယ့် ကျန်းမာရေးနဲ့ အကိုက်ညီဆုံးသောနိုင်ငံ ၁၃ နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
995 Views

ပြည်ပမှာ သွားရောက်အခြေချလိုသူတွေ ထည့်သွင်းရွေးချယ်ရမယ့် ကျန်းမာရေးနဲ့ အကိုက်ညီဆုံးသောနိုင်ငံ ၁၃ နိုင်ငံ

တစ်ချိန်ချိန်မှာ နိုင်ငံရပ်ခြား ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်ဖို့
ရွေးချယ်ဖို့ ဖြစ်လာခဲ့ပြီဆိုရင်တော့ ကျန်းမာရေးအတွက်
အထူးသင့်တော်ပြီး အဖိုးအနှုန်းသက်သာ အဆင်ပြေလွယ်ကူမယ့်
ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေရှိမယ့် နိုင်ငံတွေ ရွေးဖို့က
အရေးကြီးတဲ့အချက်တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။

ပြည်ပနိုင်ငံတွေမှာ သွားရောက်အခြေချ အလုပ်လုပ်ကိုင်နေသူ
တွေ (Expats) အတွက် ကူညီပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး ကွန်ရက် InterNations က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ဆိုရင်
နိုင်ငံရပ်ခြားကနေ လာရောက်အခြေချသူတွေတွက် အဆင်ပြေဆုံး
သော ကျန်းမာရေးစနစ်တွေရှိမယ့် ကမ္ဘာ့နိုင်ငံတွေကို အဆင့်ခွဲခြား
သတ်မှတ်ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ကောင်းမွန်တဲ့ နိုင်ငံ
တွေကို အဆင့်တွေ ခွဲခြားသတ်မှတ်ဖို့အတွက် InterNations အနေနဲ့
နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှာ နေထိုင်နေကြပြီး နိုင်ငံသား ၁၇၄ မျိုး
ကိုယ်စားပြုတဲ့ လူပေါင်း ၁၄,၃၀၀ ကို မေးမြန်းပြီးစစ်တမ်း
ကောက်ယူခဲ့တာဖြစ်ပါတယ်။

၁။ သြစတြီးယား

ယခု အဆင့်သတ်မှတ်ချက်ထဲမှာ အကောင်းဆုံးဖြစ်တဲ့ နံပါတ်တစ်
နေရာမှာ ရပ်တည်နေနိုင်တဲ့ သြစတြီးယားနိုင်ငံအနေနဲ့ ကတော့
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဆိုင်ရာ ကောင်းကျိုးသုခတွေ
ရရှိနိုင်မှုပိုင်းမှာတော့ အံ့မခန်းတဲ့ အကောင်းဆုံးအနေအထားမှာ
ရှိနေတယ်လို့သိရပါတယ်။ ယင်းနိုင်ငံရဲ့ လေထုအရည်အသွေး
ကလည်း အကောင်းဆုံး အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

၂။ ထိုင်ဝမ်

ထိုင်ဝမ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အရည်အသွေး
ကောင်းမွန်မှုနဲ့ ငွေကြေးပိုင်းဆိုင်ရာ လက်လှမ်းမီနိုင်မှု တို့ ရှိနေပြီး
Expats တွေရဲ့ အားကျစရာကောင်းလောက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ
အနေအထားတွေကလည်း ယင်းနိုင်ငံမှာလူနေမှုဘ၀ကို တိုးတက်
စေတယ်လို့ ဆိုထားပါတယ်။

၃။ ဖင်လန်

စစ်တမ်းမှာ ဖြေဆိုသူ expats ၇၅ ရာခိုင်နှုန်းလောက်ထိ ဒီနိုင်ငံရဲ့
ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ကောင်းတဲ့ အဆင့်သတ်မှတ်ချက်
တွေ ပေးထားခဲ့ပြီး တစ်ဦးချင်း ပျမ်းမျှလစာအနေအထားအရလည်း
ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ငွေကြေးအလွယ်
တကူတတ်နိုင်တဲ့အနေအထားတွေမှာပါ ရှိနေတယ်လို့ သိရပါတယ်။

၎။ ဂျပန်

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ကတော့ ဖြေဆိုသူ
၈၂ ရာခိုင်နှုန်းက ယင်းနိုင်ငံကို ထောက်ခံပေးထားကြတယ်လို့
ဆိုပါတယ်။ အလားတူ ၇၆ ရာခိုင်နှုန်းကလည်း ယင်းနိုင်ငံက
ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ငွေကြေးပိုင်းဆိုင်ရာ
လက်လှမ်းမီမှုပိုင်းမှာ ထောက်ခံပေးပြီး ကျေနပ်အားရမှု ရှိတယ်လို့
ဆိုပါတယ်။

၅။ အစ္စရေး

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုသုခရရှိမှုပိုင်းမှာတော့ ဒီနိုင်ငံဟာ
ကမ္ဘာပေါ်က အကောင်းဆုံးနိုင်ငံအဖြစ် expats တွေက ပြောကြား
ပါတယ်။ ဒါပေမယ့်လည်း တစ်ဘက်မှာတော့ တစ်ဦးချင်းစီရဲ့
လုံခြုံဘေးကင်းရေးပိုင်းမှာတော့ ဒီနိုင်ငံဟာ ကောင်းတဲ့အနေ
အထားမှာတော့ ရှိမနေပြန်ပါဘူး။

၆။ဒိန်းမတ်

ဒိန်းမတ်ဟာဆိုရင်လည်း နေထိုင်မှုစရိတ် များပြားနေတာကြောင့်
အဆင့်သတ်မှတ်ချက်တော်တော်များများမှာ ရလဒ်တွေ ကောင်း
မနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုသုခခံစားရရှိမှု
ပိုင်းတော့ Expats တွေရဲ့ ထောက်ခံမှုအားကောင်းနေတဲ့
နိုင်ငံဖြစ်နေလျက်ရှိပါတယ်။

၇။ဂျာမနီ

အလုပ်အကိုင် ပိုင်းဆိုင်ရာ စိတ်ချလုံခြုံရမှုနဲ့ ဘ၀နေထိုင်မှုအရည်
အသွေးကောင်းမွန်မှုတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း
မှာလည်း Expats တွေက ကောင်းကောင်းထောက်ခံထားတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

၈။ ပြင်သစ်

ဒီနိုင်ငံမှာ Expats တွေ ပျော်ရွှင်စွာနဲ့ နေထိုင်နေကြရတဲ့
နောက်ကွယ်ကအချက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုနဲ့
ငွေကြေးတတ်နိုင်မှုရှိမှုပိုင်းမှာ ကောင်းမွန်နေတာကြောင့်ဖြစ်ပါတယ်။
၉။ ကော်စတာရီကာ
ဒီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကောင်းကျိုးသုခခံစား
ရနိုင်မှုပိုင်းမှာတော့ ကမ္ဘာ့အကောင်းဆုံး နိုင်ငံထဲမှာ ပါတယ်လို့
expats တွေက ပြောပါတယ်။

၁၀။စပိန်

ကမ္ဘာပေါ်မှာ အလုပ်လုပ်ရက်တိုတောင်းနည်းပါးလှတဲ့ သီတင်းပတ်
တွေ ရှိနေတဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်နေတာ၊အပြင် ကျန်းမာရေးနဲ့
ကိုက်ညီနိုင်မယ့် အစားအသောက်တွေ ရှိနေတာကြောင့်
ဒီနိုင်ငံမှာ ယခုအဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၁၀အတွင်းမှာ
ဝင်နေနိုင်တာဖြစ်ပါတယ်။

၁၁။နယူးဇီလန်

အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နေထိုင်မှုစရိတ်ဟာ များပြားနေကောင်း
နေနိုင်ပေမယ့် ဒီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာတော့
ကောင်းမွန်တဲ့အနေအထားမှာရှိတယ်လို့ Expats တွေက
ပြောကြပါတယ်။

၁၂။ကနေဒါ

အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေနဲ့အတူ
ယင်းတို့ကိုအလွယ်တကူ လက်လှမ်းမီမှု ရှိနေတာကြောင့်
ယခုစာရင်းမှာပါဝင်နေနိုင်တာဖြစ်ပါတယ်။

၁၃။ ဆွီဒင်

နေထိုင်စဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်
မှုပိုင်းမှာ သက်သာလွယ်ကူကောင်းမွန်နေတာက ယင်းနိုင်ငံကို
Expats တွေအကြိုက်နိုင်ငံတစ်နိုင်ငံဖြစ်စေလျက်ရှိပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service