၂၀၁၆ တွင် စင်္ကာပူပုဂ္ဂလိကအိမ်ဈေး ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
796 Views

၂၀၁၆ တွင် စင်္ကာပူပုဂ္ဂလိကအိမ်ဈေး ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်း

အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်အိမ်ရာများဖြစ်သည့် Executive Condominium (EC) များမှအပ စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ဈေးနှုန်းများသည် ၂၀၁၆ တတိယသုံးလပတ်တွင် ၁ ဒသမ
၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် စတုတ္ထသုံးလပတ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

၂၀၁၆ ခုနှစ်တစ်နှစ်လုံးတွင် ၂၀၁၅၌ကျဆင်းနှုန်း ၃ ဒသမ ၇ အောက် အနည်း
ငယ်လျော့ကျသောနှုန်းဖြင့် ၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း မြို့ပြပြန်လည်
ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့က ယမန်နေ့ (ဇန်န၀ါရီ ၂၆) တွင် ထုတ်ပြန်
ခဲ့သည်။

စတုတ္ထသုံးလပတ်အတွင်း မြေစိုက်အိမ်မဟုတ်သော အိမ်များ၏ ဈေးနှုန်းသည် ၀ ဒသမ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယသုံးလပတ်က ကျဆင်းနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကာ တိုးတက်လာခဲ့သည်။

ယင်းနှင့်ဆန့်ကျင်စွာ မြေစိုက်အိမ်ဈေး
သည် တတိယသုံးလပတ်က ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ စတုတ္ထသုံး
လပတ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ၂၀၁၆ တစ်နှစ်လုံးတွင် ထိုမြေစိုက်အိမ်မဟုတ်သော အိမ်များ၏ ဈေးနှုန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မြေစိုက်အိမ်ဈေးသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဂ္ဂလိကအိမ်ဈေးများ၏ ငှားရမ်းခနှုန်းထားများသည်လည်း တတိယသုံးလပတ်တွင် ၁
ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ စတုတ္ထသုံးလပတ်တွင် ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။ ၂၀၁၆ တစ်နှစ်လုံးအတွက်မူ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၅ က ၄ ဒသမ ၆ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များကစတုတ္ထသုံးလပတ်အတွင်း မပြီးစီးသေးသည့် ပုဂ္ဂလိကအိမ် (EC မပါ) ၂,၉၄၄ အရေအတွက်ကို ရောင်းချရန် ဈေးကွက်တင်မိတ်ဆက်ခဲ့သည်။ တတိယသုံးလပတ်ကအရေအတွက် ၁,၆၀၉ မှ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ တစ်နှစ်လုံးတွင် စုစုပေါင်း
အရေအတွက် ၇,၈၇၇ ဈေးကွက်ထဲရောက်ရှိခဲ့ပြီး ၂၀၁၅ တွင် ၇,၀၅၆ အရေအတွက်ရောက်ရှိခဲ့သည်။

ယင်းအနက် စတုတ္ထသုံးလပတ်တွင် ၂၃၁၆ အိမ်ရောင်းချခဲ့ရပြီး တတိယသုံးလပတ်တွင်
၁,၉၈၁ အိမ်ရောင်းချခဲ့ရသည်။ ၂၀၁၆ တစ်နှစ်လုံးအတွင်း စုစုပေါင်း ၇,၉၇၂ အိမ်ရောင်းချခဲ့ရပြီး ၇,၄၄၀ အိမ် ရောင်းချခဲ့ရသည့် ၂၀၁၅ ကထက် ရောင်းချရမှု
မြင့်တက်ခဲ့သည်။

EC အိမ်ရာများတွင်မူ စတုတ္ထသုံးလပတ်အတွင်း အိမ်ခန်း ၉၃ ခန်း ဈေးကွက်ထဲ ၀င်
ရောက်ခဲ့ပြီး ၇၃၄ ခန်း ရောင်းထွက်ခဲ့သည်။ တတိယသုံးလပတ်တွင် ၈၆၇ ခန်း
ဈေးကွက်သို့ ရောက်ရှိခဲ့ပြီး ၁၃၉၈ ခန်း ရောင်းထွက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ
Developer များသည် ၂၀၁၆ တစ်နှစ်တာအတွင်း EC ခန်း ၃,၉၉၉ ရောင်းချခဲ့
ရသည်။ ၂၅၅၀ ခန်း ရောင်းချရမှုရှိခဲ့သည့် ၂၀၁၅ ထက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တစ်ဆင့်ပြန်လည်ရောင်းချမှုဈေးကွက်အနေဖြင့် ပြန်လည်ရောင်းချမှုအရောင်းအ၀ယ်သည် စတုတ္ထသုံးလပတ်အတွင်း ၁,၉၄၄ အိမ် ရှိခဲ့ပြီး ၂,၄၇၇ ရှိခဲ့သည့် တတိယသုံးလပတ်အောက် ကျဆင်းခဲ့သည်။ စတုတ္ထသုံးလပတ်တွင် ယင်းရောင်းချရမှုသည်အရောင်းအ၀ယ်အားလုံး၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး တတိယသုံးလပတ်တွင်
ထို့ထက်များပြားသောဈေးကွက်ရှယ်ယာပမာဏအဖြစ် ၅၃ ဒသမ ၉ ရာခိုင်နှုန်း
ရှိခဲ့သည်။ ၂၀၁၆ တစ်နှစ်တာလုံးတွင် ၇,၉၀၁ ခန်း ရောင်းချခဲ့ရပြီး ယင်းရောင်းချရမှုသည် ၆,၁၆၀ ခန်း ရောင်းချခဲ့ရသော ၂၀၁၅ ကထက် သာလွန်ခဲ့သည်။

ယခု ၂၀၁၇ ခုနှစ်တွင်လည်း EC များအပါအ၀င်
ပုဂ္ဂလိကအိမ် ၁၈,၃၀၇ ဆောက်လုပ်
ပြီးစီးမည်ဟု ခန့်မှန်းရကာ အခြား ၁၃,၇၈၅ ကိုလည်း ၂၀၁၈ ခုနှစ်မကုန်မီ ပြီးစီးရန်ရည်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service