ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်းမှုဖြင့် ၂၀၁၇ ကို ဖွင့်လှစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
629 Views

ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်းမှုဖြင့် ၂၀၁၇ ကို ဖွင့်လှစ်ခဲ့

ဝယ်လက်များက စောင့်ကြည့်ဝါဒကို ဆက်လက်ကိုင်စွဲနေခဲ့ကြသဖြင့် တရုတ်နိုင်ငံရှန်ဟိုင်းမြို့၏ ၂၀၁၇ ခုနှစ်အဖွင့်သီတင်းပတ်ဖြစ်သည့် ဇန်န၀ါရီလ ၈ ရက်တွင်ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းအားသည် ဆက်လက်ကျဆင်းခဲ့သည်။

"စရိတ်နည်းတဲ့ မြို့စွန်ဧရိယာတွေက အိမ်ရာစီမံကိန်းတွေမှာ ၀ယ်ယူမယ့် ပထမအကြိမ်ဝယ်ယူသူတွေကို ပစ်မှတ်ထားတဲ့ အိမ်ရာစီမံကိန်းတွေမှာ မဆိုစလောက်ရောင်းချရမှုနဲ့၂၀၁၇ မှာ ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်တာထွက်ခဲ့ပါတယ်။ အခုချိန်မှာ ၀ယ်လက်အများ
စုကို ဆွဲဆောင်နိုင်သေးတာဆိုလို့ အဲဒီစီမံကိန်းတွေပဲ ရှိပါတယ်" ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

နီးကပ်လာတဲ့တရုတ်နှစ်သစ်ကူးအားလပ်ရက်ကလည်း developer (မြေယာဝယ်ယူ၍အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များနှင့် ၀ယ်လက်များအကြား ရောင်းလို
အားနှင့် ၀ယ်လိုအားအဟုန်ကို သိသိသာသာပြန်လည်မြင့်တက်စေနိုင်ဖွယ်မရှိကြောင်း
လည်း သူက ပြောကြားခဲ့သည်။

အစိုးရမတည်သည့် တန်ဖိုးနည်းအိမ်ရာများမှအပ ရောင်းချခဲ့ရသည့် အိမ်သစ်ဧရိယာ
သည် စတုရန်းမီတာ ၉၃,၀၀၀ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၄၆ ဒသမ ၇ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ ShanghaiCentaline Property Consultants က ဇန်န၀ါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ရောင်းချရသည့် ပျမ်းမျှဈေးနှုန်းတွင်မူ ၁ စတုရန်းမီတာလျှင် ၄၀,၅၀၈ယွမ် (အမေရိကန်ဒေါ်လာ ၅,၈၄၀) ရှိခဲ့ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ရေပန်းအစားခဲ့ဆုံးစီမံကိန်း ၁၀ ခုတွင် ၂ ခုက ၁ စတုရန်းမီတာလျှင် ယွမ် ၅၀,၀၀၀အထက် ရှိခဲ့ကြောင်းနှင့် အိမ်သစ်ရောင်းလိုအားက ၉၆,၀၀၀ စတုရန်းမီတာခန့် ရှိခဲ့ကာ ၄၆ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်တည်
ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။

ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။

ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း
ထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းစည်းမျဉ်းများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် (၂၀၁၆ နိုဝင်ဘာ ၂၉) မှ စတင်အာဏာသက်ရောက်ပြီဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service