သီလ၀ါဆိပ်ကမ်း ဆိပ်ခံတံတား စီမံကိန်းအတွက် ဒီဇိုင်းနှင့် အကြံပေး ကုမ္ပဏီကို ဇန်န၀ါရီလအတွင်း ရွေးချယ်မည် - Property News in Myanmar from iMyanmarHouse.com
1530 Views

သီလ၀ါဆိပ်ကမ်း ဆိပ်ခံတံတား စီမံကိန်းအတွက် ဒီဇိုင်းနှင့် အကြံပေး ကုမ္ပဏီကို ဇန်န၀ါရီလအတွင်း ရွေးချယ်မည်

သီလ၀ါ ဆိမ်ကမ်းတွင် မီတာ ၆၀၀ အရှည်ရှိ ဆိပ်ခံတံတားစီမံကိန်းအတွက် ဒီဇိုင်းနှင့် အကြံပေးကုမ္ပဏီကို လာမည့်ဇန်န၀ါရီလအတွင်း ရွေးချယ်ကာ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ေ ကြာင်း မြန်မာ့လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းလီမိတက်(MAPCO)မှ သိရသည်။ အဆိုပါဆိပ်ခံတံတားကို သီလ၀ါဆိပ်ကမ်းရှိအကွက်အမှတ်(၂၇)၊ (၂၈)နှင့်(၂၉)တွင် MAPCO , Myanmar Edible Oil Industrial Public Corporation Ltd (MEI-CO) နှင့် Myanmar General Development Public Ltd (MAGDPL) တို့သုံးခုပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

MAPCO မှ ဒါရိုက်တာဦးအောင်ဝင်းက "MICရဲ့ခွင့်ပြုချက်တင်တဲ့နေ့မှာပဲ ဆောက်လုပ်ရေးဝန်ကြီးကနေပြီးတော့ မင်းတို့ကိုခွင့်ပြုတယ်။ ဒါပေမဲ့ ကောက်ပဲသီးနှံ ၂၇၊ ၂၈၊ ၂၉ ဟာ မင်းတို့နဲ့တူတူပဲဖြစ်တဲ့အ တွက်ကြောင့်မို့လို့ ပူးပေါင်း တံတားတည်ဆောက်ရင် ပိုအဆင် ပြေပါတယ်။ ပူးပေါင်းတံတားတည် ဆောက်ပါဆိုတဲ့အမိန့်ကိုချခဲ့ပါတယ်။ ဒီအတွက်ကြောင့် MAPCO က သီလ၀ါအကွက် ၂၈ ဟာ မီတာ ၂၀၀ တံ တား တည်ဆောက်ဖို့အစီအစဉ်မှာ ၀န်ကြီးရဲ့အမိန့်နဲ့ MIC ရဲ့ညွှန်ကြားမှုအရပူးပေါင်းတံတားတည် ဆောက်ရမှာဖြစ်တဲ့အတွက်ကြောင့် အကွက်အမှတ် ၂၇၊ ၂၈၊ ၂၉ ပူး ပေါင်းတံတားအဖြစ် မီတာ ၆၀၀ တံတား ကိုပြောင်းသွားပါတယ်။ မီတာ ၆၀၀ တံတားတည်ဆောက်ဖို့ အစီအစဉ်ဖြစ်သွားပါတယ်။ ဒီအတွက် ကြောင့် MIC ကို မူလကတင်ထားတဲ့ မီတာ ၂၀၀ တံတားမဟုတ်တော့ဘဲ။ မီတာ ၆၀၀ တံတားအဖြစ်ကို ပြောင်း သွားပါတယ်" ဟုပြောသည်။

ယင်းဆိပ်ခံတံတားတည် ဆောက်ရေးအတွက် အများပိုင်ကုမ္ပဏီသုံးခုပါဝင် ဖွဲ့စည်းထားသည့် Myanmar Agro Alliance ကုမ္ပဏီအား တည်ထောင်သွားမည်ဖြစ်ပြီး ယင်းကုမ္ပဏီဖြင့် ဆိပ်ခံတည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ "ဇန်န၀ါရီလဒုတိယပတ်မှာသုံးဖွဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးတော့ မီတာ ၆၀၀ တံတားတည်ဆောက်ရေးကိစ္စကို စတင်ဆောင်ရွက် မှာဖြစ်ပါတယ်။ လက်ရှိဆိပ်ကမ်း အာဏာပိုင်ကလည်း သီလ၀ါ ၂၈ အကွက်ကို MIC ကနေပြီး ခွင့်ပြုပြီးဖြစ်တဲ့အတွက်ကြောင့် မြေငှားစာချုပ်နဲ့ ပဋိညာဉ်စာချုပ်လက်မှတ် ရေးထိုးဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီအတွက် ကြောင့် ဆိပ်ကမ်းအာဏာပိုင်နဲ့စာချုပ်ကို (၂၀.၅.၂၀၁၆) ရက်မှာ လက်မှတ်ရေးထိုးပြီးဖြစ်သွားပါပြီ" ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဆိပ်ခံတံတားတည် ဆောက်ရေးအတွက် ဒီဇိုင်းနှင့်အကြံပေးလုပ်ငန်းအတွက် တင်ဒါ လာရောက်လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၂၃ မှ လေးခုအား ကနဦးရွေးချယ်ထားပြီး ယခုဇန်န၀ါရီလ ဒုတိယပတ်အတွင်း အပြီးသတ်ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါရွေးချယ်ခံရသည့် အကြံပေးကုမ္ပဏီနှင့်ဒီဇိုင်းရေးဆွဲကာ ဆိပ်ခံတံတား တည်ဆောက်ရေး ကုမ္ပဏီအား တင်ဒါခေါ်ယူသွားမည် ဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ် နှစ်ကုန် ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်တည်ဆောက်သွားမည် ဖြစ်ရာ တည်ဆောက်ရေးကာလအ ဖြစ် နှစ်နှစ်ခွဲ၊ သုံးနှစ်သတ်မှတ်ကာ ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးသတ်တည်ဆောက်ရန် ခန့်မှန်းလျာ ထား ကြောင်း သိရသည်။


Credit: Democracy Today

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service