ကုလကို ဖီဆန်ကာ အခြေချအိမ်ရာတွေ ထပ်ဆောက်ဖို့အစ္စရေးစီစဉ် - Property News in Myanmar from iMyanmarHouse.com
505 Views

ကုလကို ဖီဆန်ကာ အခြေချအိမ်ရာတွေ ထပ်ဆောက်ဖို့အစ္စရေးစီစဉ်

စီစဉ်အစ္စရေးတို့သိမ်းပိုက်ထားတဲ့ဂျေရုဆလင်အရှေ့ပိုင်းမှာ အခြေချအိမ်ရာဆောက်လုပ်မှုတွေရပ်တန့်ဖို့
တောင်းဆိုထားတဲ့ကုလရဲ့ဆုံးဖြတ်ချက်ကိုဖီဆန်တဲ့အနေနဲ့
အစ္စရေးဟာ နောက်ထပ်အိမ်ရာထောင်ပေါင်းများစွာဆောက်လုပ်ဖို့အတွက်သည်တစ်ပတ်အတွင်း
အစီအစဉ်တွေရှေ့တိုးလုပ်လာနိုင်ပါတယ်။

ပါလက်စတိုင်းနယ်မြေမှာအစ္စရေးတွေရဲ့အခြေချဆောက်လုပ်မှုတွေအဆုံးသတ်ဖို့
ကုလလုံခြုံရေးကောင်စီကသောကြာနေ့ကမဲခွဲဆုံးဖြတ်မှုတွေလုပ်ပြီးနောက်ပိုင်းဒါဟာပထမဆုံး
လုပ်ရပ်ဖြစ်လာပါလိမ့်မယ် ။

သည်ဆုံးဖြတ်ချက်အတွက် သမ္မတအိုဘားမားအပေါ် ဝန်ကြီးချုပ်နေတန်ယာဟုကဒေါသတကြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး
သည်ဆုံးဖြတ်ချက်ကိုလိုက်နာမှာမဟုတ်ဘူးလို့ကတိပြုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ဂျေရုဆလင်စီမံကိန်းကော်မတီတစ်ရပ်ဟာသည်မြို့ရဲ့
အဓိကအရှေ့ဘက်ပါလက်စတိုင်းနယ်မြေမှာအိမ်ရာအကွက်(၆၁၈)အတွက်အဆောက်အအုံဆောက်လုပ်ခွင့်ထုတ်ပေးဖို့ဆွေးနွေးတိုင်ပင်နေကြတယ်လို့
သည်အခြေချဆောက်လုပ်မှုတွေကိုစောင့်ကြည့်နေတဲ့အာအမ်မင်အင်န်ဂျီအိုအဖွဲ့အဆိုအရသိရပါတယ်။

သည်ကော်မတီကိုဦးဆောင်တဲ့ဂျေရုဆလင်ဒုတိယမြို့တော်ဝန်မီရာတာဂျီမန်ကလည်းသည်လုပ်ငန်းစဉ်ရဲ့
အစောပိုင်းအဆင့်မှာပဲအိမ်ခြေ(၅၆၀၀)ခန့်ဆောက်လုပ်ဖို့အတွက်စီမံကိန်းကိုမြှင့်တင်မယ့်လေသံထွက်ပေါ်လာတယ်လို့သတင်းတွေထွက်လာပါတယ်။

သူကကုလရဲ့ဆုံးဖြတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့သည်ဆွေးနွေးမှုတွေကိုဖျက်သိမ်းသွားဖို့အစီအစဉ်မရှိဘူးလို့
အဂါင်္နေ့ကအေအက်ဖ်ဖီကိုပြောပါတယ်။သည်ဆုံးဖြတ်ချက်မပြဌာန်းခင်ကတည်းကအိမ်ရာပေါင်းများစွာရဲ့ပါမစ်ကိစ္စဟာအစီအစဉ်ထဲမှာပါပြီးသားဖြစ်ပါတယ်။

သူရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာလည်းသူဟာကုလသမဂ္ဂပဲဖြစ်နေပါစေဂျေရုဆလင်ကသူတို့လုပ်ရပ်တွေကိုအမိန့်
ပေးဖို့ကြိုးစားနေတာတွေအားလုံးကိုစိတ်မပူဘူးလို့ရေးသားထားပါတယ်။

‘ကျွန်တော်တို့အစိုးရနဲ့နောက်တက်လာမယ့်အမေရိကန်အစိုးရသစ်ဟာသမ္မတအိုဘားမားအစိုးရရဲ့ရှစ်နှစ်သက်တမ်းအတွင်းပြတ်လပ်နေတာတွေကိုဖြည့်ဆည်းပေးပြီးကျွန်တော်တို့ဆက်ပြီးအရှိန်ရအောင်လုပ်ဆောင်ပေးသွားမယ်လို့မျှော်လင့်တယ်’လို့သူကအခြေချဆောက်လုပ်မှုအကြောင်းကိုပြောပါတယ်။

အစ္စရေးဟာသည်အရှက်ရဖွယ်ဆုံးဖြတ်ချက်ကိုတုံ့ပြန်ဖို့အတွက်သံတမန်ရေးအရနည်းလမ်းတွေကိုဆောင်ရွက်ထားပြီးဖြစ်ပါတယ် ။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကအင်္ဂါနေ့မှာတော့သူတို့ဟာသည်ဆုံးဖြတ်ချက်အတွက်မဲပေးခဲ့တဲ့နိုင်ငံတွေရဲ့သံရုံးတွေနဲ့
လုပ်ငန်းဆောင်ရွက်တာတွေ ၊အလည်အပတ်သွားတာတွေကိုယာယီလျှော့ချထားတယ်လို့ပြောပါတယ် ။

ခရစ္စမတ်နေ့မှာတော့ သည်ဆုံးဖြတ်ချက်ကိုမဲပေးခဲ့တဲ့နိုင်ငံတွေကသံအမတ်ကြီးတွေကိုဆင့်ခေါ်ခဲ့သလိုတစ်ဖက်မှာလည်းနေတန်ယာဟု
အမေရိကန်သံအမတ်ကြီးဒယ်နီယယ်ရှာပီရိုနဲ့တနင်္ဂနွေနေ့မှာတွေ့ဆုံခဲ့ပါတယ် ။

သည်အခြေချအိမ်ရာတွေဆောက်လုပ်နေတဲ့နယ်မြေကိုပါလက်စတိုင်းတွေကသူတို့အနားဂတ်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ထားတာဖြစ်ပြီးသည်ဆောက်လုပ်မှုဟာနိုင်ငံတကာဥပဒေအရတရားမဝင်ဘူးလို့လည်းရှုမြင်ခံထားရတာပါ ။

ဇန်နဝါရီလ(၂၀)ရက်နေ့မှာသမ္မတတာဝန်ထမ်းဆောင်မယ့်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်သံရုံးကိုဂျေရုဆလင်မြို့
ကိုရွှေ့ပြောင်းပေးမယ်လို့ကတိပြုပေးပြီးတော့
အစ္စရေးရဲ့အခြေချနေထိုင်မှုတွေနဲ့ပတ်သတ်ပြီးပိုမိုပျော့ပျောင်းတဲ့သဘောထားနဲ့ရပ်တည်ပေးသွားမယ်လို့
အရိပ်ယောင်ပြခဲ့ပါတယ် ။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service