ရန်ကုန် စတော့ အိတ်ချိန်း ရှယ်ယာဈေး ဆက်တိုက်ကျ - Property News in Myanmar from iMyanmarHouse.com
1912 Views

ရန်ကုန် စတော့ အိတ်ချိန်း ရှယ်ယာဈေး ဆက်တိုက်ကျ

ရန်ကုန်စတော့အိတ် ချိန်းရှိ အများပိုင် ကုမ္ပဏီများ၏ ရှယ်ယာတန်ဖိုး ဆက်တိုက်ကျ ဆင်းနေပြီး FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ အနိမ့်ဆုံးဈေးနှုန်း ၁၄,၅၀၀ ကျပ်သို့ စံချိန်တင်ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။

FMIကုမ္ပဏီရှယ်ယာတန်ဖိုး သည် ဒီဇင်ဘာအတွင်း ၉ရာခိုင် နှုန်းကျော်ကျဆင်းခဲ့ပြီး သက်တမ်း တစ်လျှောက် အနိမ့်ဆုံးရှယ်ယာ ဈေးဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှသတင်းရရှိသည်။

FMI ကုမ္ပဏီ၏ အစုရှယ်ယာတစ်စုသည် ဒီဇင်ဘာ ၁ ရက်တွင် ၁၆,၀၀၀ ကျပ်ရှိပြီး ဒီဇင်ဘာ ၂၆ ရက်၌ အစုရှယ်ယာတစ်စုလျှင် ၁၄,၅၀၀ ကျပ်ဈေးရှိခဲ့သည်။ FMIကုမ္ပဏီသည် ရှယ်ယာ စတင် ရောင်းချသည့် မတ်လ ၁၆ ရက် တွင် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၃၁,၀၀၀ ဖြင့် ရောင်းချခဲ့ပြီး မတ်လတစ်လတည်းတွင်ရှယ်ယာအရောင်းအ၀ယ်ကျပ်၂၄ဘီလီယံကျော်အရောင်းအ၀ယ်ဖြစ်ခဲ့သည်။

သီလ၀ါအထူးစီးပွားဇုန်အ များပိုင်ကုမ္ပဏီ(MTSH)သည် စ တင်ရောင်းချသည့် မေလ ၂၀ရက် တွင် အစုရှယ်ယာ ၁၀ စုပေါင်း ကို ကျပ် ၅၀,၀၀၀ ဖြင့်ရောင်းချခဲ့ ပြီး ဒီဇင်ဘာ ၂၆ ရက်၌ အစုရှယ်ယာတစ်ခုကို ကျပ် ၄,၅၀၀ ရရှိခဲ့သည်။

မြန်မာနိုင်ငံသားဘဏ် (MCB)၏ ရှယ်ယာသည်စတင် ရောင်းချသည့် သြဂုတ် ၂၆ရက် တွင် ရှယ်ယာတစ်ခုလျှင် ကျပ် ၇,၈၀၀ဖြင့်ရောင်းချခဲ့ပြီး ဒီဇင်ဘာ ၂၆ရက်တွင် အစုရှယ်ယာတစ်ခု လျှင် ကျပ် ၉,၃၀၀ ပေါက်ဈေးရှိခဲ့သည်။

‘‘အဓိကက ဒီမှာက ရှယ်ယာ ဈေးထက် ဒေါ်လာနဲ့ရွှေကို ပိုစိတ် ၀င်စားနေကြတယ်။ ဒါကိုပဲ နား လည်ကြတာကိုး။ ရှယ်ယာကို နား မလည်ကြဘူး။ ဒါကြောင့် လူ စိတ်ဝင်စားမှု နည်းတာပါ။ ရှယ် ယာရောင်းတဲ့ ကုမ္ပဏီတွေက လည်း နည်းနေတယ်။ ကုမ္ပဏီ တွေကလည်း ရှယ်ယာဈေးတွေ ဆက်တိုက်ကျနေလို့ မ၀င်ဘဲ စောင့်ကြည့်နေတဲ့အနေအထားဖြစ်နေတယ်’’ ဟု စီးပွားရေးပညာရှင်ဦးလှမောင်ကပြောသည်။

လက်ရှိ အနေအထားအရ FMI ကုမ္ပဏီသည် တိုးတက်မှုအ လားအလာရှိသည့် ကုမ္ပဏီဖြစ်ပြီး ၎င်း၏ ရှယ်ယာဈေးများသည် အ တက်ဘက်သာရှိရမည်ဖြစ်သည်။ ထို့အတူ အထူးစီးပွားရေးဇုန်ကို အ ကောင်အထည်ဖော်သည့် MTSH ကုမ္ပဏီသည်လည်း အလားအ လာကောင်း၍ ရှယ်ယာဈေးတက် နေရမည်ဖြစ်သည်။ သို့သော် ရန်ကုန်စတော့အိတ်ချိန်းကို စိတ်ဝင်စားမှုသည် ဘောလုံးပွဲ လောင်း ကစားထက်ပင်လျော့ကျနေသည် ဟု ဦးလှမောင်ကပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း သက်တမ်းသည် တစ်နှစ်သာရှိသေးသဖြင့် တစ်နှစ်အတွင်း အောင်မြင်ရန်မှာ စောလွန်းသေး ကြောင်း နိုင်ငံတကာစတော့အိတ် ချိန်းအတွေ့အကြုံရှိသူဒေါက်တာ အောင်သူရကပြောသည်။

ရန်ကုန်စတော့ အိတ်ချိန်း တွင် တစ်နှစ်အတွင်း ရှယ်ယာ တန်ဖိုး ကျပ်ဘီလီယံ ၇၀ ခန့်အ ရောင်းအ၀ယ် ဖြစ်ခဲ့သော်လည်း အရောင်းအ၀ယ်ကမူလစဉ် ဆက် တိုက်ကျဆင်းခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service