အိမ်ထောင်ပြုတော့မည် ကမ္ဘာကျော်အဆိုတော်ရစ်ကီမာတင် ချစ်သူနှင့်နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် နာမည်ကျော် ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1871 Views

အိမ်ထောင်ပြုတော့မည် ကမ္ဘာကျော်အဆိုတော်ရစ်ကီမာတင် ချစ်သူနှင့်နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် နာမည်ကျော် ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူ

ပြူတိုရီကိုသား ကမ္ဘာကျော်အဆိုတော် ရစ်ကီမာတင်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေစိုက်ရာ ဘီဗာလီဟေးလ်တွင် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် နေအိမ်တစ်လုံးဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရစ်ကီမာတင်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “Me” ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ဝေခဲ့ပြီး နယူးယောက်တိုင်းမ် သတင်းစာကြီး၏ အရောင်းရဆုံးစာအုပ်စာရင်းတွင် ပါဝင်ခဲ့သည်။

မာတင်သည်ရိုမန်ကက်သလစ်တစ်ဦးအဖြစ် မွေးဖွားကြီးပြင်းခဲ့ခြင်းဖြစ်သော်
လည်း ဘာသာတရားယုံကြည်ချက်အားလုံးအတွက် တံခါးဖွင့်ထားကြောင်း ထုတ်ဖော်ပြောကြားဖူးသည်။

ရစ်ကီမာတင် အထူးသဖြင့် အလေးအနက်စိတ်ဝင်စားသည်မှာ ဗုဒ္ဓ၏ တရားတော်များ ဖြစ်သည်ဟု ဆိုသည်။
“ဗုဒ္ဓရဲ့ တရားတော်တွေကို ကျွန်တော်တကယ် သဘောကျပါတယ်၊ ဒါပေမယ့် ကျွန်တော်ဟာဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ”ဟု မာတင်က ပြောကြားသည်။

ရစ်ကီမာတင်သည် ပြူတိုရီကို နိုင်ငံတွင် မွေးဖွားသော်လည်း အမေရိကန်နှင့် စပိန်နှစ်နိုင်ငံသား ခံယူထားသူဖြစ်ပြီး အဆိုတော် သရုပ်ဆောင်နှင့် စာရေးဆရာအဖြစ် စွယ်စုံ ထူးချွန်သူဖြစ်သည်။
ဝယ်ယူလိုက်သောနေအိမ်တွင် အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

ရစ်ကီမာတင်သည် ယခင်ကလည်း ဘီဗာလီဟေးလ်တွင် နေထိုင်ခဲ့ဖူးပြီး အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၅ သန်းဖြင့် ပြန်လည်ရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ ရစ်ကီမာတင်သည် ဂျေဝမ် ယိုဇက်ဖ်အမည်ရှိ မိန်းကလေးတစ်ဦးနှင့် လက်ထပ်တော့မည်ဖြစ်ရာ လက်ထပ်ပြီးနောက်ပိုင်း နေထိုင်ရန် ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ယခုနေအိမ်မှာ ဘီဗာလီဟေးလ်ဟိုတယ်အနီးတွင် တည်ရှိပြီး စတုရန်းပေ ၁၁၃၀၀ အကျယ်အဝန်း ရှိသည်။၂၀၀၆ ခုနှစ်အတွင်း အလုံးစုံပြန်လည်မွမ်းမံမှုပြုလုပ်ခဲ့ပြီး မူရင်းဗိသုကာလက်ရာများကို ခေတ်သစ်ဇိမ်ခံပစ္စည်းများဖြင့် ပေါင်းစပ်
ထားသည်။

နေအိမ်အတွင်း မျက်နှာကျက်မှာ ၁၄ ပေခန့်အထိ မြင့်မားပြီး သုံးဘက်သုံးတန် မီးလင်းဖိုထားရှိသည့် ခန်းမပါဝင်ရာ ဆောင်းကာလများတွင် အပူချိန် ၅၀ ဒီဂရီခန့်အထိ ကျဆင်းကာ အလွန်အေးစိမ့်လှသော လော့စ်အိန်ဂျလိ၏ အအေးဒဏ်ကို ရစ်ကီမာတင် အံတုနိုင်မည် ဖြစ်သည်။

ခြံအကျယ်အဝန်း တစ်ဧကခန့်ရှိပြီး ပေ ၄၀ ခန့်ရှည်လျားသော ရေကူးကန်တစ်ခုလည်း ပါဝင်သည်။
ထို့အပြင် လေအေးပေးစက်တပ်ဆင်ထားပြီး ပုလင်း ၈၀၀ ခန့် သိုလှောင်နိုင်သော ဝိုင်သိုလှောင်ခန်းတစ်ခုလည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ထောင်ပြုတော့မည် ကမ္ဘာကျော်အဆိုတော်ရစ်ကီမာတင် ချစ်သူနှင့်နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် နာမည်ကျော် ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အိမ်ထောင်ပြုတော့မည် ကမ္ဘာကျော်အဆိုတော်ရစ်ကီမာတင် ချစ်သူနှင့်နေထိုင်ရန်အတွက် ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် နာမည်ကျော် ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service