ပြည်ပ၌ နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိမှု ဗဟိုဘဏ်သို့ တင်ပြရန် ဘဏ်များသို့ အကြောင်းကြား - Property News in Myanmar from iMyanmarHouse.com
1146 Views

ပြည်ပ၌ နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိမှု ဗဟိုဘဏ်သို့ တင်ပြရန် ဘဏ်များသို့ အကြောင်းကြား

ဘဏ်များ၏ ဒါရိုက်တာ အဖွဲ့ တွင် ပါဝင်သူများ ၊ အကြံပေးများနှင့် ဘဏ်နှင့် ဆက်နွယ်သည့် အရာရှိများ အနေဖြင့် ပြည်ပတွင် နိုင်ငံခြား ငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း ရှိပါက တင်ပြရန် ဘဏ်များသို့ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အကြောင်းကြားထားကြောင်း သိရသည်။

နိုင်ငံခြား ငွေ စီမံခန့် ခွဲမှု ဥပဒေ ပြဌာန်းချက်များနှင့် အညီနိုင်ငံခြားငွေ ဘဏ်စာရင်း ဆိုင်ရာ အချက် အလက် များနှင့် ဘဏ်စာရင်း လက်ကျန်ရှင်းတမ်းတို့ နှင့် အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြရန် လိုအပ် ကြောင်း အကြောင်းကြားထားသည့်
စာတွင် ဖော်ပြထားသည်။

“ဗဟိုဘဏ်အနေနဲ့ ဒီလို ထုတ်ပြန်တာက ပြည်တွင်းက နိုင်ငံခြားငွေတွေ ပြည်ပမှာ ဘယ်လောက်ရောက်နေလဲ ဆိုတာ သိချင်လို့ ဖြစ်မယ်။ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် မြင့်မားနေတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ ဆောင်ရွက်တယ်လို့ ထင်ပါတယ်။

ပြည်တွင်းကငွေတွေ နိုင်ငံခြားကို ဘယ်လောက်ထိ ရောက်နေလဲ။ရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းမှာ လုပ်မယ့်အစား နိုင်ငံခြားကို ရောက်ကုန်လား ဆိုတာတွေ သိနိုင်ဖို့ ရည်ရွယ်တယ်လို့ ထင်ပါတယ်။”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးသန်းချိုက ဆင်ဟွာသို့ ပြောသည်။

ထို့ အတူ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ ဖြစ်သည့် ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် ကုမ္ပဏီ အဖွဲ့ အစည်းများက ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်း ရှိပါက ဥပဒေ ပြဌာန်းချက်များနှင့် အညီ နိုင်ငံခြားငွေ ဘဏ်စာရင်း ဆိုင်ရာ အချက် အလက် များနှင့် ဘဏ်စာရင်း လက်ကျန်ရှင်းတမ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြသွားရေး ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများကိုလည်း အသိပေး အကြောင်းကြားရန် ဖြစ်ကြောင်း ဗဟိုဘဏ်၏ စာထဲတွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ “ဘဏ်ရဲ့ သုံးစွဲသူ တွေကလဲ ပြောချင်မှာ မဟုတ်ဘူး။နိုင်ငံခြားဘဏ်တွေမှာ သူတို့ အကောင့်ဖွင့်တာ ဖြစ်တဲ့ အတွက် နိုင်ငံခြားဘဏ်ဘက်ကလဲ ပြောချင်မှာမဟုတ်ဘူး။
သူတို့ဘက်ကလဲလျှို့ဝှက်ထားမှာပဲ။နောက်တစ်ပိုင်းဖြစ်တဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဒါရိုက်တာ အဖွဲ့ ဝင်တွေ ပြည်ပ မှာ နိုင်ငံခြားငွေ ဘဏ်စာရင်း ထားမထားဆိုတာလဲ ဒီလိုပဲ။သူတို့ကို အတင်းအကျပ်ပြောခိုင်းလို့ မရဘူးလေ။ ဒီအတွက် ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့က မလွယ်ကူလောက်ဘူး။”ဟု ၄င်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ ပြင် ဘဏ်များ အနေဖြင့် ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရက်သတ္တပတ် အတွင်း တင်ပြသွားရန် ၊ လိုက်နာရန် ပျက်ကွက်သူများကို နိုင်ငံခြားငွေ စီမံခန့် ခွဲမှု ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်စွဲဖြင့် ဖော်ပြထားသည်။

Credit: Xinhua

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service