ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအကြောင်း ဗဟိုဘဏ်ရှင်း - Property News in Myanmar from iMyanmarHouse.com
3873 Views

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအကြောင်း ဗဟိုဘဏ်ရှင်း

မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းရခြင်းသည် ပြည် တွင်း၊ ပြည်ပအခြေအနေနှစ်ရပ် စလုံးကြောင့်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြည် ထောင်စုလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ပြည်တွင်းအခြေအနေသည် ဘတ်ဂျက်လိုငွေမြင့်မားလာခြင်း၊ ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ဇန်နဝါရီကစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး သာမန်စာရင်းလိုငွေ ဖြစ်ပေါ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပြည်ပမှ နိုင်ငံခြားငွေစီးဝင်မှုသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကိုပြည့်မီအောင် လုံလောက်မှုမရှိကြောင်း ရှင်းပြသည်။

ပြည်ပအခြေအနေမှာ အမေ ရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် မူဝါဒကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက် ကြောင်း ဒေါ်ခင်စောဦးက ဆိုသည်။

တရုတ်နိုင်ငံက ယွမ်ငွေတန် ဖိုးချခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းတို့သည် ဒေသတွင်း နိုင်ငံများ နည်းတူ မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းသည့်အကြောင်းရင်းများဖြစ် ကြောင်း ၎င်းက ဆိုသည်။

ကုန်ထုတ်လုပ်မှု တိုးမြှင့် ခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့်ကာလများ၌ (ကာလလတ်)နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်း အခြေအနေကောင်းမွန် လာပြီး နိုင်ငံခြားသုံး ငွေဝယ်လို အားနှင့် ရောင်းလိုအား မျှတလာ ပါက ကျပ်ငွေတန်ဖိုးခိုင်မာလာ မည်ဖြစ်ကြောင်း ဒေါ်ခင်စောဦး က ပြောသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များရှိကြောင်း ၎င်းကဆိုသည်။ ကျပ်ငွေတန်ဖိုးကျဆင်းပါက ပြည်ပတင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်းမြင့်ပြီး ပို့ကုန်တင်ပို့သူများအတွက် အားသာသည့်အခြေအနေဟု ဆိုသည်။

သို့သော် သွင်းကုန်တွင် ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး ငွေဖောင်းပွမှုနှုန်းဖိအားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲ လှယ်နှုန်း၏ နေ့စဉ်အတက်အကျ ပြောင်းလဲမှုကို နည်းနိုင်သမျှနည်း စေရန်နှင့် ငွေလဲလှယ်နှုန်းများ၏ ကွာဟချက်ကို ၂ ရာခိုင်နှုန်း ဘောင်အတွင်းရှိနေရန် အဓိကထားဆောင်ရွက်နေသည်ဟုဆိုသည်။

၂၀၁၅ မတ်လကုန်အထိ မြန်မာနိုင်ငံ စုစုပေါင်းနိုင်ငံခြားသုံး သီးသန့်ငွေပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၀ ဒသမ ၀၃ ဘီလီ ယံရှိပြီး နိုင်ငံပိုင်နိုင်ငံခြားသုံးသီးသန့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ၅ ဒသမ ၄၉ ဘီလီယံရှိကာ ဗဟိုဘဏ်၏ လက်ဝယ်တွင် ၈၇ ရာခိုင်နှုန်းအထိ ရှိသည်။

ပုဂ္ဂလိကပိုင် နိုင်ငံခြားသုံး သီးသန့်ငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီ ယံရှိပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ လက် ဝယ်တွင်ရှိသည်ဟုဆိုသည်။


Credit:7DayDaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service