ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် စည်းမျဉ်းများ တင်းကျပ် - Property News in Myanmar from iMyanmarHouse.com
937 Views

ရှန်ဟိုင်းအိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် စည်းမျဉ်းများ တင်းကျပ်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် ထပ်မံတင်းကျပ်လိုက်သော
စည်းမျဉ်းများကို မြို့အစိုးရက ယမန်နေ့ညဖြစ်သည့်
နိုဝင်ဘာလ ၂၈ ရက်ညတွင် ထုတ်ပြန်ခဲ့သည်။ ယင်းစည်းမျဉ်းများသည် ယနေ့နိုဝင်ဘာ
၂၉ ရက်မှစတင်အာဏာသက်ရောက်ပြီဖြစ်သည်။

ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများသည် လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏ
တွင် အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းပေးချေရတော့မည်ဖြစ်သည်။ ယခင်သတ်မှတ်ချက်မှာ
၃၀ ရာခိုင်နှုန်းဖြစ်သည်။

ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်
အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်
ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်
မှတ်လိုက်သည်။

ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း ထို
ဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေလျှောက်ထားသူဖူးသူများအား ဒုတိယအ
ကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်မည်ဖြစ်သည်။

ယခင်ကမူ အိမ်ချေးငွေလျှောက်ထားဖူးခြင်းရှိ၊ မရှိကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရှန်
ဟိုင်း၌ အိမ်တစ်အိမ်မျှ မရှိသေး၍ အိမ်ဝယ်ရန်ကြိုးပမ်းသူမှန်သမျှအား ပထမဆုံးအကြိမ်
အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်ခဲ့သည်။

ဒုတိယအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏကိုမူ
ယင်းဝယ်ယူမည့်အိမ်သည် သာမန်အိမ်ဖြစ်ပါက အိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းနှင့်
အဆင့်မြင့်အိမ်ဖြစ်ပါက ၇၀ ရာခိုင်နှုန်းအဖြစ် နှုန်းမပြောင်းလဲဘဲ ယခင်နှင့်အတူတူပင်
သတ်မှတ်ထားဆဲဖြစ်သည်။

ထိုသို့ ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောင်းလဲလိုက်ခြင်း
သည် ဒုတိယအကြိမ်အိမ်ဝယ်ယူသူ၏ အဓိပ္ပါယ်ကိုပါ သွယ်ဝိုက်စွာ ပြောင်းလဲစေခဲ့ပြီး
အဓိကအားဖြင့် လက်ရှိအိမ်ထက် တန်ဖိုးပိုမိုကြီးမြင့်သော အိမ်တွင် ပြောင်းလဲနေထိုင်
နိုင်ရန် ကြိုးပမ်းသူများအား ထိခိုက်စေမည်ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service