ကျူးကျော်များကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် နေရာချထားပေးမည် - Property News in Myanmar from iMyanmarHouse.com
2453 Views

ကျူးကျော်များကို ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် နေရာချထားပေးမည်

ရန်ကုန်တိုင်းဒေသကြီး ကျူးကျော်များအတွက် ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်းဖြင့် နေရာချပေးမည့်စီမံချက်များ လွှတ်တော်သို့ တင်ပြမည်ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားသည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးကျော်ဇေယျက နိုဝင်ဘာ ၁၆ ရက်၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် မေးမြန်းမှုအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ယင်းသို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

''လောလောဆယ်တော့ စီမံကိန်းရေးဆွဲနေဆဲ ကာလဖြစ်ပါတယ်။ ဝန်ကြီးချုပ်ခရီးစဉ်က ပြန်လာမှ အသေးစိတ်ကို သိရှိနိုင်မှာဖြစ်ပါတယ်။
၂ဝ၁၇ ခုနှစ် မတ်လမှာတော့ လွှတ်တော်ကို တင်ပြမှာပါ''ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

''ရက် ၁ဝဝ စီမံချက်မှာ ကျူးကျော်ကိစ္စ ပါဝင်ခဲ့တယ်။ ဧပြီ ၂၄ ရက်က ကျူးကျော်စာရင်းကို ကောက်ယူခဲ့တယ်။ အစိုးရအဖွဲ့အနေနဲ့ အခက်အခဲတွေ ရှိတယ်ဆိုတာ သိပေမယ့် ပြည်သူတွေက သိချင်တဲ့အတွက် မေးမြန်း ရခြင်း ဖြစ်ပါတယ်'' ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ကျူးကျော် ခန့်မှန်းစာရင်းများအရ အရှေ့ပိုင်းခရိုင်တွင် အိမ်ထောင်စု ၄ဝ၃၄၇ စု လူဦးရေ ၁၆၉ဝဝ၄ ဦး၊ အနောက်ပိုင်း ခရိုင်တွင် အိမ်ထောင်စု ၂၄၂ဝ စု လူဦးရေ ၈၁၈၄ဦး၊ တောင်ပိုင်းခရိုင်တွင် အိမ်ထောင်စု ၂၃၈၃၁စု လူဦးရေ ၉၃၄၈၃ ဦး၊ မြောက်ပိုင်းခရိုင်တွင် အိမ်ထောင်စု ၅ဝ၃၇၇ စု လူဦးရေ ၁၇ဝ၉၇၅ ဦး စုစုပေါင်း လူဦးရေ ၄၄၁၆၄၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service